ကမ္ဘာလုံးဆိုင်ရာ မားဂျစ်(စ်) လူငယ်တွေ့ဆုံပွဲနှင့် (၃၇)ကြိမ်မြောက် ကမ္ဘာ့လူငယ်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမှ လူငယ်နှစ်ဦး၏ အတွေ့အကြုံများအားဝေမျှခြင်း

ကမ္ဘာလုံးဆိုင်ရာ မားဂျစ်(စ်) လူငယ်တွေ့ဆုံပွဲနှင့် (၃၇)ကြိမ်မြောက် ကမ္ဘာ့လူငယ်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမှ လူငယ်နှစ်ဦး၏ အတွေ့အကြုံများအားဝေမျှခြင်း

ကမ္ဘာလုံးဆိုင်ရာ မားဂျစ်(စ်) လူငယ်တွေ့ဆုံပွဲနှင့် (၃၇)ကြိမ်မြောက် ကမ္ဘာ့လူငယ်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမှ လူငယ်နှစ်ဦး၏ အတွေ့အကြုံများအားဝေမျှခြင်း

ကမ္ဘာ့နိုင်ငံအသီးသီးမှ ( Magis 2023 ) မားဂျစ်(စ်) လူငယ်များတွေ့ဆုံပွဲ ကိုJuly (22-31) ရက်နေ့ထိပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ထိုတွေ့ဆုံပွဲသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ မားဂျစ်လူငယ်ပေါင်း(၂၀၀၀)ကျော်တက်ရောက်ခဲ့သည်။ မားဂျစ်(စ်)၏ အဓိက မန်တိုင်ကြီးများဖြစ်သည့် Spirituality (ဝိညာဥ်ရေး), Companionship (တစ်ဦးနဲ့တစ်ဦး ဘုရားကို ဗဟိုပြုကာ မိတ်ဖွဲ့ရင်းနှီးခြင်း) Immersion (လက်တွေ့ကျင့်ကြံ လုပ်ဆောင်ခြင်း) စသည့်အရာများကို အဓိကထားလုပ်ဆောင်ခဲ့ကြသည်။ ထိုကမ္ဘာ့လူငယ်များတွေ့ဆုံပွဲ တွင် မြန်မာနိုင်ငံမှ မားဂျစ်(စ်) လူငယ်ကိုယ်စား လှယ်သုံးဦးလည်း ပါဝင် တက်ရောက်ခဲ့သည်။

ထိုပွဲတွင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ တောင်ကြီးမားဂျစ်(စ်)မြန်မာမှ မဟယ်လင်က Magis2023တွင် ပါဝင်တက် ရောက်ခြင်းဖြင့်အကျိုးကျေးဇူးများရရှိခဲ့ပုံကိုပြောပြရာမှာ

“Magis 2023 ကိုတက်ရောက်တာ အကျိုးကျေးဇူးတွေ အများကြီးရခဲ့ပါတယ်။ Magis မှာ မန်တိုင် ၃ ခုရှိတယ်။ အခု Lisbon မှာ ပြုလုပ်တဲ့ Magis 2023 မှာလည်း ဒီမန်တိုင်ကို ပိုပြီး လုပ်ဆောင်ခဲ့ကြတယ်။ Helen ကတော့ Faith and Spirituality အပိုင်းကို ယူထားတော့ ဝိညာဥ်ရေးပိုင်းမှာ ကိုယ့်အားနည်းချက်တွေကိုမြင်ခဲ့ရတယ်။ မြို့နဲ့တော်တော်ဝေးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ၆ရက်ကြာနေခဲ့ပြီး ဒီအပိုင်းမှာ ပိုအားစိုက်နိုင်ဖို့ ခွန်အားကျေးဇူးတွေခဲ့ပါတယ်။ “ ဟု အာဗီအေကိုပြောပြခဲ့သည်။

