ကမ္ဘာ့ကပ်ရောဂါကြီးက လန်ဒန်မြိုရဲ့ အိုးမဲ့အိမ်မဲ့ဆင်းရဲသားများထံ ဘုရားရှင်က အမျိုးမျိုးသော ဘုရားကျောင်းများကို ယူဆောင်လာပြီ။

ကမ္ဘာ့ကပ်ရောဂါကြီးက လန်ဒန်မြိုရဲ့ အိုးမဲ့အိမ်မဲ့ဆင်းရဲသားများထံ ဘုရားရှင်က အမျိုးမျိုးသော ဘုရားကျောင်းများကို ယူဆောင်လာပြီ။

ကမ္ဘာ့ကပ်ရောဂါကြီးက လန်ဒန်မြိုရဲ့ အိုးမဲ့အိမ်မဲ့ဆင်းရဲသားများထံ ဘုရားရှင်က အမျိုးမျိုးသော ဘုရားကျောင်းများကို ယူဆောင်လာပြီ။

May 5, 2020 / နံနက် 09:00 am သတင်းပေးချက်အရ၊
England နိုင်ငံ၊ လန်ဒန်မြိုတော်ရဲ့ West End လို့ခေါ်တဲ့ စီရင်စုလေးတစ်ခုမှာ အိမ်ယာမဲ့ ကိုယ်တော်မြတ်စက္ကရမင်တူး ဖူးမြော်ခြင်း၊ ကြည်ညိုခြင်း၊ စိတ်ပုတီး စိတ်ခြင်းနှင့်အတူ ဖိုက်စတား စားသောက် ဆိုင်မှ စားသောက်ဖွယ်ရာများကိုလည်း စီစဉ်ပေးခဲ့ကြောင်း တင်ပြခဲ့ပါတယ်။

Soho မှာရှိတဲ့ St. Patrick’s ဘုရားကျောင်းရဲ့နောက်ခံသမိုင်း

ဘုရားကျောင်းလေးက ညပွဲလမ်းသဘင်နှင့် ပြည့်တန်ဆာတန်းတွေရှိတဲ့ နယ်ပယ်လို့ လူသိများကြတယ်။ Corona Virus ကမ္ဘာ့ကပ်ရောဂါကူးစက်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ မြို့တော်ကကြိုးပမ်းနေသလို အိုးမဲ့အိမ်မဲ့သူတွေကို အံ့ဩရလောက်အောင် တမန်လုပ်ငန်းများကို လုပ်ဆောင်ပေးနေပါတယ်။

ကျောင်းထိုင်ဘုန်းကြီး Fr. Alexander Sherbrooke

၎င်းနယ်လေးမှာတာဝန်ကျတဲ့ Fr. Alexander Sherbrooke ကတော့ "ကပ်ရောဂါဆိုက်ရောက်ချိန်ကာလကို တုံ့ပြန်တဲ့အနေနဲ့ သန့်ရှင်းသောဝိညာဉ်တော်က လမ်းမတွေပေါ် ဘုရားကျောင်း တည်ဆောက်တယ်လို့ ကျွန်တော်နက်နက် ရှိုင်းရှိုင်းခံစားမိတယ်။" လို့ ပြောခဲ့ပါတယ်။ Fr. Sherbrooke ဆိုတာ ၂၀၀၁ ကတည်းက မိမိဒေသကို ထားခဲ့ပြီး ဒီစီရင်စုမှာရှိတဲ့ အိုးမဲ့အိမ်မဲ့လူတွေကို ကြီးကြပ်ကွပ်ကဲသူ ဖြစ်တယ်။ သူရောက်ပြီးတော့မှ St. Patrick’s ကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ပေါင် £4 သန်းကို ဘုရားကျောင်းအောက်က မြေအောက်ခန်း တူးဖော်ဖို့နှင့် စီရင်စု ဗဟိုရုံး တည်ဖို့ သုံးခဲ့ပါတယ်။ ခုချိန်မှာတော့ ၎င်းမြေအောက်ခန်းမှာ ဆင်းရဲသားတွေအတွက် နေ့တိုင်း ချက်ပြုတ်ပေးနေပါတယ်။

