ကမ္ဘာ့ကပ်ဘေးအချိန်၌တူရင်းမြို့မှ သခင်ယေဇူး၏တန်ခိုးကြီး၀တ်လုံတော်ကို သန့်ရှင်းသော စနေနေ့ကြီး၌ တိုက်ရိုက် Live လွှင့်ပေးမည့်သတင်း

ကမ္ဘာ့ကပ်ဘေးအချိန်၌တူရင်းမြို့မှ သခင်ယေဇူး၏တန်ခိုးကြီး၀တ်လုံတော်ကို သန့်ရှင်းသော စနေနေ့ကြီး၌ တိုက်ရိုက် Live လွှင့်ပေးမည့်သတင်း

ကမ္ဘာ့ကပ်ဘေးအချိန်၌တူရင်းမြို့မှ သခင်ယေဇူး၏တန်ခိုးကြီး၀တ်လုံတော်ကို သန့်ရှင်းသော စနေနေ့ကြီး၌ တိုက်ရိုက် Live လွှင့်ပေးမည့်သတင်း

အခုလို ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုန်းကန်နေရချိန်တွင် တူရင်းမြို့မှ သခင်ယေဇူး၏ ၀တ်လုံတော်ကို ကမ္ဘာတဝှမ်းမှ ဘာသာဝင်များကူကြည်ညိုဖူးမျှော်နိုင်ရန်အတွက် သန့်ရှင်းသော စနေနေ့ကြီးတွင် တူရင်းမြို့မှ ကမ္ဘာသို့ တိုက်ရိုက် Live လွှင့်ပေးသွားမည်ဖြစ်၍ဘာသာ၀င်များ ဖူးမျှော်ဆုတောင်းနိုင်ကြမည်ဖြစ်ပါသည်။

ရာစုနှစ်ပေါင်းများစွာ သဒ္ဒါကြည်ညိုခြင်းပြုလာကြတဲ့ ၀တ်လုံတော်ကို ဧပြီလ ၁၁ ရက်၊ သန့်ရှင်းသောစနေနေ့ကြီး တွင် တိုက်ရိုက် Live ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။ ဒီလိုအပူဇော်ခံ ထုတ်ပြခြင်းအားဖြင့်ကမ္ဘာ့ကပ်ဘေးကြောင့် ဒုက္ခအလည် နစ်မွန်းနေသူများအတွက် ခွန်အားဖြစ်စေမည့်အကြောင်း

အချိန်နဲ့တပြေးညီ ထုတ်လွှင့်ပေးတဲ့ တီဗွီ နဲ့ လူမှုကွန်ယက် မီဒီယာများကိုလည်းအထူးကျေးဇူးတင်ပါကြောင်း၊ ဒီလိုပုံတော်ပါတဲ့ သန့်ရှင်းသော ၀တ်လုံတော်အား ကမ္ဘာတဝှမ်းလုံးမှ ကြည်ရှုနိုင်မည်ဖြစ်ကာဘာသာ၀င်များမနေနဲ့ သခင်ခရစ်တော်ရဲ့ ဒုက္ခခံခြင်း၊ သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းကို ထောက်ရှူရန် နှလုံးသားကိုဖွင့်ပေးမည်ဖြစ်သည် အထက်ပါ၀တ်ပြုခြင်း အစီအစဉ်ကို ဉီးဆောင်မည့် တူရင်းမြို့ကာသီဒြယ်မှ ဂိုဏ်းချုပ်ဆရာတော်ကြီး Archbishop Cesare Nosiglia ကဆိုပါတယ်။

နှစ် ၂၀၀၀ တွင် သန့်ရှင်သော ၀တ်လုံတော်ကို တကြိမ်ထုတ်ပြခဲ့ကြောင်းနှင့် ၂၀၁၅ လုနှစ်တွင်လည်း ပုပ်ဖရန်စစ် တူရင်းသို့ အလည်အပတ်ကြွရောက်စဉ် က တကြိမ်နောက်ဆုံး ထုတ်ပြခဲ့ပြီး ယခုအက​ြိမ်နှင့်ဆိုလျှင် ၅ ကြိမ်ရှိပြီဖြစ်​သည်ဆိုခြင်းကို CNA သတင်းအရ သိရှိရပါတယ်။

 

By Sr.Lucia Thandar Aung,SJA

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

 

Photo Credit: Bohumil Petrik/CNA.

 

https://bit.ly/3bXTS4C

 

Add new comment

3 + 13 =