Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကမ္ဘာလှည့်ခရီးသွားများ ဗာတီကန်ရှိ စိန့်ပီတာ ဘာဆီးလီးကားသို့ ၀င်ရောက်ခွင့် ပိတ်ထား
ကမ္ဘာလှည့်ခရီးသွားများ ဗာတီကန်ရှိ စိန့်ပီတာ ဘာဆီးလီးကားသို့ ၀င်ရောက်ခွင့် ပိတ်ထား
ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့ပွားခြင်းမှ ကာကွယ်ရန်အတွက် စိန့်ပီတာ ဘာဆီးလီးကား နှင့် အများပြည်သူအတွက် ဝန်ဆောင်မှုလုပ်ငန်းများအားလုံးကို ရပ်ဆိုင်းကာ ပိတ်ထားလိုက်ပြီဖြစ်ကြောင်းကို ဗာတီကန်မှ တင်းတင်းကြပ်ကြပ် ကြေငြာလိုက်ပြီဖြစ်ပါတယ်။
စိန့်ပီတာရင်ပြင်တော်နှင့် ဘာဆီးလီးကားနှစ်ခု စလုံးဟာ ဧပြီလ ၃ ရက်နေ့အထိ ခရီးသွားများ ဝင်ရောက်ခြင်းမရှိစေရပဲ ပိတ်ထားမယ်ဆိုတာကိုဗာတီကန်သတင်းတိုက်က မတ်လ ၁၀ ရက် အင်္ဂါနေ့ကကြေ ငြာခဲ့ပါတယ်။
ဗာတီကန်ဝန်ထမ်းများအနေနဲ့ ဗာတီကန် ဆေးဆိုင်နဲ့ စူပါမားကက် ကိုတော့ အသုံးပြုနိုင်မှာဖြစ်ပေမဲ့ အတွင်းမှာလူထူမှုမ ဖြစ်စေဘို့ကိုတော့ အ၀င်မှာသေချာစစ်ဆေးသွားမယ်လို့ဆိုပါတယ်။
အာဗီအေမြန်မာဗာတီကန်သတင်း
#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်
Photo Courtesy: ANSA
Add new comment