ကမ္ဘာ့ဖိုးဖွားများနေ့၌သက်ကြီးများသည် ကမ္ဘာ့လူငယ်များနေ့လက်၀ါးကပ်တိုင်ကိုလူငယ်များအားလက်ဆင့်ကမ်းမည်။

ကမ္ဘာ့ဖိုးဖွားများနေ့၌သက်ကြီးများသည် ကမ္ဘာ့လူငယ်များနေ့လက်၀ါးကပ်တိုင်ကိုလူငယ်များအားလက်ဆင့်ကမ်းမည်။

အဖိုးအဖွားများနှင့်သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်ရန်တိုက်တွန်းချက် သည် ရဟန်းမင်း ကြီးဖရန်စစ် ရဟန်းမင်း ကြီးအမှုတော်ကိုစတင်ထမ်းဆောင်သည်မှစ၍လုပ်ဆောင်ခဲ့သည့်အဓိကထောက်တိုင်များအနက်တစ်ခုဖြစ်သည်။

အဖိုးအဖွားများနှင့်သက်ကြီးရွယ်အိုများအားလေးစားရိုသေခြင်းသည် သူ၏ ကလေးဘ၀ကတည်းကပင်သန္ဓေတည်ခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ထိုတိုက်တွန်းချက်ကိုယခုလည်းမပြတ်တမ်းနှိုးဆော်လျှက်ရှိသည်။ (၂၀၂၁) ခုနှစ်က ရဟန်းမင်း ကြီးဖရန်စစ်သည် ‘ကမ္ဘာ့ဖိုးဖွားနှင့်သက် ကြီးရွယ်အိုများနေ့’ ကိုစတင်သတ်မှတ်ကျင်းပလာခဲ့ရာ ယခုနှစ်သည် တတိယ မြောက်နှစ်ပတ် လည်နေ့ပင်ရောက်ရှိပြီဖြစ်သည်။ ယခုနှစ် ‘ဖိုးဖွားများနှင့်သက်ကြီးရွယ်အိုများနေ့’ ကိုဇူလိုင် (၂၃) တနင်္ဂနွေနေ့၌ ကျင်းပမည်ဖြစ်သည်။

အမှန်တကယ်သတ်မှတ်ထားသော တရား ၀င်နေ့ကား ဇူလိုင် (၂၅) ရက်နေ့ဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ကမ္ဘာ့ဖိုးဖွားများနှင့်သက်ကြီးရွယ်အိုများနေ့မစ္ဆားကို
စိန့်ပီတာဘာစီးလီကာဘုရားကျောင်းကြီး၌ နံနက် (၁၀) နာရီတွင်ဦးဆောင်ပူဇော်မည်ဖြစ်သည်။ အဆိုပါမစ္ဆားတရားပူဇော်ခြင်း၌ ကမ္ဘာတစ်၀ှမ်းမှဖိုးဖွားများ၊ သက်ကြီးရွယ်အိုပေါင်း (၆၀၀၀) ကျော်ပါ၀င်ပူဇော်ကြမည်ဟုမှန်းထားသည်။

မစ္ဆားပူဇော်ခြင်းအပြီး၌ ကမ္ဘာ့တိုက်ကြီး (၅) ခုအားကိုယ်စားပြုသော သက်ကြီးရွယ်အို (၅) ဦးမှကမ္ဘာ့လူငယ်များနေ့၀တ်ပြုဆုတောင်းခြင်းဘုရားဖူးအစီအစဉ်၌ပါ၀င်ကြမည့် ကမ္ဘာ့တိုက်ကြီး (၅) တိုက်ကိုကိုယ် စားပြုသော လူငယ် (၅) ဦးအားလက်၀ါးကပ်တိုင်ကိုလက်ဆင့်ကမ်းပေးကြမည့်အစီအစဉ်ရှိသည်။ ဤသို့ပြု လုပ်ရခြင်း ၏ရည်ရွယ်ချက်မှာ ရာစုအဆက်ဆက်မှသက်ကြီးမျိုးဆက်တို့မှသက်ငယ်မျိုးဆက်များထံသို့ယုံ ကြည်ခြင်းလက်ဆင့်ကမ်းပေးခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ရန်ကိုလည်း ရဟန်းမင်းကြီးသည်ယခင်သူ၏ဩ ၀ါဒများ၌ထည့်သွင်းမိန့်ကြားခဲ့ပြီးဖြစ် သည်။

ရဟန်းမင်းကြီးဖရန်စစ်မှအဖိုးအဖွား၊ သက်ကြီးရွယ်အိုများအား အချိန်ပေးကြရန်နှိုးဆော်ချက်ကို ကမ္ဘာတစ်၀ှမ်းမှပြည်သူများကလိုက်နာလုပ်ဆောင်ကြမည်ဖြစ်သည်။ ဥပမာအားဖြင့် ကနေဒါနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ လူငယ်မျိုးဆက်များက သက်ကြီးရွယ်အိုများအား စောင့်ရှောက်သည့်ဂေဟာများရှိ မိမိတို့၏အဖိုးအဖွားများနှင့်သက်ကြီးများထံသွားရောက်လည်ပတ်ကြည့်ရူကြရန်ဗွီဒီယိုဖိုင်လ်ဖြင့်တိုက်တွန်းနှိုးဆော်ထားပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/479BR0S

Add new comment

6 + 4 =