ကမ္ဘာတဝှမ်း ကက်သလစ်များပြုကြတဲ့ ကူညီမှုနည်းအစုံက အီစတာ ကို ပို၍အဓိပ္ပာယ်ရှိစေခြင်း

ကမ္ဘာတဝှမ်း ကက်သလစ်များပြုကြတဲ့ ကူညီမှုနည်းအစုံက အီစတာ ကို ပို၍အဓိပ္ပာယ်ရှိစေခြင်း

ကမ္ဘာတဝှမ်း ကက်သလစ်များပြုကြတဲ့ ကူညီမှုနည်းအစုံက အီစတာ ကို ပို၍အဓိပ္ပာယ်ရှိစေခြင်း

ကိုဗစ် ၁၉ ကာလ မှာ ကျရောက်တဲ့ အီစတာ ကို ကမ္ဘာတဝှမ်း ကက်သလစ်များပြုကြတဲ့ ဖန်တီးမှုအမျိုးမျိုးနဲ့ ကူညီမှုနည်းအစုံက အီစတာ အချိန်ကာလ ကို ပိုပြီးအဓိပ္ပာယ် ပြည့်ဝစေခဲ့ပါတယ်။

အီစတာအချိန် ကိုဗစ်ကြောင့် အိမ်တွင်းအောင်းနေကြရပေမယ့်လည်းကမ္ဘာပေါ်ရှိ အသင်းအဖွဲ့အမျိုးမျိုးဟာ နည်းလမ်းအသွယ်သွယ်နဲ့ ကူညီမှုပေးကာ တစိတ်တဝှမ်းတည်းရှိခြင်း ချစ်ခြင်းကို ပြသကာ အီစတာ ကို ပိုပြီး ပြည့်စုံစေခဲ့ကြောင်း

ကပ်ဘေး အထိနာဆုံးဖြစ်တဲ့ ဉရောပ ကို အဓိက ထားပြောရရင် အီတလီ စပိန် နဲ့ ပြင်သစ်ဟာ ကိုဗစ် ၁၉ အသက်ရောက်ဆုံး နိုင်ငံတွေ ဖြစ်ကြကြောင်း

ကိုဗစ် ၁၉ ကမ္ဘာပေါ်မှ ပပျောက်ရေးအတွက် အီစတာ အကြိုည တွင်
မိမိတို့ ပြတင်းဝများမှ ဖယောင်း တိုင် ထွန်းကာ ဆုတောင်းကြဘို့ အတွက် ဉရောပ တိုက် မှ ကက်သလစ် ဆရာတော်ကြီးများက ဘာသာ၀င်များ ကို ဖိတ်ခေါ်ခဲ့ပါတယ်။

နယ်သာလန် ကက်သလစ် ဘုရားကျောင်းများမှာတော့ အီစတာ တနင်္ဂနွေနေ့ နေ့လည် မွန်းတည့်ချိန်မှာ ၁၅ မိနစ် တိတိ ခေါင်းလောင်းများထိုးပေးကြဘို့ ဖိတ်ခေါ်ခဲ့ကြောင်း ဒါဟာ သာသနာ့ ဖခင်များက အခုလို ပွဲတော် အချိန်ကာလမှာ ဘုရားကျောင်းမလာ ကြရတဲ့ သားသမီးတွေ နဲ့အတူ ၄င်းတို့ရဲ့ ဒုက္ခတွေ နဲ့ အတူ ရှိကြောင်း ကို ပြသခြင်းဖြစ်​တယ်လို့ဆိုပါတယ်။

ပိုလန်နိုင်ငံ မှာတော့ အီစတာ အချိန်မှာ စားသောက်စရာ ခြင်းတောင်းများ ဝေငှတဲ့ အစီအစဉ် ပြုလုပ်နေကြမို့ အခုအချိန်မှာတော့ အွန်လိုင်းမိသားစုလေး အဖြစ် သာသနာ က ဖန်တီးကာ စားစရာခြင်းတောင်းများကို #Swieconka ဟူသည့် အမှတ်အသား #hashtag ဖြင့် ဖိတ်ခေါ်၍ အစီအစဉ် ပြုလုပ်ခဲ့​ကြောင်း

အီတလီမှာလည်း စိန့်အက်ဂျီးဒီယို အဖွဲ့မှ အီစတာ တနင်္ဂနွေနေ့ နေ့ နှင့် တနင်္လာ နေ့ မှာ ဆင်းရဲသားများ အတွက် နေ့လည်စာ ကို ရောမမြို့၌ ဝေငှပေးခဲ့ပါကြောင်း ဗာတီကန်သတင်းအရ သိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

 

Photo credit: ANSA

https://bit.ly/2RvvTlC

 

Add new comment

14 + 5 =