ရန်ကုန် မားဂျစ်(စ်)မြန်မာမှ Ma Eliz က လည်း

(က) ဘုရားကို မိုး,မြေ,ရေ,လေ တဆုံးလှန်လော ရှာဖွေနေရမှာထက် ကိုယ့်အထဲမှာ ကိန်းအောင်းနေတာရယ်၊ကိုယ်နဲ့အမြဲအတူရှိနေပြီးသား (ဥပမာ-လှပတဲ့တောတောင်စမ်းအိုင်သဘာ၀ သစ်ပင်ပန်းမန်, မိုးစက််မိုးပေါက် လေပြည်လေညင်း၊ စိတ်ရှုပ်အားငယ်နေချိန် မိသားစုသဖွယ် ချစ်မေတ္တာအပြည့်နဲ့ မိသားစုသဖွယ် ကူညီအားဖြည့်ပေးကြတဲ့ နိုင်ငံ၅နိုင်ငံက experiment တူတဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊သွားရမယ့်နေရာမသိနေချိန် တကူးတက လိုက်ပို့ပေးတဲ့အသွား (၅ နာရီ) နီးပါး လမ်းပျောက်နေချိန် တကူးတက လာကြိုပေးတဲ့ အိမ်ရှင်ပေါ်တူဂီဇနီးမောင်နှံ စသဖြင့် နည်းပေါင်းစုံ ပုံစံ အခြေအနေမျိုးစုံနဲ့ အတူရှိနေပေးလေ့ရှိတယ်) ဆိုတာရယ်ကို အရင်ဆုံး သတိမူ သတိပြုမိ ကျေးဇူးတင်မိပြီး တန်ဖိုးထားတတ်ဖို့ ၊

ခ) မနေ့က နဲ့ မနက်ဖြန်အတွက် တရားလွန် စိတ်များ အပူများ အတွေးလွန်ရင်း "ဒီနေ့ ၊ အခု" ဆိုတဲ့ လွတ်လပ်ပြီး တာ၀န်ယူမှု၊တာ၀န်ခံမှုပြည့်နှက်နေတဲ့ ရွေးချယ်မှုအချိန်ကာလ ၁ ခုလုံး ဖြုန်းတီးနေမယ့်အစား ပစ္စုပ္ပန်မှာ ပြည့်ပြည့်၀၀ နေထိုင်အသက်ရှင်ရင်း ကျေးဇူးတင်လက်ခံတတ်ဖို့ ဆိုတဲ့ ၀ိညာဥ်ရေးဆိုင်ရာ သင်ယူမှု ၂ ချက် ရရှိခဲ့ပါတယ်။

ဂ) အဖြူရောင် သက်န်း၀တ်ထားတိုင်းလဲ လူ မပီသနိုင်သလို၊သာမန်လောကီပုထုဇဥ်တိုင်းကလဲ မိုက်မဲပျက်စီးနေတာ မဟုတ်ပါဘူး။ဘယ်နိုင်ငံ ဘယ်ဒေသ ဘယ်လူမျိုး ဘယ်ဘာသာ၀င် ဖြစ်နေပါစေ၊ချမ်းသာဆင်းရဲ ပညာတတ် ဘွဲ့ရ ရာထူးကြီးငယ် ကျား၊မ ဘာကြီးဖြစ်နေပါစေဦးတော့ လူကို လူလိုမမြင်၊လူလို လက်မခံပေးနိုင်ရင် လူဖြစ်ရှုံးတယ်လို့ တွေးမြင်မိတယ်...။လူပီသစွာ ရှင်သန်နေထိုင်ခြင်းက ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ တကယ် နှစ်လိုဖွယ် အကျိုးအကြောင်းကောင်း ဖြစ်စေတယ် ဆိုတာကို ကြုံတွေ့လက်ခံခဲ့ရပါတယ်။

“အပေါ်က ၃ ချက်က တွေးတောခံယူလို့ လွယ်ကူကောင်းလွယ်ကူနိုင်ပေမယ့် ကျွန်တော့်အတွက် ခုချိန်ထိ လက်တွေ့ကျင့်သုံးဖို့တော့ ရုန်းကန်ထိန်းသိမ်းရင်း ကျင့်ယူနေရတုန်းပါပဲ...” ဟုဆိုကာ အာဗီအေကိုပြောပြခဲ့သည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏လက်ရှိအခြေအနေများနှင့်ပတ်သက်၍ ဝေမျှခဲ့ခြင်းများလည်းပြုလုပ်ခဲ့ကြသည်။ ဇူလိုင်လ (၂၄) ရက်နေ့မှ ၂၉ ရက်နေ့အထိ Faith and Spirituality အဖွဲ့သည် (၆) ရာစုက ပေါ်တူဂီ ‌မြောက်ဘက်တွင်တည်ထားခဲ့သည့် Benedictine ရသေ့ကျောင်းတစ်ကျောင်းတွင် မိမိတို့၏ ယုံကြည်ခြင်းနှင့် ဝိညာဉ်‌ရေးဆိုင်ရာများကို ပြန်လည်ထောက်ရှု့ကာ ၊ ရသေ့ဘုန်းကြီးများ၏ ကျင့်စဉ်ကဲ့သို့ တစ်ရက်တာ ဆုတောင်းခြင်းနှင့် နေထိုင်မှုများအား လေ့လာသင်ယူခဲ့ကြသည်ဟုလည်းသိရသည်။ ထိုအဖွဲ့တွင်ပါဝင်သော ဟယ်လင်က

