ကမ္ဘာတစ်လွှားရှိ မယ်တော်ဂူများမှ စိပ်ပုတီးစိပ်နိုင်သောအွန်လိုင်းလိပ်စာများ

ကမ္ဘာတစ်လွှားရှိ မယ်တော်ဂူများမှ စိပ်ပုတီးစိပ်နိုင်သောအွန်လိုင်းလိပ်စာများ

ကမ္ဘာတစ်လွှားရှိ မယ်တော်ဂူများမှ စိပ်ပုတီးစိပ်နိုင်သောအွန်လိုင်းလိပ်စာများ

မေလသည် မယ်တော်အား အထူးသဒ္ဓါကြည်ညိုရသောလဖြစ်သည်။ မယ်တော်ကို သဒ္ဓါကြည်ညိုခြင်းပြရာတွင် စိပ်ပုတီးစိပ်ခြင်းသည် မယ်တော်ကိုယ်တိုင်နှစ်သက်သော၊ ဘုရားသခင်၏ကောင်းကြီးတော်ကိုသေချာစွာရရှိခံစားရသော ဆုတောင်းနည်းဖြစ်သည်။ ထို့အတူ မေလတစ်လလုံး၌ ကမ္ဘာပေါ်ရှိ မယ်တော်ဂူများမှ စိပ်ပုတီးစိပ်ခြင်းအစီအစဉ်ကို လည်း လိုင်းမှတိုက်ရိုက်ထုတ်လွှင့်ပေးနေကြသည်။ ဤကြည်ညိုခြင်းကို ‘စိပ်ပုတီးမာရာသွန်’ ဟုရဟန်းမင်းကြီးက တင် စားထားသည်။ ဤကမ္ဘာပေါ်ရှိမယ်တော်ဂူများမှ စိပ်ပုတီးစိပ်ခြင်းကိုတိုက်ရိုက်ထုတ်လွှင့်ခြင်း၌ပါ၀င်ခြင်းဖြင့် ကမ္ဘာကြီး ကိုခြိမ်းခြောက်နေသော ကိုးဗစ် (၁၉) ကပ်ရောဂါဆိုးကြီး အမြန်ဆုံးထိန်းချုပ်ကင်းဝေးနိုင်ရန်၊ လူမူရေးလုပ်ငန်းများ၊ မိမိတို့၏လုပ်ငန်းများ ပုံမှန်အတိုင်း အမြန်ဆုံးပြန်လည်လုပ်ကိုင်နိုင်ရန် မေလ (၅) ရက်‌နေ့က ဘုရားဖူးပြည်သူများနှင့် စိန့်ပီတာရင်ပြင်၌တွေ့ဆုံစဉ်မိန့်ကြားခဲ့သည်။ မြန်မာနိုင်ငံသားများအဖို့မှာမူ လောကပါလ တရားတော်နှင့်ညီသော နိုင်ငံတော်ကြီးကို အမျိုးသားညီညွှတ်ရေးအစိုးရ၏ဦးဆောင်မှု၊ မြန်မာပြည်သူများ၏စည်းလုံးမှုဖြင့်အမြန်ဆုံးပြန်လည် ထူထောင်နိုင်ရေး ဆုတောင်းပေးကြပါစို့။

ဧဝံဂေလိတရားပြန့်ပွားရေးရုံးတော်မှ စီစဉ်ကာထုတ်ပြန်လာသော ကမ္ဘာပေါ်မှ မယ်တော့်ဂူ (၃၀) ခုကိုဖော်ပြပေး လိုက်ပါသည်။ (မှတ်ချက်။ ။ ကမ္ဘာပေါ်၌ ဤမယ်တော်ဂူ (၃၀) ခုသာရှိသည်ဟုဆိုလိုသည်မဟုတ်။ စိပ်ပုတီးစိပ်ခြင်းအစီ အစဉ်ကို တိုက်ရိုက်ထုတ်လွှင့်ပေးနိုင်ခြင်း၊ သမိုင်း၀င်ခြင်း၊ ကြည်ညိုဖွယ်ကောင်းခြင်း၊ မေ (၃၁) ရက်စာတွက်၍ ထုတ်လွှင့်ခြင်း တို့ကြောင့် (၃၀) ခုကိုသာထုတ်လွှင့်ပေးခြင်းဖြစ်သည်။