မြို့ ကြီးက မတ်လလယ်မှာ ပိတ်ဖို့စတင်လာခဲ့တဲ့အချိန် Westminister မြို့တော် ကောင်စီက Fr. Sherbrook ကိုတွေ့ဆုံခြင်း 
မြို့ ကြီးက မတ်လလယ် ပိတ်ဖို့စတင်သတင်းပေးလာခဲ့တဲ့အချိန် Westminister မြို့တော် ကောင်စီက Fr. Sherbrook ကိုတွေ့ဆုံပြီးကောင်စီ St. Patrick’s စီရင်စုအား လမ်းပေါ်ရောက်လူများအတွက် နေရာအိမ်စီစဉ်ပေးရန် ကြိုးစားနေစဉ်မှာပင် အိုးမဲ့အိမ်မဲ့ ဆင်းရဲသားများအား စားနပ်ရိက္ခာထောက်ပံ့ခြင်းကိုတိုးမြှင့်ပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။

သာသနာလုပ်ငန်းနှင့်ပတ်သက်၍ Fr. Sherbrooke ၏ဖွင့်ဆိုချက်

ဒီစီရင်စုက ၁၇၉၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ယခင်ကပင် ၎င်း၏ဗဟိုရုံး၌ဆင်းရဲသားများ နေအိမ်မဲ့သူများကျွေးမွေးခဲ့ကြပါတယ်။ ရောဂါကြောင့် တစ်နိုင်ငံလုံးက ကက်သလစ်ဘုရားကျောင်းများ ပိတ်ပြီးတဲ့နောက်၊ St. Patrick’s က ကြံရာကျပန်း ဖန်တီးဖို့ ဖိအားရလာခဲ့ပါတယ်။ တနင်္ဂနွေမှ တနင်္လာနေ့ထိတောက်လျှောက် နှစ်ရက်တစ်ခါ အိုးမဲ့အိမ်မဲ့ဆင်းရဲသားများအား တံခါးဝမှာ စားသောက်ဖွယ်ရာများ ပေးခြင်းကို စတင်ခဲ့ပါတယ်။ ထမင်း (၃၂၀)နပ်ကျွေးရတဲ့နေ့ကပိုများပါတယ်။ ပျမ်းမျှအနေနဲ့ဆိုရင် တစ်ရက်မှာ အယောက်၂၂၀ ရှိပြီး၊ တစ်ချို့တွေက မနက်စာရော ညစာပါလာစားကြပါတယ်။

အလှူရှင်များနှင့် Fr. Sherbrooke

ပူပူနွေးနွေးထမင်းတွေကိုတော့ Connaught Hotel၊ London’s မှ Mayfair ဒေသရှိ ကြွယ်ဝချမ်းသာသော five-star စားသောက်ဆိုင်နှင့် Jermyn လမ်း ရှိ Wiltons စားသောက်ဆိုင်တို့က ထောက်ပံ့ပေးတယ်။ Manger ဌာနခွဲ The Pret ကလဲ sandwiches. တွေလှူပေးပါတယ်။ခေတ်မှီဆန်းပြားလွန်းတဲ့ လုပ်ငန်းတစ်ခုအတွက် ကျွန်တော်တို့က လုံးလုံးလျားလျား ဝီရိယရှိရှိ ကြိုးစားကြရင်း လူတွေနဲ့ ဘယ်လောက်အကွာအဝေးမှာနေရမယ်၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ရောဂါကင်းတဲ့အစားအစာ၊ အစသဖြင့်ပေါ့..စည်းမျဉ်းစည်းကမ်းတွေကို စောင့်ထိန်း လိုက်နာပါတယ်။စေတနာ့ဝန်ဖမ်းတွေကလဲများပါတယ်။ ရေမိုးချိုးဖို့နှင့် အိမ်သာနှင့်ဆက်စပ်သောအထောက့်အပံ့ပစ္စည်း တွေလဲပေးထားပါတယ်။ ဒီဆင်းရဲသားတွေက ဒေသခံ လုပ်ငန်းရှင်တွေ၊ စားသောက်ဆိုင်နှင့် ရုပ်ရှင်ရုံတွေအပေါ် မှီခိုနေကြရသူတွေပါ။ ခုချိန်မှာအဲလိုတွေမရှိတော့ဘူး။ ဒီနေရာလေးက အံ့ဩရလောက်အောင် ဘာဆိုဘာမှမရှိတော့ဘူး၊ အထူးသဖြင့် ညချိန်ခါတွေမှာဆို တော်တော်ခြောက်ခြားစေပါတယ်။