“ ဟုတ် sharing လုပ်ခဲ့ပါတယ်။နိုင်ငံမှာ ဖြစ်နေတဲ့ အကြောင်းအရာလေးတွေ ပြောပြပေးတယ်။ လူတော်တော်များများ မြန်မာနိုင်ကိုမသိကြဘူး ပြီးတော့ အခုအခြေအနေကိုလည်း လုံးဝမသိကြပါဘူး။ Helen တို့ Faith and Spirituality အဖွဲ့မှာ Helen တို့ မြန်မာ အပါ နိုင်ငံပေါင်း ၆ နိုင်ငံက လူတွေပါကြတယ်။တစ်ရက်ကို sharing ၂ ခါ ၃ခါ တော့ ပုံမုန်လုပ်ရတယ်. အဲအချိန်လေးတွေနဲ့ နားချိန်လေးတွေမှာ sharing လုပ်ပေးခဲ့ကြတယ်။အထူးသဖြင့်တော့ သူတို့ရဲ့ ဝိုင်းဝန်း ဆုတောင်းပေးမှုကို အဓိက တောင်းဆိုခဲ့ကြတာပေါ့။ “ ဟု ဟယ်လင်က သူမဝေမျှခဲ့ပုံကို အာဗီအေကိုပြောပြသည်။

Eliz ကလည်

း “ Culture Night တစ်ညပဲ ရှိပါတယ်။ လူစုံသက်စုံရှေ့ ချပြဖို့အတွက် ၅ မိနစ်ပဲ အချိန်ရပါတယ်။ မြန်မာရဲ့တည်နေရာ၊လက်ရှိအခြေအနေတချို့ Magis Myanmar ရဲ့ လက်ရှိလုပ်ဆောင်ချက်တွေနဲ့ ဆုတောင်းဖို့တောင်းဆိုတဲ့ ၃မိနစ်စာ Video Clip နဲ့အတူ ၂ မိနစ် တေးသရုပ်ဖော်အက (ခက်ခဲကြပ်တည်းတဲ့ကြားက"Love, Hope, Peace" ဆိုတဲ့ အထည်ကို အတူတကွ ရက်လုပ်နေကြဆဲ ဆိုတာကို အကအဆုံးမှာ ပန်းချီ၁ပုံနဲ့ အဆုံးသတ်ပြသပြီး သရုပ်ဖော်ကပြတာမျိုးပါ။ ဗီဒီယို အဆုံးမှာလဲ ပန်းချီပုံကို ထပ်ထည့်ပေးထားပါတယ်။) Magis experiment သွားတော့လဲ ၅ နိုင်ငံ သူငယ်ချင်းတွေကို လက်ရှိမြန်မာနိုင်ငံအကြောင်း ဝေမျှဖြစ်ပါတယ်။ Magis မှာမှ မဟုတ်ပါဘူး World Youth Day တက်တဲ့ တခြားနိုင်ငံက သူငယ်ချင်းတွေနဲ့လဲ ဝေမျှဖြစ်ပါတယ်။ တချို့သူတွေဆိုချက်ချင်းတတ်နိုင်တဲ့ဘက်ကအားတက်သရောပါ၀င်ကူညီကြပါတယ်။ အနည်းဆုံးတော့ ဆုတောင်းကူ၊ပုတီးစိပ်ကူပေးသူရပါတယ်။ဘယ်ခြေနေမှာမဆို မြန်မာပြည်ကြီးက "ကိုယ့်ကိုယ်ကိုသာအားကိုးရာ" ဖြစ်နေတော့ သူများကိုမျှော်လင့်တကြီးနဲ့ မှီခိုအားထား ချပြတာမျိုးတော့ မဟုတ်ဘူးပေါ့။ အရှိအတိူင်းချပြရုံလေးပါပဲ။ “ ဟုဆိုကာ Eliz က သူမဝေမျှပုံနှင့်ခံယူချက်ကို အာဗီအေကိုပြောပြခဲ့သည်။