အဆိုပါမယ်တော်ဂူများမှ အလှည့်ကျသည့်နေ့၌ ကမ္ဘာ့စံတော်ချိန် ညနေ (၆) နာရီ အချိန်၌ချိပ်ဆက်၍ စိပ်ပုတီး စိပ်နိုင်ပါသည်။

မေ ၁။ အစဉ်ကူညီမှိုင်းမသောမယ်တော် (စိန့်ပီတာဘာစီးလီကာဘုရားကျောင်းကြီး၊ ရောမ၊ ဥရောပ)၊

ရည်ရွယ်ချက် - ကပ်ရောဂါဆိုးကြီး၏တိုက်ခိုက်ခြိမ်းခြောက်ခံနေရသော ကမ္ဘာကြီးအတွက်၊

မေ ၁။ Walsingham မယ်တော်ဂူ (မယ်တော်၏ဘာစီးလီကာဘုရားကျောင်းကြီး၊ အင်္ဂလန်၊ ဥရောပ) ရည်ရွယ်ချက် - ကွယ်လွန်သွားသောသူများအားလုံးအတွက်၊

မေ ၂။ ကယ်တင်ရှင် ယေဇူးနှင့်အမိမယ်တော် ဗိမာန်တော် (Elele ၊ နိုင်ဂျီးရီးယား၊ အာဖရိက) ရည်ရွယ်ချက် - မိမိတို့၏ မိသားစု၀င်များအား နှုတ်ဆက်ခွင့်မရဘဲ ရုတ်တရက် (သို့) အဝေး၌ကွယ်လွန်ခဲ့ရသူများ၏၀ိညာဉ်များအတွက်၊

မေ ၃။ Częstochowa မှမဟူရာရောင် မယ်တော်ဂူ (Częstochowa ပိုလန်၊ ဥရောပ) ရည်ရွယ်ချက် - ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူများနှင့်ရောဂါအမျိုးမျိုးကိုခံစားနေရသူများအားလုံးအတွက်၊

မေ ၄။ မယ်တော်အား အမိန့်တော်ပြန်သော ဘာစီးလီကာဘုရားကျောင်းတော်ကြီး (နာဇရက်မြို့၊ အီစ္စရေး၊ အာရှ) ရည်ရွယ်ချက်။ ။ ကိုယ်၀န်ဆောင်များ၊ လစေ့နေ့စေ့မိခင်များနှင့်မွေးဖွားလာတော့မည့်၄င်းတို့၏ရင်သွေးများအတွက်၊

မေ ၅။ စိပ်ပုတီးသခင်မမယ်တော်ဂူ (Namyang ၊ တောင်ကိုးရီးယား၊ အာရှ) ရည်ရွယ်ချက် - ကလေးသူငယ်များနှင့်လူပျို အပျိုဖော်၀င်ကြတော့မည့်သူများအားလုံးအတွက်)

မေ ၆။ Aparecida မယ်တော်ဂူ (ဘရာဇီးလ်၊ အမေရိကား) ရည်ရွယ်ချက် - လူငယ်မောင်မယ်များအားလုံးအတွက်၊

မေ ၇။ ငြိမ်းချမ်းရေးနှင့်ရေကြောင်းခရီးအားမှိုင်းမသောမယ်တော် (Antipolo ဘာစီးလီကာဘုရားကျောင်းတော်ကြီး၊ ဖိလစ်ပိုင်၊ အာရှ) ရည်ရွယ်ချက် - မိသားစုများအားလုံးအတွက်၊

မေ ၈။ Luján မယ်တော် (Luján၊ အာဂျင်တီးနား၊ အမေရိကား) ရည်ရွယ်ချက် - လူထုဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသော၀န်ထမ်းများအားလုံးအတွက်၊

မေ ၉။ လော်ရက်တိုမယ်တော်ဂူ (သန့်ရှင်းသောအိမ်တော် ဘာစီးလီကာဘုရားကျောင်း၊ အီတလီ၊ ဥရောပ) ရည်ရွယ်ချက် - သက်ကြီးရွယ်အိုများအားလုံးအတွက်၊

မေ ၁၀။ အသနားခံပေးသောမယ်တော်ဂူ (အိုင်ယာလန်၊ ဥရောပ) ရည်ရွယ်ချက် - မသန်စွမ်းများအားလုံဂအတွက်၊

