ကမ္ဘာတဝှမ်းအပစ်ခတ်ရပ်စဲရေးကိုထိရောက်စွာနှင့်လျှင်မြန်စွာလက် တွေ့လုပ်ဆောင်ရန်ရဟန်းမင်းကြီးတိုက်တွန်း

ကမ္ဘာတဝှမ်းအပစ်ခတ်ရပ်စဲရေးကိုထိရောက်စွာနှင့်လျှင်မြန်စွာလက် တွေ့လုပ်ဆောင်ရန်ရဟန်းမင်းကြီးတိုက်တွန်း

ကမ္ဘာတဝှမ်းအပစ်ခတ်ရပ်စဲရေးကိုထိရောက်စွာနှင့်လျှင်မြန်စွာလက် တွေ့လုပ်ဆောင်ရန်ရဟန်းမင်းကြီးတိုက်တွန်း

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ကမ္ဘာနှင့်အဝှမ်း၌အပစ်ခတ်ရပ်စဲရေးကိုထိရောက်စွာနှင့်မြန်ဆန် စွာလုပ်ဆောင်ကြပါရန်ကိုဗစ် (၁၉) ကပ်ရောဂါဆိုးအလွန်၌တဖန်ပြန်လည်မေတ္တာရပ်ခံတောင်းဆိုလိုက် ပါသည်။ အဘယ်ကြောင့်ဆိုသော် ကုလသမ္မဂ္ဂလုံခြုံရေးကောင်စီ၏ကိုင် တွယ်ဖြေရှင်းမူသည်လည်းထို သို့ဦးတည်လုပ်ဆောင်နေသည်။

‘ကမ္ဘာတစ်ဝှမ်းလုံး၏အပစ်ခတ်ချက်ချင်းရပ်စဲရေးသည်တောင်းဆိုထိုက်လှသည်။ အဘယ် ကြောင့်ဆိုသော်လူသားထုအရေးတကြီး လို အပ်နေသောငြိမ်းချမ်းရေးနှင့်လုံခြုံမူကိုဖန်တီးပေးမည်ဖြစ် သည်’ ဟုတနင်္ဂနွေနေ့မွန်းတည်းဆုတောင်းခြင်းအပြီးတွင် ထည့်သွင်းမိန့် ကြားခဲ့ သည်။

ဇူလိုင် (၁) ရက် နေ့၌ကုလသမ္မဂ္ဂ၏လုံခြုံရေးကောင်စီသည်ရန်လိုသောအကြမ်းဖက်လုပ်ရပ် များကိုယေဘုယျနှင့်ချက်ချင်း ရပ်တန့်ရေးကိစွကိုဆွေးနွေးချက်ထဲတွင်ထည့် သွင်းထားသည်။ ကောင်စီမှကိုဗစ် (၁၉) ကပ်ရောဂါ ဆိုးကြီးကိုအလူး အလဲခံစားခဲ့ရသောနိုင်ငံများ သို့အကူအညီ ပေးပို့ရင်း လက်နက် ကိုင်၍ပဋိပက္ခဖန်တီး လုပ်ဆောင်နေသောအဖွဲ့အစည်းများအားစာနာမူဖြင့်ကြာရှည်ခံမည့်အပြောင်း အလဲကိုဖော်ဆောင် ရန်မေတ္တာရပ်ခံထားသည်။ ပဋိပက္ခဖြေရှင်းချက်၌ လုံခြုံရေးကောင်းစီကကုလသမ္မဂ္ဂ၏အထွေထွေအတွင်း ရေးမှူး Antonio Guterres ၏ ထောက်ခံအားပေးမူကိုလည်းတောင်းဆိုထားသည်။ သူသည်မတ်လ (၂၃) ရက်နေ့ကကမ္ဘာ့အပစ်အခတ်ရပ်စဲရေးကိုဦးဆုံး တောင်းဆိုခဲ့သူဖြစ် သည်။ သူ၏တောင်းဆိုမူကြောင့်က မ္ဘာ့ခေါင်းဆောင်များအနက်ပုပ်ရဟန်း မင်းကြီးဖရန်စစ်အပါအ၀င်မတ်လ (၂၉) ရက်နေ့၊ အန်ဂျေလူးဆု တောင်း မေတ္တာဆိုစဉ်၌ အသွင်အမျိုးမျိုးဖြင့်ရန်လိုမူ၊ ရန်ဆောင်မူများကိုရပ်တန့်ရန်နှင့်လူသားအကျိုး ပြုအကူအညီများပံ့ပိုးပေးကြရန်၊ သံတမန်အခင်း အကျင်းများဖြင့်ပွင့်လင်းစွာညှိုနှိုင်းဖြေရှင်းကြရန်၊ သို့ သော်အလွန်ထိရှလွယ်သောအခြေအနေ၌ရှိနေသူများကိုမူ သတိကြီးစွာထား၍ရန်တောင်း ဆိုထားသည်။

ထိုကုလသမ္မဂ္ဂလုံခြုံရေးကောင်စီ ၏ ဖြေရှင်းချက်ကိုတုန့်ပြန်သည့်အနေဖြင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ‘ကမ္ဘာတစ်ဝှမ်းလုံး ၏ငြိမ်းချမ်းရေးအတွက်တောင်းဆိုခြင်းသည်လူ့အသိုင်းအဝိုင်းအတွက်အခြေ ခံလိုအပ်သောငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုအာမခံချက်ပေးသောကြောင်းတောင်းဆိုသင့်လှ ကြောင်း၊ ကု လသမ္မဂ္ဂ၏လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ချက်သည်လည်း အတိဒုက္ခရောက်နေသော လူမြောက်များစွာတို့ကိုငဲ့ညှာ၍အကျိုးရှိထိရောက်စွာနှင့်မြန်ဆန်စွာဖော်မည်ဟုမျှော်လင့်ကြောင်း၊ ကုလသမ္မဂ္ဂကောင်စီ၏ပဋိပက္ခဖြေရှင်းမူသည် အနာဂါတ်ငြိမ်းချမ်းရေးအတွက်သတ္တိရှိရှိလုပ် ဆောင်သောပထမခြေလှမ်းဖြစ်ပါစေကြောင်းလည်းဆုတောင်းပေးခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo credit: ANSA

https://bit.ly/3eZiT1n

Add new comment

18 + 0 =