တစ်ခြားသောနိုင်ငံများက အုပ်စုလိုက်ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် သုံးဦးတည်းသာတက်ရောက်နိုင်ခဲ့သည့်အပေါ် ၎င်းတို့ရဲ့ ခံစားချက်ကိုလည်း‌‌ ‌ပြောပြရာမှာ

” ဒီတစ်ခါ ပြုလုပ်တဲ့ Magis 2023 နဲ့ WYD 37 ကြိမ်ကို မြန်မာကနေ ၃ယောက်ဘဲ လာရောက်နိုင်တော့ အားမရှိဘူး။အင်အားလည်းမပြနိုင်ဘူးလို့ခံစားရတယ်။ ဒါကလည်း လက်ရှိ နိုင်ငံအခြေအနေကြောင့်လို့ပြောရမှာဘဲ။ Helen အတွက်က Magis 2023 နဲ့ WYD ကို တက်ရောက်တာ ပထမဆုံးပါ။

Eliz ကလည်း “ အများနဲ့ တက်ညီလက်ညီ တပေါင်းတစည်းတည်း ဆိုရင်တော့ ပိုမြိုင်ဆိုင်ပါတယ်။ "လူများချေးများ" မဖြစ်ဖို့တော့ လိုတယ်လို့ သတိ၀င်မိတယ်။အရေအတွက်နည်းနေရင်တောင် အရည်အသွေးတက်နေတာက ကိစ္စမရှိပေမယ့် အရေအတွက်များပြီးအရည်အသွေးပျက်မှာမျိုးကိုတော့ သတိထားရမယ်လို့ ခံယူမိပါတယ်။ "၃ ယောက် ဆိုတော့ Holy Trinity ပေါ့"လို့တောင်တခြားသူငယ်ချင်းတွေကိုစနောက်ခဲ့ပါသေးတယ်။ နိုင်ငံကြီး လူအုပ်ကြီးတွေကို ဦးစားပေးပြီး အနည်းစုဖြစ်တဲ့ နိုင်ငံတွေကို လျစ်လျူရှုတာ၊ နိုင်ထက်စီးနင်းပြုတာ စသဖြင့် ကြုံရတဲ့ခါ မခံမရပ်နိုင်ဖြစ်ပေမယ့် အဲ့တာတွေကို အာရုံထားပြီး စိတ်ကင်ဆာဖြစ်ရင်း စွမ်းအင်အလကားဖြုန်းတီးမယ့်အစား၊ ပြန်လာရင်ဘာလုပ်ပေးနိုင်မလဲ၊ နောက်မျိုးဆက်တွေကျ ကိုယ်တွေလို မခံရအောင် ဘာလုပ်ပေးနိုင်မလဲ၊လက်ရှိမြန်မာ့ခေတ်ပျက်ကို တတ်နိုင်တဲ့ တစ်ထောင့်တစ်နေရာကနေ ပိုအားစိုက်အားဖြည့်ရမှာပဲ ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ပဲ ဆက်အားတင်း ပါ၀င်ဖြစ်ခဲ့ပါတယ်။” ဟုဆိုကာ ကမ္ဘာ့နှင့်ချီ၍ လူငယ်များတွေ့ဆုံပွဲသို့သွားရောက်ရင်း ကြုံတွေ့ခဲ့ရသည့် အခက်အခဲများအား ကျော်ြဖတ်ခဲ့ရပုံတစ်ချို့ကို အာဗီအေကိုပြောပြခဲ့သည်။

