Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကမ္ဘာ့ဆက်သွယ်ရေးနေ့ ဆောင်ပုဒ်ကိုဗာတီကန်မှထုတ်ပြန်ကြေညာ
ကမ္ဘာ့ဆက်သွယ်ရေးနေ့ ဆောင်ပုဒ်ကိုဗာတီကန်မှထုတ်ပြန်ကြေညာ
ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ယခုနှစ် ကမ္ဘာ့ဆက်သွယ်ရေးနေ့၏ဆောင်ပုဒ်အဖြစ် ‘နားထောင်ပါ’ ဟူသော တိုက်တွန်းသည့် ကြိရိယာကိုရွေးချယ်ထားသည်။ ယခုတစ်ကြိမ်သည် (၅၆) ကြိမ်မြောက် ကမ္ဘာ့ဆက်သွယ်ရေးနေ့ ဖြစ်ပြီး၊ (၂၀၂၂) ခုနှစ် ၌ကျင်းပမည်ဖြစ်ကာ ဤဆောင်ပုဒ်ကို တရား၀င်ကြေညာရင်း ကမ္ဘာကြီးအားလည်း နားထောင်ကြရန်မေတ္တာရပ်ခံခဲ့သည်။
နားတောင်ပါ။
(၂၀၂၁) ခုနှစ်၏ဆောင်ပုဒ်ကို ‘သွား၍ ကြည်လော့’ ဟုရွေးချယ်အပြီး၌ (၂၀၂၂) ခုနှစ်အတွက်ကိုမူ ‘နား ထောင်ပါ’ ဟုတိုက်တွန်းထားသည်။ ကပ်ရောဂါဆိုးကြီးသည် လူတိုင်းအားထိခိုက်စေပြီး၊ နာကျင်စေခဲ့သည်။ နာကြင် မှုကြောင့်အော်ငိုသံကိုလူတိုင်းကြားရမည်။ လူတိုင်းလည်းအားပေးနှစ်သိမ့်ရမည်။ နားထောင်တတ်ခြင်းသည် အချက် အလက်အခိုင်မာကိုရရှိစေသည့် အကောင်းဆုံးနှင့်အခြေခံကျသောနည်းလမ်းဖြစ်သည်။ အမှန်တရားကိုရှာဖွေခြင်း သည် နားထောင်ခြင်းမှအစပျိုးသည်။ ထို့ကြောင့် လူမှုဆက်သွယ်ရေးနည်းလမ်းမှ သက်သေခံရမည်ဖြစ်သည်။ တွေ့ ဆုံဆွေးနွေးမှုတိုင်း၊ ရင်းနှီးခင်မင်မှုတိုင်းသည် နားထောင်းခြင်းမှအစပြုသည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်ရန်၊ လူမှုဆက်သွယ်ရေး၌အလွန်ကျွမ်းကျင်သူများဖြစ်ရန်ပင်လျင် ပြန်လည်နားထောင်တတ်ရန် အထူးသင်ကြားလေ့လာရန် လိုသည်။
ယေဇူးသခင်ကိုယ်တော်တိုင်ပင်လျင် သံလုကာဧ၀ံဂေလိကျမ်း (၈း၁၈) ၌ ကျွန်ုပ်တို့အဘယ်သို့နားထောင် သင့်သည်ကိုသတိရှိရန် နိုးဆော်ထားသည်။ အမှန်တကယ်နားထောင်ရန်မှာ ကျွန်ုပ်တို့၌ သတ္တိရှိရန်၊ လွတ်လပ်မှုရှိရန်၊ ပွင့်လင်းသောစိတ်ရှိရန်နှင့်မည်သည့် အစွဲအလန်းစိတ်မှမရှိအပ်ပေ။ လက်ရှိ၌ သာသနာတော်ကြီးတစ်ခုလုံးသည် နားထောင်ရန်ဖိတ်ခေါ်ခံနေရပါသည်။ သို့မှသာ အတူတကွ လျှောက်လှမ်းသော၊ ဖေးမကူညီသောသာသနာတော်ဖြစ်ပေမည်။ ကျွန်ုပ်တို့အားလုံးသည် ချိပ်ဆက်မှုကိုကောင်းစွာလုပ်နိုင်ရန်အတွက် နားထောင်ခြင်းကိုပြန် လည်ဖော်ထုတ်ရမည်ဖြစ်သည်ဟု အရှင်သူမြတ်က မြွက်ကြားခဲ့သည်။
ဘာသာပြန်ဆိုသူ- ဖာသာရ်ကလဲမင့်အားတယ်
Add new comment