ကမ္ဘာ့ကပ်ရောဂါဆိုးကြီးနှင့်ပတ်သက်၍ ကာဒီနယ်အဖွဲ့ချုပ်များ၏သုံးသပ်ချက်ထွက်ပေါ်လာ

ကမ္ဘာ့ကပ်ရောဂါဆိုးကြီးနှင့်ပတ်သက်၍ ကာဒီနယ်အဖွဲ့ချုပ်များ၏သုံးသပ်ချက်ထွက်ပေါ်လာ

ကမ္ဘာ့ကပ်ရောဂါဆိုးကြီးနှင့်ပတ်သက်၍ ကာဒီနယ်အဖွဲ့ချုပ်များ၏သုံးသပ်ချက်ထွက်ပေါ်လာ

ပြီးခဲ့သော ကြာသပတေးနေ့က လူတွေ့မဟုတ် အွန်လိုင်းမှတွေ့ဆုံကျင်းပခဲ့သော အစည်းအဝေး၌ ကာဒီနယ် အဖွဲ့ချုပ်က လက်ရှိကမ္ဘာကြီးအား ခြိမ်းခြောက်နေသော ကပ်ရောဂါဆိုးကြီးကြောင့် ရိုက်ခတ်လာနိုင်သည့် စီးပွားရေးနှင့် လူမှုရေးနောက်ဆက်တွဲအခြေအနေအကြောင်းကို သုံးသပ်ဝေမျှခဲ့ကြပြီး၊ ဆွေးနွေးခဲ့ကြသည်။

အမိသာသနာတော်ကြီးအနေဖြင့် ဤရောဂါစွဲကပ်ခံစားရသောသူများအား ကျန်းမာရေးအထောက်အပံ့၊ စီးပွား ရေးပြန်လည်ထူထောင်နိုင်ရေးနှင့်အကူအညီကိုအထူးလိုအပ်နေသူများအားလည်း ကူညီပေးခဲ့ကြောင်းပြောကြားခဲ့ကြ သည်။ ထိုအစည်းအဝေးကို ရဟန်းမင်းကြီးဖရန်စစ်လည်း သူသီတင်းသုံးသော Casa Santa Marta ကျောင်းတိုက်မှ ပါ ၀င်ခဲ့သည်။ အစည်းအဝေး၌ပါ၀င်ခဲ့ကြသော ကာဒီနယ်အဖွဲ့ချုပ်များမှာ Cardinals Oscar Rodriguez Maradiaga, Reinhard Marx, Sean Patrick O’Malley, Oswald Gracias, and Fridolin Ambongo Besungo တို့ဖြစ်ကြပြီး၊ ၄င်းတို့သည် ၄င်း တို့၏နိုင်ငံမှပါ၀င်ခဲ့ခြင်းဖြစ်သည်။ ကာဒီနယ်အဖွဲ့ချုပ်အဖွဲ့၀င်များဖြစ်ကြသော Cardinals Pietro Parolin and Giuseppe Bertello Bishop Marco Mellino တို့မှာမူ မိမိတို့၏ရုံးတည်ရှိသော ဗာတီကန်မှပါ၀င်ခဲ့ကြသည်။

ဒေသအသီးသီး၌ဖြစ်ပွားနေသော အခြေအနေများကိုပြန်လည်သုံးသပ်ပြီး၊ ကာဒီနယ်များအဖွဲ့ချုပ်က လာမည့်တမန်တော်ရှေးလုပ်ငန်းစဉ်များကို ရေးဆွဲရာ၌ ‘Roman Curia’ ဟုခေါ်သောရဟန်းမင်းကြီး ၏လက်အောက်ရှိ ရုံးတော်များ ၏အမှုတော်ဖော်ဆောင်ရာတွင် အဘယ်သို့ဆောင်ရွက်သင့်ကြောင်းများကို ထည့်သွင်းစဉ်းစားနေကြသည်။

ဗာတီကန်သ တင်းပြန်ကြားရေးဌာနက ‘ကာဒီနယ်များသည် ယခုကဲ့သို့သော ကပ်ရောဂါဆိုးကြီးကြောင့် အမှုတော်များလည်ပတ်မှု နှောင့်နှေးကျန့်ကြာမှု၊ ရပ်နားထားရမှုမဖြစ်စေရေး နည်းလမ်းများကိုဆွေးနွေးခဲ့ကြပြီး၊ ထိုနည်းလမ်းများလည်း လက် တွေ့ကျကျဖော်ဆောင်နိုင်ရေး ပြန်လည်သုံးသပ်ရန်နှင့်စံထားနိုင်သောညွှန်ကြားချက်ဖြစ်ရန်လိုအပ်ကြောင်းဆွေးနွေးသွားခဲ့ကြသည်ဟုဖော်ပြထားပါသည်။ နောက်တစ်ကြိမ်ကျင်းပမည့် ကာဒီနယ်အဖွဲ့ချုပ်အစည်းအဝေးမှာ ဇွန်လ၌ဖြစ်မည်ဖြစ်ပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3hdxEBH

Add new comment

1 + 0 =