သူမအနေဖြင့် ယခင်က ၂၀၁၇ ဒီဇင်ဘာ ၂၆ မှ ၂၀၁၈ ဇန္န္၀ါရီ ပထမပတ်အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် Magis Asia Pasific (Magis JCAP )တွင် ပါ၀င်တက်ရောက်ပါဝင်ခဲ့ဖူးသည်။ အာရှနိုင်ငံများသာဖြစ်ပြီး လူ၉၀ကျော်သာရှိသဖြင့် ထိထိမိမိ လုပ်ဆောင်နိုင်၍ Spirituality Companionship Service စသည့် အကြောင်းအရာများတွင် အနှစ်သာရရှိရှိ သေချာ လေ့လာသင်ယူနိုင်ခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာလူငယ်များတွေ့ဆုံပွဲသည် ကက်သလစ်ခရစ်ယာန်လူငယ်တိုင်း သွားရောက်ပါဝင်ချင်ကြသည့် အိမ်မက်တစ်ခုလည်းဖြစ်သည်။ ထိုပွဲသို့ သွား‌ရောက်ပါခွင့်ရခဲ့ကြသည့် လူငယ်များဖြစ်သည့် မဟယ်လင် က

“ WYD 37 ကြိမ်မြောက် Lisbon ကို တက်ရောက်ခွင့်ရတာတော့ ဘုရားကျေးဇူးတော်လို့ပြောရပါမယ်.။ ဒီအခွင့်ရဖို့က တော်တော်လေးတော့ မလွယ်ပါဘူး။ Helen အတွက်က ပထမဆုံးအကြိမ်ဆိုတော့ ဘာတွေပြင်ဆင်လုပ်ဆောင်ရမလဲ အတွေ့အကြုံမရှိနဲ့ ရောက်လာခဲ့တာ။အဲအတွက်ကြောင့်တော့ ကိုယ့်ပါဝင်မှုကို နည်းနည်း အားမရသလိုခံစားရတယ်။ဖာတီမာမယ်တော်ဆီသွားရောက်လည်ပတ်တဲ့အချိန် လူငယ်တွေအားလုံးအတွက်လည်း ဆုတောင်းပေးခဲ့တယ်။ မယ်တော့်ရင်ပြင်ထိ ဒူးထောက်လျှောက်ရင်း ဆုတောင်းတာ ဒူးပါပွန်းသွားတာကတော့ အမှတ်တရပေါ့ ။ “ ဟုဆိုကာ အာဗီအေကိုပြောပြခဲ့သည်။

Eliz ကလည်း

“ငယ်တုန်းက ကြားဖူးတော့ သွားချင်ခဲ့ဖူးပေမယ့် ကိုဗစ်ကြား နိုင်ငံလက်ရှိအနေအထား အရ မမျှော်လင့်ခဲ့ပါဘူး။သွားခွင့်ရလို့ ဘုရားကို ကျေးဇူးတင်မိပေမယ့်၊သွားခွင့်ရခဲ့ရင် အရမ်းပျော်မိမယ်လို့ တွေးမိခဲ့မိပေမယ့်၊ သွားရမယ်လို့ တကယ်သိရတဲ့အခါမှာတော့ မပျော်နိုင်ခဲ့ပါဘူး။လက်ရှိအနေအထားနဲ့ ပွဲကြီး၁ခုမှာပါ၀င်ရတာဖိအားအင်မတန်များပြီး၀န်လေး၀န်ပိဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဘုရားကသူ့အသုံးတော်ခံအဖြစ်နာမည်တပ်ခေါ်တာပဲ၊၁ခုခုစီကိုသူတွန်းပို့ချင်နေတာပဲဆိုပြီးလက်ခံရင်းပါ၀င်ဖြစ်ခဲ့တော့စိတ်အနည်းငယ်တည်ငြိမ်ခဲ့ရပါတယ်။ တကယ်လဲ ဘုရားက Surprised တအားလုပ်တတ်ပါတယ်။ ပြောမကုန်တဲ့ သင်ယူလေ့လာမှု မျက်စိပွင့်နားပွင့်စေမှုတွေ သူပြသပေးပါတယ်။အဖြေရှာမတွေ့တဲ့ တချို့ ပုစ္ဆာတွေလဲ သူဖြေရှင်းနည်းတွေလမ်းကြောပေးခဲ့ပါတယ်။အဲ့တော့ အနည်းဆုံးတော့ အကြောက်တရားတွေကို ကျော်လွန်ပြီး ကိုယ့်ကိုယ်ကို ပြန်ရှာနိုင်လာဖို့ ခွန်အား သတ္တိတွေ တိုးလာတယ်လို့ ခံစားရပါတယ်။ “ ဟုဆိုကာ ကမ္ဘာ့လူငယ်များပွဲတော်သို့ တက်ရောက်ခွင့်ရခဲ့သည့်အပေါ် ခံစားချက်များကို အာဗီအေကိုပြောပြခဲ့ကြသည်။

