Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကမ္ဘာ့ဆင်းရဲသားများအတွက် အေအိုင်ဒီအက်စ် ကုသမှုများပေးရန်ပုပ်ဖရန်စစ် တောင်းဆို
ကမ္ဘာ့ဆင်းရဲသားများအတွက် အေအိုင်ဒီအက်စ် ကုသမှုများပေးရန်ပုပ်ဖရန်စစ် တောင်းဆို
ဒီဇင်ဘာလ ၁ ရက်နေ့ဟာ ကမ္ဘာ့ အေအိုင်ဒီအက်စ် နေ့ဖြစ်တာမို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ၎င်းရဲ့ အပတ်စဉ်လူထုပရိတ်သတ်နဲ့တွေ့ဆုံရာမှာ သတိပေးတရားမြွက်ကြားခဲ့ပါတယ်။
“လူမြောက်များစွာဟာ ဒီဗိုင်းရပ်စ်ပိုးကြောင့် ဒုက္ခရောက်နေကြရပြီး ကမ္ဘာ့နေရာ တချို့ကလူများစွာတို့ဟာ ဒီရောဂါအတွက် ကုသမှုတွေမရကြသေးတာ ကို သတိယသင့်တဲ့ အရေးကြီးတဲ့ နေ့တနေ့ဖြစ်ပါတယ်။ သေချာဂရုတစိုက် နဲ့ ညီမျှတဲ့ ကုသမှုတွေပေးဘို့ ပြန်လည်အသက်သွင်းဆက်ကပ်ကြဘို့ ကျွန်ုပ်မျှော်လင့်မိပါတယ်”လို့ အရှင်သူမြတ်က ဆိုပါတယ်။
ကုလသမမဂ္ဂအထုတ်ပြန်ချက်အရ၊ အေအိုင်ဒီအက်စ် ဗိုင်းရပ်စ်ပိုးစတင်ခဲ့သည် ၁၉၈၁ ခုနှစ်မှစတင်ပြီး ကူးစက်ခံရသူ ၃၂ သန်းရှိပြီဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်မှာ ၃၇.၉ သန်း ရှိကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
များသောအားဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်းကဲ့သို့သော ပြည့်တန်ဆာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတဲ့ နိုင်ငံအတော်များများမှာ ကူးစက်သူများရှိကြောင်း၊ အဲ့ဒီမှာ ကုလသမဂ္ဂ ထုတ်ပြန်ချက်အရဆိုရင် ပြည့်တန်ဆာ အလုပ်ဖြင့်အသက်မွေးသူ ၆၀ ရာခိုင်နှုန်းဟာ ရောဂါကူးစက်ခံထားသူများဖြစ်ကာ ၎င်းတို့အတွက်လည်း လွယ်ကူတဲ့ ကုသမှုမျိုး မရှိကြဘူးလို့ Rome Reports သတင်းအရသိရှိရပါတယ်။
ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Photo courtesy of IN Magazine
Add new comment