ကမ္ဘာရွေ့ပြောင်းနေထိုင်သူများ နှင့် ဒုက္ခသည်များနေ့ ပုပ်ရဟန်းမင်းကြီး မေစ္ဆားတရားပူဇော်ပေးမည်

ကမ္ဘာရွေ့ပြောင်းနေထိုင်သူများ နှင့် ဒုက္ခသည်များ

ကမ္ဘာရွေ့ပြောင်းနေထိုင်သူများ နှင့် ဒုက္ခသည်များနေ့ ပုပ်ရဟန်းမင်းကြီး မေစ္ဆားတရားပူဇော်ပေးမည်
စက်တင်ဘာလ ၂၂၊ ၂၀၁၉

အပတ်စဉ်တွေဆုံနေကြ တနင်္ဂနွေနေ့ နေ့တိုင်း လူထုတွေဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်း တွင် လာမည် စက်တင်ဘာလ ၂၉ ရက် တနင်္ဂနွေနေ့မှာ ကြရောက်မည့် ၁၀၅ ကြိမ်မြောက် ကမ္ဘာရွေ့ပြောင်းနေထိုင်သူများ နှင့် ဒုက္ခသည်များနေ့ မနက် ၁၀း၃၀ တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ စိန့်ပီတာရင်ပြင်တွင် မေစ္ဆားတရားပူဇော်ပေးမည် ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။

ယင်း ရင်ပြင်တွင် စုရုံးရောက်ရှိနေသူများကို ဆုတောင်းခြင်းအားဖြင့် ဒုက္ခသည်များ နှင့်အတူရှိကြောင်း ဖော်ပြကြရန် သူနှင့်အတူ ဒုက္ခသည်များအတွက် အတူတကွ ဆုတောင်းခဲ့ကြပါသည်။

ယင်းမေစ္ဆားတရားကို အီတလီနိုင်ငံ ဆရာတော်ကြီးများ အဖွဲ့ချုပ် နှင့် ရဟန်းမင်းကြီး ရုံးတော် လူမူဘဝမြှင့်တင်ပေးရေး အဖွဲ့အစည်းတို့မှ ပူးပေါင်းပြီး၊ ဒုက္ခရောက်နေသူများအားလုံးအတွက် အထူးသဖြင့်၊ ရွေ့ပြောင်းဒုက္ခသည်များ၊ လူကုန်ကူးခံရသူ ဒုက္ခသည်များ နှင့် ပူဆွေးဝမ်းနည်းနေကြရသော မိသားစုဝင်များ အတွက် ရည်ရွယ်ပူဇော်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2kXEJeU

 

zawgyi

စက်တင်ဘာလ ၂၂၊ ၂၀၁၉



By Kyi Maung
Credit to Vatican News
https://bit.ly/2kXEJeU

Add new comment

8 + 3 =