မေ ၁၁။ ချို့တဲ့နွမ်းပါးသူတို့၏သခင်မ (Banneux ဘဲလ်ဂျီးယံ၊ ဥရောပ) ရည်ရွယ်ချက် - ချို့တဲ့နွမ်းပါးသူများ၊ အိမ်ရာမဲ့ သူများ၊ အလုပ်အကိုင်၊ စီးပွားရေးအဆင်မပြေသူများအားလုံးအတွက်)

မေ ၁၂။ အာဖရိကအား မှိုင်းမသောမယ်တော် (Algiers၊ အဲလ်ဂျေးရီးယား၊ အာဖရိက) ရည်ရွယ်ချက် - အထီးကျန်နေသူ များ၊ မျှော်လင့်ချက်မဲ့နေသူများအားလုံးအတွက်၊

မေ ၁၃။ ဖာတီမာမယ်တော်ဂူ (ဖာတီမာ၊ ပေါ်တူဂီ၊ ဥရောပ) ရည်ရွယ်ချက် - မည်သည့်အကြောင်းကြောင့်မဆို အကျဉ်း ကျနေသော အကျဉ်းသားများအားလုံးအတွက်၊

မေ ၁၄။ ကျန်းမာခြင်းမယ်တော်ဘုရားကျောင်းတော်ကြီးမှမယ်တော်ဂူ (ဗာလန်ကန်နီ၊ အိန္ဒိယ၊ အာရှ) ရည်ရွယ်ချက် - သိပ္ပံပညာရှင်များနှင့်သုတေသနလုပ်ငန်းများကိုလုပ်ဆောင်နေကြသောပညာရှင်များအားလုံးအတွက်၊

မေ ၁၅။ Medjugorje မှငြိမ်းချမ်းရေးမယ်တော်ဂူ (ဘောစနီးယား၊ ဥရောပ) ရည်ရွယ်ချက် - မိမိတို့၏နေရပ်မှ ပြောင်းရွေ့ ၍နယ်သစ်ပယ်သစ်များသွားရောက်ရှာဖွေနေထိုင်ကြသူများအားလုံးအတွက်)

မေ ၁၆။ အလွန်စင်ကြယ်သောဘုရား၏မယ်တော် ကက်သီဒြယ်နှင့်ဘာစီးလီကာမှ ခရစ္စတီယာန်တို့အားမှိုင်းမသော သခင်မမယ်တော်ဂူ (ဆီဒ်နီ၊ ဩစတေးလျား၊ ပင်လယ်ကန်းရိုးတန်း) ရည်ရွယ်ချက် - အကြမ်းဖက်မူအမျိုးမျိုးကိုခံရသော သူများနှင့်လူကုန်ကူးခံရသူများအားလုံးအတွက်၊

မေ ၁၇။ ၀ါရှင်တန်ဒီစီမှ အပြစ်မဲ့သန္ဓေယူတော်မူသောမယ်တော်ဂူ (၀ါရှင်တန်၊ အမေရိကန်ပြည်ထောင်စု) ရည်ရွယ်ချက် - ကမ္ဘာ့ခေါင်းဆောင်ကြီးများအားလုံးနှင့်ကမ္ဘာ့အဖွဲ့အစည်းအသီးသီးများအားလုံးအတွက်၊

မေ ၁၈။ လုဒ်မယ်တော်ဂူ (လုဒ်၊ ပြင်သစ်၊ ဥရောပ) ရည်ရွယ်ချက် - ဆရာ၀န်များအားလုံး၊ သူနာပြုများအားလုံးအတွက်၊

မေ ၁၉။ ဧဖက်ဆုစ့်ရှိ မယ်တော့်အိမ်တော် (ဧဖက်ဆုစ့်၊ တူရကီ၊ အာရှ) ရည်ရွယ်ချက် - စစ်ဘေးဒဏ်ကြုံနေရသူများအား လုံးနှင့်ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်၊

မေ ၂၀။ El Cobre မှကရုဏာရေးရှင်မယ်တော့်ဘာစီးလီကာရှိမယ်တော်ဂူ (ဆန်တီရေဂို၊ ကျူးဘား၊ အမေရိကား) ရည်ရွယ်ချက် - ဆေး၀ါးဖော်စပ်သောပညာရှင်များနှင့်ကျန်းမာရေး၀န်ထမ်းများအားလုံးအတွက်၊

