ကမ္ဘာနှင့်တဝှမ်းဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပုပ်ရဟန်းမင်းကြီး၏ အီစတာ ဝတ်ပြုခြင်းအစီအစဉ်များ လူထုပရိတ်သတ်နှင့်ကျင်းပမည်မဟုတ်

နှစ်စဉ်လူထောင်ပေါင်းများစွာဖြင့် ကျင်းပပြုလုပ်လေ့ရှိသည့် ပုပ်ရဟန်းမင်းကြီး ဉီးဆောင်ကျင်းပသော သန့်ရှင်းသော ရက်သတ္တပတ်နှင့် ၀ါကျွတ်ပွဲတော် ၀တ်ပြုခြင်းအစီအစဉ်များကို ဒီနှစ်မှာတော့ လူထုပရိတ်သတ် တက်ရောက်ခြင်းကို ကန့်သတ်လိုက်ပါပြီ။
အခါကြီးရက်ကြီးနေ့များ သို့မဟုတ် သန့်ရှင်းသော ရက်သတ္တပတ်မှာ လူထုပရိတ်သတ်များပါ၀င်ခြင်းမရှိပဲ ကျင်းပသွားမှာဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး အိမ်တော်ထိမ်းမှ အွန်လိုင်းစာမျက်နှာမှာဖော်ပြခဲ့​ပါတယ် ဘာကြောင့်လဲဆိုတော့ အိမ်တော်ထိမ်းဟာ ဧည့်သည်တော်များ၀င်ရောက်ခွင့် ကဒ်ပြားများကို ထုတ်ဝေ ပေးသူဖြစ်တာမို့လို့ဆိုပါတယ်။
ယခင်ကြေငြာခဲ့ပြီး ဖြစ်တဲ့ ပုပ်အရှင်သူမြတ် ဉီးဆောင်မယ့် ၀တ်ပြုခြင်း အစီအစဉ်များအားလုံးရဲ့ နေရာများ ပြောင်းလဲနိုင်ချေ ရှိပေမဲ့ ပရိတ်သတ်မပါပဲ ကျင်းပမှာဖြစ်ကြောင်း၊ ပြုလုပ်နေကျ တနင်္ဂနွေ အန်ဂျေလူးဆိုခြင်းနဲ့ ဗုဒ္ဓဟူးနေ့ လူထုပရိတ်သတ်နဲ့တွေ့ဆုံခြင်း အစီအစဉ်များကိုတော့ ဧပြီ ၁၂ ရက်အထိ တိုက်ရိုက်ဗီဒီယို ထုတ်လွှင့်ခြင်းဖြင့်သာ ဆက်လက်ထုတ်လွှင့်နေအုံးမည်ဖြစ်ကြောင်း
အီတလီဟာ အခုဆိုရင် ဗိုင်စရပ်စ် ကူးစက်ခံရမှုသက်သာဘို့ တနိုင်ငံလုံးအတိုင်းအတာ အနေနဲ့ ပိတ်ဆို့ ကန့်သတ်ချက်တွေပြုထားပြီးဗိုင်းရပ်စ် ကူးစက်ခံရသည့်နိုင်ငံ ထဲတွင်အာရှတိုက် အလွန်မှာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေတာမို့ အနည်းဆုံး ဧပြီ ၃ရက်နေ့အထိတော့ ဆက်လက်ပိတ်ထားအုံးမှာပါ။ ဗာတီကန် စိန့်ပီတာရင်ပြင်တော်ကိုလည်း အီတလီ ရဲများက မတ်လ ၁၀ ရက်နေ့က အပြီးပိတ်ထားပြီးဖြစ်ပါတယ်။
 
By Sr.Lucia Thandar Aung,SJA
News Source: CNA

Photo courtesy: Daniel Ibanez/CNA

http://bit.ly/2xzfcyu

Add new comment

1 + 1 =