ကမ္ဘာပေါ်ရှိ သာမန်ကက်သလစ်ဘာသာ၀င် သာသနာပြုများ၏စာရင်း များကို ဗာတီကန်မှတရား၀င်ထုတ်ပြန်

ကမ္ဘာပေါ်ရှိ သာမန်ကက်သလစ်ဘာသာ၀င် သာသနာပြုများ၏စာရင်း များကို ဗာတီကန်မှတရား၀င်ထုတ်ပြန်

ကမ္ဘာပေါ်ရှိ သာမန်ကက်သလစ်ဘာသာ၀င် သာသနာပြုများ၏စာရင်း များကို ဗာတီကန်မှတရား၀င်ထုတ်ပြန်

ကမ္ဘာ့သာသနာပြုများနေ့မတိုင်မီ၌ ကမ္ဘာပေါ်ရှိ သာမန်ကက်သလစ်ဘာသာ၀င် သာသနာပြုများ၏စာရင်း များကို ဗာတီကန်မှတရား၀င်ထုတ်ပြန်ခဲ့ပါသည်။

မကြာမီကကောက်ခံခဲ့သောစစ်တမ်းများအရ ကမ္ဘာပေါ်တွင် သာမန် ကက်သလစ်ဘာသာ၀င် သာသနာပြုဦးရေ (၄၁၀၄၄၀) ဦးရှိသည်ဟုသိရပါသည်။ သာမန်ကက်သလစ်ဘာသာ၀င်သာ သနာပြုများဟုဆိုရာ၌ ဆရာ၊ ရဟန်း၊ သီလရှင်များမဟုတ်ဘဲ သာသနာအမှုကိုထမ်းဆောင်နေကြသော သာမန်ဘာသာ ၀င်များကိုဆိုလိုပါသည်။ ဤစာရင်းကိုနောက်ဆုံးကောက်ခံခဲ့သည်မှာ (၂၀၁၈) ခုနှစ်ကဖြစ်ပြီး၊ ထိုစဉ်က ဦးရေးထက် (၃၄၂၅၂) ဦးတိုးလာခဲ့သည်။

ဥရောပတိုက်၊ ကမ်းရိုးတန်းဒေသနှင့်အာဖရိကတိုက်များတွင် ပို၍တိုးပွားလျှက်ရှိသည်။ တောင်နှင့်မြောက်အမေရိကတိုက်၌ (၃၃၉၃၀) ဦးတိုးလာကြောင်းနှင့်အာရှတိုက်၌မူ (၅၅၀) ဦးသာတိုးလာကြောင်းသိရှိ ရသည်။ ရေခြားမြေခြားသာသနာပြု ရဟန်း၊ သီလရှင်များ၏စာရင်းကိုမူတင်ပြထားခြင်းမရှိပေ။ ထို့အတူ ကမ္ဘာတစ် ၀ှမ်း၌ ကက်သလစ်ဦးရေး (၁.၃၄) ဘီလီယံရှိပြီး၊ ယခင်နှစ်များကထက် (၁၅) သန်းတိုးလာခဲ့သည်။ ဤစစ်တမ်းအရ ကမ္ဘာ့လူဦးရေ၏ (၁၇.၇၄) ရာခိုင်နှုန်းရှိသည်ဟုသိရပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of Rome Reports

https://bit.ly/3nNcw79

Add new comment

6 + 6 =