ကပ်ရောဂါအတွင်း ဗြိတိန်လူ ငယ်များ ဘာသာတရားယုံ ကြည်မှုတိုးမြင့်လာ

ကပ်ရောဂါအတွင်း ဗြိတိန်လူ ငယ်များ ဘာသာတရားယုံ ကြည်မှုတိုးမြင့်လာ

ယနေ့ခေတ်လူငယ်များ ၏ ယုံကြည်မှုကို အင်တာနက်အ သုံးပြု၍ စစ်တမ်းကောက်ယူသည့် "နှစ်အကုန်"ဟူသော လှုပ်ရှားမှုတစ်ခု​ကို ဗြိတိန်နိုင်ငံတွင် ပြုလုပ်ခဲ့ကြသည်။

ထိုစစ်တမ်းအရ လူငယ်များအထူးသဖြင့်အသက်၂၀ အောက် လူငယ်များသည် ထင်ထားသည်ထက် ပိုမိုစွာ ဘုရားတရားရှိကြောင်းတွေ့လာရသည်။ ဤဖြစ်ရပ်မှာ အင်တာနက်ပေါ်တွင် ဘုရားတရားအကြောင်းများလွယ်

လင့်တကူရှာဖွေနိုင်ခြင်းနှင့် စိတ်တူကိုယ်တူမိတ်ဆွေများရှိခြင်းကြောင့်ဖြစ်မည်ဟု ခန့်မှန်းရသည်။

အသက်၃၀ခန့်အရွယ် လူငယ်များနှင့် နှိုင်းစာလျှင် အသက် ၂၀ အရွယ် လူငယ်များမှာ ဘု ရားတရားပိုရှိသည်ဟုဆို သည်။

လူငယ်များသည် ပွင့်လင်းမြင်သာသော ပတ်ဝန်းကျင်တွင်နေထိုင်ရသည့်အပြင် ဘာသာရေးအတွေးအမြင်များလည်း လွတ်လပ်စွာစူးစမ်းပြောဆိုခွင့်ရှိခြင်းနှင့် ကပ်ရောဂါအတွင်း အချိန်ပေးစဉ်း စားသုံးသပ်ကြခြင်းကြောင့်ဖြစ်သည် ဟုလည်း တွေ့ရှိခဲ့ကြသည်။

သို့သော် ဘုရားသခင် သို့မ ဟုတ် တန်ခိုးရှင်တစ်ပါးပါးကိုယုံကြည်သူရာခိုင်နှုန်းမှာ ၄၆ ရာခိုင်နှုန်းမှ ၄၄ ရာခိုင်နှုန်းသို့ထိုးကျသွားခဲ့ပြီး အသက် အ ရွယ်အရ ဘာသာတရားကိုင်းရှိုင်းဆုံးမှာ အသက် ၆၀ ဝန်း ကျင်ဖြစ်ပြီး ၃၆ ရာခိုင်နှုန်းက ဘုရားသခင်ကိုယုံကြည်ကြသည်။ တစ်ဖက်တွင်လည်း ဘာသာမဲ့အရေအတွက်မှာ တိုးပွားနေခဲ့သည်။

ဘာသာရေးကိုင်းရှိုင်းသောလူငယ်အများစုမှာ မူစလင်များ၊ အာဖရိကန်များနှင့် ဒု က္ခသည်အဖြစ်ခိုလှုံသော ကက် သလစ်မိသားစုများဖြစ်ကြသည်။

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of: fizkes | Shutterstock

https://bit.ly/3n7gqVR

Add new comment

11 + 5 =