သိုးထိန်းနဲ့ သိုးစု 

”The West End မှာ ပုံမှန်ဝင်ငွေ မရှိကြဘူး၊ ပြီးတော့ အရက်နှင့်မူးယစ်ဆေးတွေ မှီဝဲကြတဲ့သူတွေအများကြီးရှိပါတယ်။ ဒါ့ကြောင့်မို့လည်း မတည်ငြိမ်မှုလေးတွေ ဖြစ်ပေါ်စေတာပေါ့။ ရဲတွေကလဲရှိကြပါတယ်။ ဒါပေမဲ့ West End လူတွေက တော်တော်ဖော်ရွေမှုမရှိကြတဲ့ကြားထဲ တချိန်တည်းမှာပင် ခြိမ်းခြောက်တတ်ကြသေးတယ်။ သူတို့က တော်တော်ကို ယဉ်ကျေးမှုလဲမရှိကြတဲ့သူတွေပါ။ ကျွန်တော်ဒီမှာတာဝန်ကျတာ ၁၇ နှစ်ရှိပါပြီ။ ကျွန်တော့်အချိန်တော်တော်များများက လိုအပ်နေသူတွေအတွက် သိုးထိန်းတစ်ယောက်ရဲ့ စောင့်ရှောက်မှုကိုပေးရင် ကုန်ဆုံးတာများပါတယ်။ ဒါပေမဲ့ ဒီလို အချိန်၊ ဒီနေရာမှာ ရှိဖို့ ဘယ်အရာကမှ ကျွန်တော့်ကို မပြင်ဆင်ခဲ့ပါဘူး။

Fr.Sherbrooke နှင့်စေတနာ့ဝန်ထမ်းများ..

St. Patrick’s မှာရှိတဲ့ စေတနာ့ဝန်ထမ်းတွေက စိတ်ပိုင်းဆိုင်ရာ သော်လည်းကောင်း၊ ကာယပိုင်းဆိုင်ရာ ချို့တဲ့နေသူများကို သက်သာရာရစေဖို့အတွက် သန္နိဋ္ဌာန်ချကြပါတယ်။စားစရာတွေဖြန့်တဲ့အချိန် အနီးက ဝတ်ပြုကိုးကွယ်ခြင်းလုပ်တဲ့ တဲတော်လေးထဲမှာ ကိုယ်တော်မြတ်စက္ကရမင်တူးရှေ့မှောက်မှာ ကန့်သတ်ထားတဲ့အကွာအဝေးကို ကြပ်မတ်ရင်း ဆုတောင်းကြတယ်။ Fr. Sherbrooke ကတော့ စက္ကရမင်းတူးမင်္ဂလာခံယူချင်တဲ့ ဧည့်သည်တော်များနှင့်တွေ့ဆုံနိုင်ဖို့ ပိတ်ဖြူရဲ့အနောက်ဘက်မှာ ထိုင်စောင့်နေရင်းပေါ့။ သမ္မာကျမ်းစာကို နှလုံးသွင်းထောက်ရှု ၍ ဆုတောင်းနိုင်ရန်တဲတော်လေးတစ်ဆောင်ရှိပါတယ်။ ကျွေးမွေးခြင်းအစီစဉ်က ဒေသခံ အာဏာရှိပုဂ္ဂိုလ်တွေရဲ့ တောင်းဆိုချက်ကို ပြန်ကြားတာနဲ့ ပိုတိုးတက်လာပါတယ်။ ကျွန်တော်တို့မှာ လူတွေကို ပျော်ပျော်ရွှင်ရွှင်၊ ကောင်းကောင်းမွန်မွန်ကျွေးရတဲ့ဓလေ့က ကြာပါပြီ။ ဒါပေမဲ့ တော်တော်ထူးဆန်းတဲ့ နည်းလမ်း တစ်ခုလိုလို အရပ်လေးမျက်နှာရဲ့နောက်ကွယ်က ဖြစ်ရပ်မှန်တွေဟာ ဘုရားကျောင်းတွေ လမ်းမပေါ်မှာ အခုရှိနေပြီလေ။

