ကမ္ဘာ့နွမ်းပါးသူများနေ့မှာ ရောမ ဘော်လုံးအားကစားအဖွဲ့မှ အစားအသောက်များ ဝေငှ

ကမ္ဘာ့နွမ်းပါးသူများနေ့မှာ ရောမ ဘော်လုံးအားကစားအဖွဲ့မှ အစားအသောက်များ ဝေငှ

ထာဝရမြို့တော် လို့ခေါ်တဲ့ ရောမ ရဲ့ နာမည်ကျော် ဘော်လုံးအားကစား အသင်း ဖြစ်တဲ့ ရောမမြို့အခြေစိုက် AS Roma ဟာ ကမ္ဘာ့ဆင်းရဲ နွမ်းပါးသူများနေ့မှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ ကိုယ်စားအစားအသောက် အထုပ်များဝေငှပေးခဲ့ပါတယ်။

အားကစားအဖွဲ့ဝင်များစွာနဲ့ ဒါရိုက်တာဟာ ပုပ်ဖရန်စစ် ဉီးဆောင်တဲ့ ထိုနေ့က မစ္ဆားတရားကိုလည်းတက်ရောက်ခဲ့ကြပါတယ်။

အီတာလျံ အဖွဲ့အစည်းအသီးသီးက လျှုဒါန်းကြတဲ့အစားအသောက်များကို အရှင်သူမြတ်၏ ကိုယ်စား ထိုအဖွဲ့က မစ္ဆားအပြီး မစ္ဆားတက်ရောက်လာသည့် နွမ်းပါးသူများကို ဝေငှပေးခဲ့ကြတာပါ။

နောက်တခု အရှင်သူမြတ်၏ သနားကြင်နာခြင်းနဲ့ ဆင်းရဲသားများအပေါ်ပြုတဲ့ အချက်ကတော့ စိန့်ပီတာရင်ပြင်တော်ရှိ ကျောက်တိုင်လုံးကြီးများတလျှောက်မှာ အိုးအိမ်မဲ့သူများအတွက် ကိုဗစ်ပိုး အခမဲ့ စစ်ဆေးပေး ခဲ့ခြင်းဖြစ်ပြီး၊ ဒီလိုစစ်ဆေးပေးခြင်းအားဖြင့် နွမ်းပါးသူများအနေဖြင့် အခုလိုခက်ခဲတဲ့ ကပ်ဘေးကာလမှာ စိတ်သက်သာရာ ရစေဘို့ဖြစ်တယ်လို့ ဆိုပါတယ်။

Rome Reports

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of: Rome Reports/Youtube 

https://bit.ly/3faJfON

Add new comment

4 + 12 =