ကမ္ဘာ့လူငယ်ပွဲ တက်ရောက်ရန် ညီအမနှစ်ဉီး  လက်ကောက်ဝတ်တန်ဆာရောင်းရင်း မိသားစုလုပ်ငန်း အဖြစ် တိုးတက်လာသည်ဟုဆို

ကမ္ဘာ့လူငယ်ပွဲ တက်ရောက်ရန် ညီအမနှစ်ဉီး  လက်ကောက်ဝတ်တန်ဆာရောင်းရင်း မိသားစုလုပ်ငန်း အဖြစ် တိုးတက်လာသည်ဟုဆို

ကမ္ဘာ့လူငယ်ပွဲ တက်ရောက်ရန် ညီအမနှစ်ဉီး  လက်ကောက်ဝတ်တန်ဆာရောင်းရင်း မိသားစုလုပ်ငန်း အဖြစ် တိုးတက်လာသည်ဟုဆို

 

လူစီယာား နဲ့  မာရီယား တို့ဟာ  ညီအစ်မများဖြစ်ကြပြီး ၂၀၁၆  ခုနှစ်က ကျင်းပတဲ့  Krakow မြို့ ရှိ World Youth Day ခရီးစဉ်အတွက် သူတို့၏ဇာတိ စပိန်တွင် လက်ကောက်ဝတ်တန်ဆာများကို စတင်ရောင်းချခဲ့ကြပါတယ်။ 
ယခု ငါးနှစ်အကြာမှာတော့  ၎င်းတို့၏အမှတ်တံဆိပ်သည် ပုပ်ရဟန်းမင်းကြီးအား တွေ့ဆုံခွင့်ရခဲ့သည်သာမက ကပ်ရောဂါ ကာလအတွင်း သူတို့၏မိသားစုကို ထောက်ပံ့ရန် ဝင်ငွေများရှိခဲ့တယ်လို့ဆိုပါတယ်။ 

"ကျွန်မတို့ ဒါကို ကမ္ဘာ့လူငယ်ပွဲနေ့ အတွက် လုပ်ခဲ့ပေမယ့် ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဖို့ အခွင့်အရေးလည်း ပေးခဲ့တယ်။ နောက်တော့ ညီမနဲ့ကျွန်မတို့ နှစ်သက်ရာတစ်ခုခုကို အတူတူလုပ်ဆောင် ရင်း အချိန်တွေ အများကြီးကုန်ပြီး ညီအစ်မဆက်ဆံရေးကို ခိုင်မာစေတယ်"  လို့ လူစီယာကဆိုပါတယ်။

သူတို့ရဲ့  တိုက်နယ်မှာ လက်ကောက်ဝတ်များနဲ့ သူငယ်တော်ဖွားမြင်တဲ့အိမ်လေးတွေကို မိခင်များနေ့နှင့် ဖခင်များနေ့အတွက် လက်ဆောင်သေတ္တာများကို ရောင်းချခြင်းဖြင့် သူတိူ့၏ လုပ်ငန်းကို စတင်ခဲ့ကြောင်း၊ တဆင့်စကားတဆင့်နားကြောင့် သူတို့သူငယ်ချင်းတွေနဲ့ Instagram မှာ ပြန့်နှံ့သွားပြီး အခုဆို follower ထောင်ချီရှိနေပြီ ဖြစ်တယ် လို့ဆိုပါတယ်။ 

"ဆိုရှယ်မီဒီယာပေါ်မှာ လူတွေရဲ့ အာရုံစိုက်မှုကို ရခဲ့ပြီး လူတွေက ကျွန်မတို့အလုပ်ကို သဘောကျကြတယ်။ ဒါကြောင့် ဒီလုပ်ငန်းကို ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့တာကလည်း ဝါသနာတစ်ခုလိုပါပဲ။ အိမ်မှာ ငွေရေးကြေးရေး အခြေအနေ မကောင်းတဲ့အတွက် တစ်ဖက်မှာ ငွေရှာရင်း လေ့လာခဲ့တယ်။ ဒါ ဟာလည်း ကျွန်မ မိဘ တွေကို ကူညီ ပေးရာ ရောက်တဲ့ နည်းလမ်းလည်းဖြစ် ပါတယ် "လို့ လူစီယားကဆိုပါတယ်။

လူစီယားနဲ့ မာရီယားတို့ ဟာ  သခင်ယေဇူးဖွားမြင်တဲ့ရုပ်ပုံတွေအစား လည်ဆွဲများ၊ နားကပ်များနှင့် လက်စွပ်ဘက်ကို တဖန် အာရုံစိုက်ခဲ့ကြပြီး သူတို့ရဲ့ အမှတ်တံဆိပ်ဟာ လူသိများလာကာ  ယနေ့မှာတော့ သူတို့ဟာ  အပေါ်ထပ်ဝတ်ကုတ်အကျီများ၊ ဝတ်စကုပ်များ၊ ဂါဝန်များနဲ့အခြားအရာများစွာကိုလည်း ဒီဇိုင်းဆွဲနေကြပြီဖြစ် ကြောင်း

ကမ္ဘာ့လူငယ်များနေ့ကို တက်ရောက်ဖို့ရန် ရည်ရွယ်တာကစပြီး ရန်ပုံငွေရှာဖွေဖို့ သူတို့ရဲ့  လုပ်ငန်းကို စတင်ခဲ့ကြောင်း သို့သော်  ဒီလုပ်ငန်းက သူတို့အား စွန့်ဦးတီထွင်သူအဖြစ် ပြောင်းလဲပြီး ထင်ထားတာထက် ဖြစ်မြောက်လာတဲ့ လုပ်ငန်းဖြစ်လာခဲ့ပါတယ်လို့လည်း ဆိုပါတယ်။ 

ဘာသာပြန်-အာဗီအေမြန်မာ

Photo courtesy of Amazon

https://bit.ly/3FX1bs0

Add new comment

1 + 1 =