ကမ္ဘာ့ကိုရိုနာကပ်ဘေးအတွက် ပုပ်ဖရန်စစ် လမ်းလျှောက်ဘုရားဖူးထွက်၍ဆုတောင်း

ကမ္ဘာ့ကိုရိုနာကပ်ဘေးအတွက် ပုပ်ဖရန်စစ် လမ်းလျှောက်ဘုရားဖူးထွက်၍ဆုတောင်း

ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်ဟာ ကိုရိုနာဗိုင်းရပ်စ် ဝေဒနာခံရသူများ၊ ပြုစုသူများနှင့် ဆေး၀ါးကျွမ်းကျင် ပညာရှင်များအတွက် အဆက်မပြတ်ဆုတောင်းလာခဲ့ပြီး တနင်္ဂနွေနေ့ညနေပိုင်းမှာတော့ တိတ်ဆိတ်လှတဲ့ ရောမမြို့ကြီးထဲကို ခြေလျင်ခရီးကြွလျှောက်ကာ ဘုရားဖူးထွက်ဆုတောင်းပေးခဲ့တာပါ။

အရှင်သူမြတ်ဟာ Salus Populi Romani, ရောမလူမျိုးတို့အားမှိုင်းအားမှိုင်းမတော်မူသော မယ်တော်ထံမှာ အီတလီနဲ့ ကမ္ဘာတဝှမ်း ခံစားနေရတဲ့ ရောဂါကပ်ဘေးမှ အမြန်ဆုံးကယ်တင်ပေးပါရန်ဆုတောင်းခဲ့သလို၊ စိန့်မေရီ မေဂျာဘာဆီးလီးကားကျောင်းတော်သို့လည်း သွားရောက်ဆုတောင်းကာ မယ်တော်၏ စောင်မခြင်းကို တောင်းခံခဲ့တာပါ။

၁၅၂၂ ခုနှစ် ကပ်ဘေးကြုံစဉ်က ရောမမြို့လမ်းမပေါ်မှာ စီတန်းလှည့်လည်ခဲ့တဲ့ တန်ခိုးကြီးသော ခရစ္ဆတူးကားတိုင်တော်ရှိရာ ဘာဆီလီးကား နဲ့ မိုင်၀က်ခန့် အကွာမှ ခရစ္ဆတူး ဗိမာန်ဆီသို့လည်း လမ်းလျှောက်သွားကာဆုတောင်းခဲ့ကြောင်း

အရှင်သူမြတ်နှင့်အတူ လိုက်ပါပေးခဲ့တဲ့ ရဟန်းတပါးဖြစ်တဲ့ Fr.Lops က အရှင်သူမြတ်အနေနဲ့ အခုလိုထွက်ကြွခြင်းဟာ အီတလီ အစိုးရရဲ့ထုတ်ပြန်ကန့်သတ်ချက်တွေကို ဆန့်ကျင်တဲ့သဘောမဟုတ်ကြောင်း၊ ၄င်း၏ကျန်းမာရေးအတွက် အန္တရာယ်ရှိပေမဲ့လည်း ရည်ရွယ်ချက်ကတော့ ရောမလူမျိုးတွေကို အားပေးခြင်လို့ပါလို့ ဆိုပါတယ်။

ကန့်သတ်ပိတ်ဆို့ထားတဲ့ ဒီအချိန်မှာ Fr.Lops ဟာ စိန့်မေရီမေဂျာ ဘာဆီးလီးကားမှာ အထူးတာ၀န်ပေးအပ်ခြင်းခံထားရသူဖြစ်ပြီး ၄င်းက ကျွန်ုပ်တို့အနေနဲ့ အီတလီ အစိုးရရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ဘာသာသူတွေ ဘုရားကျောင်းလာဆုတောင်းတာမျိုးကိုအားမ ပေးပေမဲ့ ဆေး၀ယ်ရင်း အစားအသောက်ထွက်၀ယ်ရင်း လမ်းကြုံလို့ ၀င်ရောက်ဆုတောင်း ခွန်အားယူတာကိုတော့ ခဃင့်ပြုထားပါတယ်လို့ ဆိုခဲ့ခြင်းကို CNA သတင်းအရ သိရှိရပါတယ်။

 

By Sr.Lucia Thandar Aung,SJA

စစ္စတာရ်လူစီယားသန္တာအောင်

 

http://bit.ly/3d4J06m

Add new comment

1 + 0 =