ကမ္ဘာ့လူငယ်များတွေ့ဆုံပွဲနှစ်ခုကိုတက်ရောက်ခဲ့ကြပြီးသည့်နောက် မိမိတို့နိုင်ငံသို့ ပြန်ရောက်သည့်အခါ လူငယ်လုပ်ငန်းများကို ပိုမိုလုပ်ဆောင်ရန်လိုအပ်သည့်အကြောင်းကိုလည်းပြောြပခဲ့ရာ ဟယ်လင်က

“ ဟုတ် ကမ္ဘာလုံးဆိုင်ရာ လူငယ်ပွဲနှစ်ခုကို တက်ရောက်ပြီးတော့ ရှေ့ဆက်လုပ်ဆောင်မဲ့ အရာတွေကတော့ အများကြီးရှိလာပါတယ်။အဓိကကတော့ ရှေ့မှာ ပြောခဲ့တဲ့ မန်တိုင် ၃ ခုကို ပိုပြီး အလေးထား လုပ်ဆောင်မယ်။လူငယ်တွေကို လက်တွဲခေါ်ပြီး သူတို့နဲ့ အတူ ဝိညာဥ်ရေးရာ စိတ်ပိုင်းဆိုင်ရာ တွေကို ခိုင်မာအောင်တည်ဆောက်ကြရင်း ဘုရားရဲ့ဘုန်းတော်ဂုဏ်တော်ကို ပိုတိုးပွားအောင် လုပ်ဆောင်ကြမယ်လို့ မျှော်မှန်းထားပါတယ်။ ဒီကရလာတဲ့ အတွေ့အကြုံလေးတွေ ပြန်လည်ဝေမျှပေး ဖို့လည်းစီစဥ်နိုင်ဖို့မျှော် လင့်ထားပါတယ်။ “ ဟုဆိုကာ အာဗီအေကိုပြောပြခဲ့သည်။

Eliz ကလည်း “လုပ်ချင်တာတွေတော့အများကြီးပါပဲဒီခရီးလမ်းက ကိုယ့်ခရီးပဲ မဟူတ်ပါဘူး ဘုရားနဲ့ ကျွန်တော်တို့ အားလုံးရဲ့ လမ်းခရီးမို့မျှတဖို့ကြိုးစားရပါတယ်။ကျွန်တော်တစ်ယောက်တည်းမျှော်မှန်းချက်အရဆိုရင်...

က) Diocese လူငယ်နဲ့ Magis လူငယ် (Jesuit လူငယ်) ဆိုပြီး ခွဲခြားသီးခြား လုပ်နေတယ်လို့ ထင်မြင်လွဲမှားနေမှုကို ဒီ အင်တာဗျူးကနေ တတ်နိုင်တဲ့ဘက်ကပြောပြချင်ပါတယ်။လူငယ်၂မျိုး ကွဲနေတာမျိုး၊ခွဲခြားလုပ်ဆောင်နေတာမျိုး မရှိပါဘူး။ Magis (မားဂျစ်စ်) က Programme နာမည်ဆိုတာထက် Spirit ၁ခုပါ။ ဘုရားရဲ့ ဘုန်းတော်ဂုဏ်တော် တိုးပွားဖို့ ပိုမို လုပ်ဆောင်နိုင်ရန် ဆိုပြီး လက်ခံထားကြပါတယ်။ အဲ့ဒါကြောင့် သက်ကြီး သက်လတ် သက်ငယ်မရွေး Magis ဆိုတဲ့ Spirit ရှိနေမှာဖြစ်တဲ့အတွက် လူငယ်တိုင်းက သာသနာ နိုင်ငံ လူမျိုးအတွက် Magis ပါပဲ။

ခ) ပြန်ရောက်တာနဲ့ Magis Delegate ရန်ကုန်နဲ့တောင်ကြီးက Coordinators တွေ, Coreteam Member တွေနဲ့ တိုင်ပင်ပြီး ဆက်လုပ်ရမယ့် Online, Offline အစီအစဥ်တွေ ဆွဲကြဖို့တွေးထားပါတယ်။

ဂ) NCYC နဲ့ ချိတ်ဆက်ပြီး အတွေ့အကြုံတွေ ဝေမျှနိုင်ဖို့၊ ရှေ့ဆက်ပြီး အတူတကွ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆက်နွယ်နေဖို့လဲ မျှော်လင့်မိပါတယ်။