Fr. Sherbrooke နှင့် ဝိညာဉ်အစာ သုံးဆောင်ခြင်း

Sherbrooke က St Damien of Molokai နှင့် Mother Teresa တို့ လှုံဆော်တဲ့စကားကို ကိုးကားပြီး "ဒီနေရာက သန့်ရှင်းသောဝိညာဉ်တော်က လမ်းမတွေပေါ် ဘုရားကျောင်း တည်ဆောက်တယ်လို့ ကျွန်တော်နက်နက် ရှိုင်းရှိုင်းခံစားမိတယ်။ ဒီနေရာက ဝိညာဉ်ခွန်အားပေးတယ်၊ သိုးထိန်းရဲ့စောင့်ရှောက်မှု၊ ကိုပေးတယ်။ ကိုယ်တော်မြတ်ဖူးမြှော်ခြင်းလဲရှိတယ်-တခြားစကားနဲ့ပြောရရင် မစ္ဆားတရားတော်မြတ် ကြာရှည်ခြင်း၊ အာပတ်ဖြေခြင်း၊ စိတ်ပုတီးစိတ်ခြင်း..စသဖြင့် ရှိကြပါတယ်လို့ တင်ပြပါတယ်။

ကျွန်တော်တို့က လူတွေကို ပြုစုစောင့်ရှောက်ပါတယ်၊သူတို့ဆီသွားပြီးစိတ်ပုတီးပေးဝေတယ်၊ ဧဝံဂေလိတရားတော် ဝေမျှပေးတယ်၊ ဒါကြောင့်မို့ စစ်မှန်တဲ့ သာသာပြုခြင်း အလုပ်တစ်ခုကိုတွေ့ရပါတယ်၊၊ စေတနာ့ဝန်ထမ်းတွေကလဲ အပတ်တိုင်း ကျမ်းစာထောက်ရှုချက်နှင့် ဆုတောင်းရန်နည်းလမ်းတွေ ရေးသားထားတဲ့ စာစောင်တွေကို ဝေငှပေးပါတယ်။ ဒါကြောင့်မို့ ဆင်းရဲသားများအတွက် ဘုရားစာသင်ပေးခြင်း ပုံစံအနေအထား ရှိနေပါတယ်။ ဒီကြောက်မက်ဖွယ် ရောဂါဖြစ်ဖွားနေချိန်မှာ ဘုရားကတော့ ပိုရိုးရှင်းပေမဲ့လဲ ပိုပြီး ဧဝံဂေလိသတင်းကောင်းကို သက်သေခံတဲ့ အမျိုးမျိုးသော ဘုရားကျောင်းလေးတွေ တည်ဆောက်နေတယ်ဆိုတာ တကယ်ကို သိမြင်နိုင်ပါတယ်။
စေတနာ့ဝန်ထမ်းတွေကတော့ ဒီအန္တာရယ်ရှိနေပေမဲ့လဲ ဘုရားရဲ့ သာမာန်ထက်ကျော်လွန်တဲ့ ကာကွယ်စောင့်ရှောက်မှုကို ခိုင်မာစွာခံစားရကြတာကို ဂရုပြုမိကြောင်းပြောပြပါတယ်။

Fr. Sherbrooke ရဲ့ဆုတောင်း 

ကိုယ်တိုင်ဝန်ခံပြီးပြောဆိုရရင်တော့ ဒီလိုကပ်ဆိုးဆိုက်နေချိန် ဘာလို့ ရောဂါမရသလဲဆိုရင် သူနေ့တိုင်းဆုတောင်းတယ်။ လို့ဆိုပါတယ်။
ဘယ်လိုတောင်း သလဲ

"အို သခင်ယေဇူး၏မြင့်မြတ်သောအသွေးတော် ကျွန်ုပ်နှလုံးသားထဲ၊ ကျွန်တော်သွေးကြောထဲ၊ ကျွန်တော်အဆုပ်ထဲ မှာ ကြွလာတော်မူပါ။ ဤအလုပ်ကို လုပ်နိုင်ရန် ကျွန်ုပ်အား ရောဂါမှ ကာကွယ်တော်မူပါ။ "

Fr. Sherbrooke က ဘုရားက ဒီစီရင်စုလေးကို ဒီခက်ခဲတဲ့ကာလမှာ ဒီလိုအလုပ်ကို လုပ်ဖို့အတွက် ဖန်တီးပေးထားသလို ဖြစ်ပုံပေါ်ပါတယ်။ လို့ပြောခဲ့ပါတယ်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA
Photo credit: St. Patrick’s, Soho

https://bit.ly/35C3akZ

Add new comment

1 + 2 =