ကပ်ရောဂါ ကာလအတွင်း ပြင်သစ် လုဒ်မယ်တော်ပွဲ မတက်ရောက်နိုင်သူများအတွက် ဒရုန်းနဲ့ ကြည့်ရှုနိုင်ရန် စီစဥ်ဆောင်ရွက်ပေး

ကပ်ရောဂါ ကာလအတွင်း ပြင်သစ် လုဒ်မယ်တော်ပွဲ မတက်ရောက်နိုင်သူများအတွက် ဒရုန်းနဲ့ ကြည့်ရှုနိုင်ရန် စီစဥ်ဆောင်ရွက်ပေး

ကပ်ရောဂါ ကာလအတွင်း ပြင်သစ် လုဒ်မယ်တော်ပွဲ မတက်ရောက်နိုင်သူများအတွက် ဒရုန်းနဲ့ ကြည့်ရှုနိုင်ရန် စီစဥ်ဆောင်ရွက်ပေး

2020 ခုနှစ် မတ်လတွင် ကပ်ရောဂါဖြစ်ပွားမှု မြင့်မားချိန်တွင်၊ အကျော်ကြားဆုံး ဘုရားဖူးခရီးစဉ်များထဲမှ တစ်ခုဖြစ်သည့် ပြင်သစ်နိုင်ငံ လုဒ်မယ်တော်ပွဲသည် ရောဂါကြောင့် သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အများပြည်သူလာရောက်ဝတ်ပြုမှုအား ကန့်သတ်ပိတ်ခဲ့ရပါတယ်။

ကပ်ရောဂါကြောင့် လုဒ်မယ်တော်ထံ လူအများလာလို့မရပေမယ့်ဒရုန့်းနဲ့ ကြည့်ရှုကာ စိတ်အားဖြင့် ရောက်ရှိပါ ဝင်နိုင်ကြောင်း ဒရုန်းလေယာဉ်မှူးနှင့် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုတဲ့ Clian de La Rochefoucauld ကဆိုပါတယ်။

"ဒီပရောဂျက်ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရဲ့ အမွေအနှစ်တွေကို လူတိုင်းလက်လှမ်းမီနိုင်အောင်လို့ပါပဲ။ တချို့လူတွေကအခြားပြဿနာတွေရှိတာကြောင့် ဒီအမွေအနှစ်တွေ ရှိတဲ့ ဆီလာလို့မရဘူး။ ဒီကိုလာချင်တဲ့သူတွေ စိတ်ကူးထဲမှာ မလာနိုင်ဘူးမလား။ ဒါကိုစိတ်မပူပါနဲ့။ ကျွန်တော်တို့က မိတ်ဆွေတို့ဆီ တွေ့ဖို့လာလိမ့်မယ်"ဆိုပြီး ဖန်တီးသူက ဆိုပါတယ်။

ဖန်တီးသူ Clian ဟာ သူလုပ်ဖူးသမျှ အကြီးမားဆုံး ပရောဂျက်ဖြစ်တဲ့ ဒီအလုပ်ကို အပြီးသတ်ဘို့ နေ့ရောညပါ အလုပ်လုပ်ခဲ့ပြီး ၁၅ ရက်လုံးလုံး ရင်ပြင်မှာ လုပ်စရာရှိတာလုပ်ဖို့ခွင့်ပြုချက်ရရှိခဲ့တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပါတယ်။

မယ်တော်ရင်ပြင်ဟာ တအားကိုကျယ်တော့ တယောက်တည်းနေရတဲ့အခါ သေးသွားသလို ခံစားရကြောင်း ဒီရင်ပြင်နေရာဟာ တစ်ယောက်ထဲမဟုတ်ရင် ဘယ်လောက်ကြီးမားလဲဆိုတာ မြင်နိုင်မှာ မဟုတ်ကြောင်း
ပြီးတော့ ခရစ်ယာန်တစ်ယောက်အတွက် ဒါက အရမ်းစိတ်လှုပ်ရှားစရာကောင်းပြီး အရမ်းအထင်ကြီးစရာကောင်းတဲ့အရာတစ်ခုဖြစ်ကြောင်း ဖန်တီးသူက ဆိုပါတယ်။

ဒီ ရင်ပြင်ကို ကြည့်ဖို့ အွန်လိုင်း (youheritage.com) နဲ့ Sanctuary of Lourdes အက်ပ်မှာ ရနိုင်တယ်လို့လည်း ဆိုပါတယ်။

ဖန်တီးသူ Clian de La Rochefoucauld ၏ထူးခြား တဲ့ ဒီပရောဂျက်ဟာ နိုင်ငံပေါင်း ၁၆၂ နိုင်ငံ မှ လူဦးရေ ၅၃,၀၀၀ ခန့် ဆီသို့ရောက်ရှိနေပြီဖြစ်တယ်။ လုဒ်မယ်တော် သခင်မထံ လူကိုယ်တိုင်လာရောက်လည်ပတ်ခြင်းအတွေ့အကြုံဟာ ဘယ်အရာနဲ့မှ လဲလို့မရဘဲသာလွန်သည်လို့ ဆိုပေမယ့်လည်း၊ သူရဲ့ဒရုန်းများဟာ ဒီရင်ပြင်နေရာများနဲ့ ယဉ်ကျေးမှုဆိုင်ရာနေရာများကို ကြည့်ရှုဖို့ လူများပိုမိုနှစ်သက်လိမ့်မယ်လို့ မျှော်လင့်ကြပါတယ််။

ဘာသာပြန်- အာဗီအေမြန်မာ

https://bit.ly/3gvIlxQ

Add new comment

7 + 6 =