ကမ္ဘာဒုက္ခသည်များနှင့်ရွှေ့ပြောင်းနေထိုင်သူများနေ့ကို စင်ကာပူ ကာဒီနယ် ဉီးဆောင်၍မစ္ဆာ တရားဟောကြား

ကမ္ဘာဒုက္ခသည်များနှင့်ရွှေ့ပြောင်းနေထိုင်သူများနေ့ကို စင်ကာပူ ကာဒီနယ် ဉီးဆောင်၍မစ္ဆာ တရားဟောကြား

ကမ္ဘာဒုက္ခသည်များနှင့်ရွှေ့ပြောင်းနေထိုင်သူများနေ့ကို စင်ကာပူ ကာဒီနယ် ဉီးဆောင်၍မစ္ဆာ တရားဟောကြား

သျှားလွန်းမယ်၊ အာဗီအေမြန်မာ (၂၅၊ ၉ ၊ ၂၀၂၂)


စင်ကာပူနိုင်ငံ၌စက်တင်ဘာ (၂၅) ရက်နေ့ တနင်္ဂနွေနေ့တွင် ACMI အဖွဲ့အစည်းမှ ဦးဆောင်ပြီး စိန့်ဘယ်နဒက် ဘုရားကျောင်း၌ ( ၁၀၈ )ကြိမ်မြောက်ကမ္ဘာ့ဒုက္ခသည်များနှင့်ရွှေ့ပြောင်းနေထိုင်သူများနေ့ အတွက် မစ္ဆား တရားကို ကာဒီနယ် William Goh Seng Chye နှင့်အတူ မြန်မာ၊အင်ဒိုနီရှား၊ ဗီယမ်နမ်၊အီတလီ၊ ဖိလစ်ပိုင် ၊ တရုတ်၊ ကိုရီယား၊ ဂျပန်၊ ပြင်သစ် နှင့် အိန္ဒိယ လူမျိုးအသီးသီး ပါဝင်တက်ရောက်ခဲ့ကြသည်။

ကမ္ဘာဒုက္ခသည်များနှင့်ရွှေ့ပြောင်းနေထိုင်သူများနေ့ကို (၁၉၁၄) ခုနှစ်မှစတင်ပြီး အသင်းတော်က ကျင်းပလာခဲ့ရာမှ ယခု (၁၀၈) ကြိမ်မြောက်ပြည့်ခဲ့ပြီဖြစ်သည်။

အဆိုပါ မစ္ဆား တရားတော်မြတ်တွင် ကာဒီနယ် William Goh Seng Chye မှမစ္ဆားတရားတော်မြတ်ကို ဦးဆောင်ကာ တရားရေအေးတိုက်ကျွေးခဲ့ပြီး မြန်မာကက်သလစ်ဘာသာဝင်များ အယောက် သုံးဆယ်ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။

ပုပ်ဖရန်စစ်မှလည်း ဒုက္ခသည်များနှင့်ရွှေ့ပြောင်းနေထိုင်သူများနေ့အတွက် မြွက်ကြားထားသည်မှာ "အနာဂတ်မှာ ဒုက္ခသည်များနှင့်ရွှေ့ပြောင်းနေထိုင်သူများနှင့်အတူ တည်ဆောက်စေပြီး" အတူတည်ဆောက်ခြင်းဆိုသည်မှာ ဤတည်ဆောက်မှုလုပ်ငန်းများ၌ရွှေ့ပြောင်းနေထိုင်သူများနှင့်ဒုက္ခသည်များပါဝင်လုပ်ဆောင်နေသောကဏ္ဍကိုအသိမှတ်ပြုမြှင့်တင်ပေးခြင်းကိုဆိုလိုသည်။ အကြောင်းမူကားဤနည်းအားဖြင့်သာလျင်ကမ္ဘာကြီးကိုတည်ဆောက်နိုင်ပေလိမ့်မည်။ လူ့ဘဝများတိုးတက်ဖွံ့ဖြိုးအောင်အာမခံချက်ပေးသောကမ္ဘာကြီးကိုတည်ဆောက်နိုင်ပေလိမ့်မည်" ဆိုပြီး မိန့်ကြားထားပါသည်။

အဆိုပါ (၁၀၈) ကြိမ်မြောက် ကမ္ဘာဒုက္ခသည်များနှင့်ရွှေ့ပြောင်းနေထိုင်သူများနေ့မစ္ဆားသို့ ရဟန်း၊ သီလရှင်များ အပါအ၀င် ဘာသာသူ (၅၉၀) ဉီး

ခန့်တက်ရောက်ခဲ့ကြသည်။

Add new comment

7 + 1 =