ဃ) ရန်ကုန် Magis ရဲ့ Yearly Plan အရ August လကုန်ပိုင်းမှာ ၇ ကြိမ်မြောက် သွေးလှူတဲ့အစီအစဥ်ပြုလုပ်နိုင်ဖို့ တွေးထားပါတယ်။

င) ပိုဆန်းသစ်နိုင်ပြီး အားရဖွယ်ကောင်းတဲ့ Magis Programme ကို ပိုမိုတိုးတက်အောင် လက်ဆင့်ကမ်း ဦးဆောင်နိုင်တဲ့ မျိုးဆက်သစ် လူငယ်တွေကို လက်တွဲခေါ်နိုင်ရေးအတွက် New Coreteam Training ပေးပြီး ဖွဲ့နိုင်ဖို့လဲ မျှော်လင့်မိပါတယ်။ ကျွန်တော် တစ်ဦးတည်း မျှော်လင့်ပြီး လုပ်ဆောင်ချင်မိတဲ့ အကြောင်းအရာတွေမို့... လက်တွေ့ လုပ်ငန်းစဥ်တွေက အပြောင်းအလဲ ရှိနိုင်ပါတယ်။ “ ဟုဆိုကာ ကမ္ဘာ့လူငယ်များပွဲတော်တက်ရောက်ခဲ့ပြီး သူမလုပ်‌ဆောင်ချင်သည့် လူငယ်တမန်တော် လုပ်ငန်းများ အကြောင်းကို အာဗီအေကို ပြောပြခဲ့သည်။

မားဂျစ်(စ်)မြန်မာလူငယ်များအနေဖြင့် မားဂျစ်(စ်) ကမ္ဘာလုံးဆိုင်ရာလူငယ်တွေ့ဆုံပွဲနှင့် ကမ္ဘာ့လူငယ်များပွဲတော်သို့ သွားရောက်ပါဝင်ကြခြင်းသည် ပထမဆုံးအကြိမ်မြောက်ဖြစ်သည်။ မားဂျစ်(စ်)လူငယ်များတွေ့ဆုံပွဲသို့ တက်ရောက်ကြသော လူငယ် (၂၀၀၀) ကျော်သည် ကမ္ဘာ့လူငယ်များပွဲသို့ ဆက်လက်ပါဝင်ခဲ့ကြခြင်းလည်းဖြစ်သည်။ ထိုလူငယ်များအား တည်းခိုရေးအဆင်ပြေစေရန် အိမ်တစ်အိမ်လျှင် (၆) ဦးနှုန်းဖြင့် တည်းခိုခဲ့ကြရပြီး ထိုနေအိမ်မှ အိမ်ရှင်များအား မွေးစားမိဘများအဖြစ် သတ်မှတ်ပေးခြင်းဖြစ်သည်။မိမိတို့ တည်းခိုးကြသည့်အိမ်များမှတစ်ဆင့် ကမ္ဘာ့လူငယ်များနေ့ အစီအစဉ်အသီးသီးဝင်ပါဝင်ခဲ့ကြခြင်းဖြစ်သည်။ ဩဂုတ်လ (၆) ရက်နေ့တွင် ပြုလုပ်သည့် ကမ္ဘာ့လူငယ်များနေ့ အပိတ်မစ္ဆားတရားသို့ ပါဝင်ရာတွင်လည်း မားဂျစ်(စ်)လူငယ် အဖွဲ့ (၂၀၀၀) ကျော်သည် ဩဂုတ်လ (၅) ရက်နေ့ကတည်းက တနေရာတွင်စု၍ အပိတ်မစ္ဆားကျင်းပမည့်နေရာသို့ ခြောက်နာရီကြာခြေလျင်ခရီးဖြင့်ကြိုတင်သွားရောက်ကာ ကွင်းပြင်တွင် ညအိပ်ခဲ့ကြပြီး ကမ္ဘာ့လူငယ်များနေ့အပိတ်မစ္ဆားကို ပုပ်ရဟန်းမင်းကြီးနှင့်တကွ ပါဝင်ပူဇော်ခဲ့ကြခြင်းဖြစ်သည်။

Interviewer by- Pinky

Add new comment

1 + 7 =