ကမ္ဘာ့ဖိုးဖွားများနေ့အားဂုဏ်ပြုသောအားဖြင့် ဗာတီကန်မှအပြစ်ဒဏ်ခွင့်လွှတ်ခြင်းအခွင့်ကြေညာ

ကမ္ဘာ့ဖိုးဖွားများနေ့အားဂုဏ်ပြုသောအားဖြင့် ဗာတီကန်မှအပြစ်ဒဏ်ခွင့်လွှတ်ခြင်းအခွင့်ကြေညာ

ဗာတီကန်၏ ဘာသာတူများ၊ မိသားစု၊ လူ့အသက်နှင့်ဆိုင်သောရုံးတော်ဆိုင်ရာတာ၀န်ခံကာဒီနယ် Kevin Joseph Farrell က ကက်သလစ်ဘာသာတူများ၏၀ိညာဉ်ရေးအကျိုးကိုမျှော်ကိုး၍ လာမည့်တတိယ အကြိမ် ကမ္ဘာ့သက်အဖိုးအဖွားများနှင့်ကြီးရွယ်အိုများနေ့အား ပြင်ဆင်ပါ၀င်ကြသူများအား အပြစ်ဒဏ်ခွင့်လွှတ်ခြင်းကောင်းချီးပေးသနားရန်တောင်းခံပေးခဲ့သည်။

ကမ္ဘာ့အဖိုးအဖွားများနှင့်သက်ကြီးများနေ့ကို ဇူ လိုင် (၂၃၊ ၂၀၂၃) ရက်နေ့ကျင်းပမည်ဖြစ်သည်။ ယခုနှစ်အတွက်ပွဲကျင်းပရခြင်း၏ဆောင်ပုဒ်မှာ ‘His mercy is from age to age’ (သူ၏သနားခြင်းကရုဏာသည် ကာလအဆက်ဆက်တည်ရှိသည်) ဟုဖြစ်သည်။ ဤ ဆောင်ပုဒ်ကို သံလုကာ (၁း၅၀) မှကောက်နုတ်ထားခြင်းဖြစ်သည်။

အပြစ်ဒဏ်ခွင့်လွှတ်ခြင်းရရှိနိုင်ရန်ပြင်ဆင်ရမည့်အခြေအနေ

အပြစ်ဒဏ်ခွင့်လွှတ်ခြင်းဆိုင်ရာရုံးတော်မှပြုစုပြီး ရဟန်းမင်းကြီးဖရန်စစ်မှအတည်ပြုပေးလိုက်သော အပြစ်ဒဏ်ခွင့်လွှတ်ခြင်းဆိုင်ရာရုံးတော်မှကြေညာချက်မှာ ဇူလိုင် (၂၃၊ ၂၀၂၃) ရက်နေ့၌ကမ္ဘာ့ဖိုးဖွားနှင့်သက်ကြီးများနေ့အားဂုဏ်ပြုသောအားဖြင့်ရောမမြို့၊ စိန့်ပီတာရင်ပြင်၌ ရဟန်းမင်းကြီးဖရန်စစ်ဦးဆောင်ပူ ဇော်သောမစ္ဆားတရား၌ပါ၀င်ပူဇော်ခြင်း၊ ကမ္ဘာတစ်လွှားမိမိတို့၏နိုင်ငံ၊ သာသနာ၊ မြို့၊ ရွာများ၌တင်လှူပူ ဇော်သောမစ္ဆားတရားများ၌ပါ၀င်ပူဇော်သူများသည် အပြစ်ဒဏ်ခွင့်လွှတ်ခြင်းကောင်းချီးကိုခံစားရမည်ဖြစ်သည်။

