ကမ္ဘာပေါ်ရှိ ဆာလောင်မွတ်သိမ့်မှူ့ခံစားနေရသောသူများကို ကယ်တင်ဖို့ စည်းလုံးခြင်းနှင့် စိတ်နှလုံးကောင်းများလိုအပ်

ဆိုမာလီ ဒုက္ခသည်များအတွက် စားစရာများ ပေးဝေခြင်း

ကမ္ဘာပေါ်ရှိ ဆာလောင်မွတ်သိမ့်မှူ့ခံစားနေရသောသူများကို ကယ်တင်ဖို့ စည်းလုံးခြင်းနှင့် စိတ်နှလုံးကောင်းများလိုအပ်
ဇူလိုင်လ ၁၇၊ ၂၀၁၉

ကမ္ဘာကုလသမ္မက အစားအစာ နှင့် ကျန်းမာရေး ဌာန၏ ၂၀၁၈ ခုနှစ် အစီရင် ခံစာအရ လူဦးရေ သန်း ၈၂၀ သည် အစားအစာမလုံလောက်မှုကြုံတွေ့နေရကြောင်း ဗာတီကန်နိုင်ငံ ကုလသမ္မက အမြဲတန်းအတွင်းဝင် Msgr. Fernando Chica Arellano ထောက်ပြပြောကြားခဲ့ပါသည်။

အဟာရမလုံလောက်မှုသာမက အဟာရ ချို့တဲ့စွာနေထိုင်နေကြသော လူသားများ များစွာရှိနေသလို၊ တဖက်မှာ လည်း ကမ္ဘာပေါ်ရှိ လူ ၆၇၂ သန်းသည် လူလပ်ပိုင်းများ ၈ ယောက်လျှင် တစ်ယောက် နှုန်းသဘာဝ အရ အဝလွန်ရောဂါ ခံစားနေကြရကြောင်း၊ ယင်းကဲ့သို့ သော အဝလွန်မှု နှင့် အဟာရချို့တဲ့သော အခြေအနေ နှစ်မျိုးလုံးတွင် ကောင်မွန်လှပသော အနာဂတ်များ ရရှိရန် ခက်ခဲကြောင်း ထောက်ပြ ပြောကြားခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင်လူသားတို့ကြောင့်ပျက်စီလာမူ့များ၊ စီးပွားရေး ပဋ္ဌိပက္ခများ နှင့် စစ်ပွဲများ စသည့် အချက်သုံးချက်သည် လူသားများကို ပိုမိုငတ်မွတ်စေသော အခြေအနေများ ဖြစ်ပေါ်စေကြောင်း ယင်းပြသနားများကို ဖယ်ရှားပြစ်ရန် ကောင်းသော စိတ်ဆန္ဒမရှိခြင်းသည် ပိုမိုဆိုးဝါးကြောင်း၊ ထို့အတွက်ကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဝိုင်းဝန်းပူးပေါင်းပြီး ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း ထောက်ပြခဲ့ပါသည်။

ဆင်းရဲသားတို့အော်ဟစ်သံကို နှလုံးသား နှင့် ကြားနာကြဖို့ လိုအပ်ကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ စည်းလုံခြင်းဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြကာ ဆာလောင်မွတ်သိမ့်နေသူများကို ကယ်တင်ကူညီကြဖို့၊ ယင်းကဲ့သို့ အတူတကွ လုပ်ဆောင်မှုမရှိလျှင် ၂၀၃၀ တွင် တကမ္ဘာလုံး ငတ်မွတ်မူ့ကင်းစဉ်ရမည်ဟူသော စည်မံကိမ်း ပြည့်မှီစွာ အကောင်းအထည် ဖော်ရန် မဖြစ်နိုင်ကြောင်း ထောက်ပြပြေကြားခဲ့ပါသည်။
By Kyi Maung
Photo credit to Vatican News

https://bit.ly/2YSMqSs

Add new comment

10 + 4 =