မေ ၂၁။ အပြစ်မဲ့သန္ဓေယူတော်မူသောမယ်တော်ဘာစီးလီကာရှိ နာဂါဆာကီမယ်တော်ဂူ (နာဂါဆာကီ၊ ဂျပန်၊ အာရှ) ရည်ရွယ်ချက် - လူမူရေး၊ ပရဟိတ္တလုပ်သားများအားလုံးအတွက်၊

မေ ၂၂။ Montserrat မယ်တော်ဂူ (စပိန်၊ ဥရောပ) ရည်ရွယ်ချက် - စေတနာ့၀န်ထမ်းများအားလုံးအတွက်၊

မေ ၂၃။ Notre-Dame-du-Cap ဘာစီးလီကာရှိ Notre-Dame-du-Cap မယ်တော်ဂူ (Trois-Rivières ကနေဒါ၊ အမေရိကား) ရည်ရွယ်ချက် - တရားဥပဒေစိုးမိုးရေးအတွက်လုပ်ဆောင်နေကြသူများ၊ စစ်မူထမ်းနေကြသူများ၊ မီးသတ်တပ်ဖွဲ့၀င်များ အားလုံးအတွက်၊

မေ ၂၄။ ညောင်လေးပင် လုဒ်မယ်တော်ဂူ (ညောင်လေးပင်၊ မြန်မာ၊ အာရှ) ရည်ရွယ်ချက် - လိုအပ်နေသော လူမူရေး အကူအညီများပံ့ပိုးပေးနေကြသူများအားလုံးအတွက်၊

မေ ၂၅။ Ta' Pinu ဘာစီးလီကာရှိ Ta' Pinu မယ်တော်ဂူ (Għarb မောလ်တာ၊ ဥရောပ) ရည်ရွယ်ချက် - ဆရာ၊ ဆရာမ များ၊ ကျောင်းသူကျောင်းသားများ၊ ပညာရေး၀န်ထမ်းများအားလုံးအတွက်၊

မေ ၂၆။ ဂွာတာလုပေဘာစီးလီမှ ဂွာတာလုပေမယ်တော်ဂူ (မက်စီကိုစီးတီး၊ မက်စီကို၊ အမေရိကား) ရည်ရွယ်ချက် - အလုပ်သမားများနှင့်လုပ်ငန်းရှင်များအားလုံးအတွက်၊

မေ ၂၇။ Zarvanytsia မှဘုရား၏မယ်တော်ဂူ (ယူကရိန်း၊ ဥရောပ) ရည်ရွယ်ချက် -အလုပ်လက်မဲ့ဖြစ်နေသောသူများအားလုံးအတွက်၊

မေ ၂၈။ Altötting မယ်တော်ဂူ (Altötting မှမဟူရာမယ်တော်) (ဂျာမဏီ၊ ဥရောပ) ရည်ရွယ်ချက် - ရဟန်းမင်း ကြီး၊ ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ ဦးပဉ္ဇင်းများအားလုံးအတွက်၊

မေ ၂၉။ လက်ဘနွန်မှ လက်ဘနွန်မယ်တော်ဂူ (Harissa လက်ဘနွန်၊ အာရှ) ရည်ရွယ်ချက် - ဘုရားသခင်၏နိုင်ငံ တော်အတွက် မိမိတို့၏ဘ၀အသက်တာကိုဆက်ကပ်ထားကြသော သုံးပါးသစ္စာရှင်အမျိုးသား၊ အမျိုးသမီးများအား လုံးအတွက်၊

မေ ၃၀။ ပုံပေမြို့ရှိ စိပ်ပုတီးသခင်မ မယ်တော်ဂူ (အီတလီ၊ ဥရောပ) ရည်ရွယ်ချက် - အမိကက်သလစ်သာသနာတော် ကြီးအတွက်၊

မေ ၃၁။ ဗာတီကန်ဥယျာဉ်ရှိမယ်တော်ဂူ (ရောမ၊ အီတလီ၊ ဥ‌ရောပ) ရည်ရွယ်ချက် - ကိုးဗစ် (၁၉) ရောဂါကပ်ဆိုးကြီး အမြန်ဆုံးထိန်းချုပ်ကင်းဝေး၍ လူမူရေး၊ ဘာသာရေး၊ စီးပွားရေးများ အမြန်ဆုံးပြန်လည်ပတ်နိုင်ရန်၊

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2R4XlJQ

 

Add new comment

1 + 16 =