အပြစ်ဒဏ်ခွင့်လွှတ်ခြင်းခံစားရရန်ပြင်ဆင်ခြင်း

ထိုသို့ဆိုရာ၌ မစ္ဆားတရားပူဇော်ခြင်း၌ပါ၀င်ရုံမျှကိုဆိုလိုသည်မဟုတ်။ အပြစ်ဒဏ်ခွင့်လွှတ်ခြင်းအခွင့် အရေးထူးကိုခံစားရရန် ခါတိုင်းပြင်ဆင်သကဲ့သို့ပြင်ဆင်ရမည်ဖြစ်သည်။ ထိုပြင်ဆင်မှုများမှာ (၁) အာပတ် ဖြေခြင်စက္ကရာမင်တူးကိုပြင်ဆင်ခံယူခြင်း၊ (၂) မစ္ဆားတရားပါ၀င်ပူဇော်၍ ကိုယ်တော်မြတ်ကိုပင့်ယူခြင်း၊ (၃) ရဟန်းမင်းကြီး၏ရည်ရွယ်ချက်အတွက် ကောင်းကင်ဘုံမေတ္တာ၊ ဂုဏ်ကျေးဇူးတော်မေတ္တာ၊ ခမည်းတော်သားတော်မေတ္တာ တစ်ကြိမ်ဆီရွတ်ဆိုပူဇော်ရမည်ဖြစ်သည်။

အပြစ်ဒဏ်ခွင့်လွှတ်ခြင်းကောင်းချီးကိုခံယူခြင်းဖြင့်အောက်ပါအပြစ်ဒဏ်များခွင့်လွှတ်ခံရမည်။

အပြစ်နှင့်စပ်လျင်း၍ အပြစ်နှင့်အပြစ်ဒဏ်ဟူရှိရာ ယခုကောင်းချီးကိုခံယူခြင်းဖြင့်အပြစ်ဖြေလျှောက်ပြီး၍ အပြစ်ခွင့်လွှတ်ခြင်းကိုခံယူရရှိပြီးနောက် အပြစ်များအတွက်ခံထမ်းရန်ရှိသောအပြစ်ဒဏ်ကို ခွင့်လွှတ်ပေးခြင်းဖြစ်သည်။ မိမိတို့ပြုမိသောအပြစ်တိုင်းအတွက်အပြစ်ဒဏ်ရှိပါသည်။ ထိုအပြစ်ဒဏ်ကိုလောက၌ အရှင်စဉ်ကြေအေးအောင်မခံထမ်းပါက ကွယ်လွန်ပြီးနောက် ငရဲငယ်၌ဆက်လက်ဆပ်ဖြေရမည်ဖြစ်သည်။ ယခုဤအပြစ်ဒဏ်ခွင့်လွှတ်ခြင်းကောင်းကြီးထူးကိုပြင်ဆင်ခံယူခြင်းဖြင့် မိမိတို့အကောင်းဆုံးပြင်ဆင်ခံယူ သည့်အတိုင်း လုံး၀အပြစ်ဒဏ်ခွင့်လွှတ်ခြင်းကိုခံစားရမည်။ တစ်နည်းဆိုသော် ဆေးကြောခြင်းမင်္ဂလာခံယူ ချိန်၌ခံစားရသော ဖြောင့်မတ်ခြင်းကောင်းချီးတော်အခြေအနေသို့ပြန်လည်ရောက်ရှိသွားသည်။

၄င်းအပြင် ထိုနေ့၌ မိမိတို့၏ဖိုးဖွားများ၊ သက်ကြီးရွယ်အိုများထံသို့သွားရောက်လည်ပတ်ခြင်း၊ ကူညီပေးခြင်း၊ အခက်အခဲကြုံနေရသူများ၊ မကျန်းမမာဖြစ်နေသူများ၊ စွန့်ပစ်ခံများ၊ မသန်စွမ်းသက်ကြီးရွယ်အိုများအား နည်းလမ်းအသွယ်သွယ်ဖြင့်ကူညီစောင့်ရှောက်ပေးသူတို့အားလည်းဤအခွင့်အရေးထူးကိုခံစားခွင့်ပြုထားသည်။

အခြေအနေအမျိုးမျိုးကြောင့် ထိုနေ့၏မစ္ဆားတရားပူဇော်ခြင်း၌မပါ၀င်နိုင်သောသူများအား စိတ်အား ဖြင့်ဆုတောင်းခြင်း၌ပါ၀င်ခြင်း၊ မိမိတို့ခံစားနေရသော‌ေ၀ဒနာများကိုအကောင်းဆုံးပြင်ဆင်ပူဇော်ခြင်း၊ ထိုနေ့၌ပူဇော်သောမစ္ဆားတရားတော်အားတိုက်ရိုက်ထုတ်လွှင့်ခြင်းအား အင်တာနက်မှမစ္ဆားတရားပူဇော်ခြင်းအားဖြင့်လည်း အဆိုပါကောင်းချီးထူးကိုခံစားရရှိနိုင်ပါသည်။ မည်သို့ပင်ဆိုစေ ဤအပြစ်ခွင့်လွှတ်ခြင်းကောင်းချီးကိုခံစားရရန်မှာ မည်သို့ပင်ဖြစ်စေ အထက်ကညွှန်းဆိုခဲ့သော အခြေအနေ (၃) ခုကိုဖြည့်ဆည်းပြီး အပြစ်အကြေးအညှော်မှကင်းရှင်းရမည်ဖြစ်သည်။

ဉာဏ်ပညာနှင့်အတွေ့အကြုံတို့၏ဇစ်မြစ်ဖြစ်သည်။

ရုံးတော်၏ကြေညာချက်၌ အပြစ်ဒဏ်ခွင့်လွှတ်ပိုင်ခွင့်အာဏာကိုပေးအပ်ခြင်းခံထားရသောရဟန်း တော်များအနေဖြင့် အပြစ်ဖြေဆိုရန်ဆန္ဒပြင်းပြစွာချဉ်းကပ်လာသည့်ဘာသာတူများအတွက် အခက်အခဲမရှိ သက်တောင့်သက်သာစွာအပြစ်ဖြေဆိုနိုင်ရန်အတွက် ၄င်းတို့သည်အမြဲအဆင့်သင့်ရက်ရောစွာကျင်းပေးရန်အထူးတောင်းခံလမ်းညွှန်ထားသည်။ ဤအခွင့်အရေးထူးကို ထို ‘တတိယအကြိမ် ကမ္ဘာ့ဖိုးဖွား၊ သက်ကြီးများနေ့’ ၌သာပေးထားခြင်းဖြစ်သည်။ ဤသို့အခွင့်အရေးထူးကိုပေးရခြင်းမှာ ဘာသာတူများ သတိ၀ိရိယဖြင့် မိမိတို့၏၀ိညာဉ်အသက်တာကိုပြင်ဆင်ခံယူရင်း နက်ရှိုင်းမှုရှိစေရန်၊ သက်ရှိရွယ်အိုများအား ပြုစုစောင့် ရှောက်တတ်စေရန်၊ ဘုရားသခင်၏သနားခွင့်လွှတ်ခြင်းကောင်းချီးကိုအလွန်ထူးခြားပြီးလက်တွေ့ကျသော နည်းလမ်းများဖြင့်ဖွေရှာခံယူတတ်ရန်ရည်ရွယ်သည်။ ဤ ‘တတိယအကြိမ်မြောက် ကမ္ဘာ့ဖိုးဖွားနှင့်သက်ကြီး ရွယ်အိုများနေ့’ ကိုကျင်းပခြင်းအားဖြင့် ဤသက်ကြီးရွယ်အိုများသည် ကမ္ဘာ့လူအသိုင်းအ၀ိုင်းအား တန်ဖိုး ဖြတ်မရသောဉာဏ်ပညာများ၊ အတွေ့အကြုံများ၊ ချစ်ခြင်းမေတ္တာများကိုလက်ဆင့်ကမ်း‌ေ၀မျှလျှက်ရှိသည်ကိုအသိရှိစေရန်ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3NGD32T

Add new comment

4 + 3 =