ကပ်ရောဂါအတွင်းကျင်းပရသော ခရစ္စမတ်အတွက် ရဟန်းမင်းကြီး၏ အဓိကသတင်းစကားနှစ်ခု

ကပ်ရောဂါအတွင်းကျင်းပရသော ခရစ္စမတ်အတွက် ရဟန်းမင်းကြီး၏ အဓိကသတင်းစကားနှစ်ခု

သန့်ရှင်းသောရက်သတ္တပတ်ကဲ့သို့ပင် (၂၀၂၀)ခုနှစ်၏ ခရစ္စမတ်သည်လည်း ကပ်ရောဂါအတွင်း ကျင်းပခဲ့ကြရသည်။ သို့သော် ခရစ္စမတ် သန်းခေါင်ယံမစ္ဆားတွင်မူ ရဟန်းမင်းကြီးသည် သူ၏ သြ၀ါဒကို ကပ်ရောဂါအကြောင်း အဓိကထားပြီး ပြောကြားခဲ့ခြင်းမရှိပေ။

ဘုရားရှင်၏သားတော်သည် လူအများဝိုင်းပယ်ထားသောနေရာတွင် မွေးဖွားခဲ့ခြင်းမှာ လူအများ၏ ဝိုင်း ပယ်ခံထားသူတိုင်းသည် ဘုရားရှင် ၏ သားသမီးများဖြစ်သည်ဟူသောအချက်ကို ဖော်ပြလိုခြင်းဖြစ်သည်။ ဘုရားရှင်၏သားတော်သည် ကမ္ဘာပေါ်ရှိ ကလေးသူငယ်တိုင်း မွေးဖွားသကဲ့သို့ ဆင်းရဲအားနည်းစွာ ဖွားမြင်ခဲ့ခြင်းမှာ ကျွန်ုပ်တို့၏ အားနည်းချက်များကို ချစ်ခြင်းအားဖြင့် လက်ခံတတ်ပြီး ကျွန်ုပ်တို့၏ ဆင်းရဲအားနည်းခြင်းအားဖြင့် ဘုရားရှင်၏ချစ်ခြင်းမေတ္တာကို ပိုမိုပေါ်လွင်စေရန်ဖြစ်သည်။

နိုင်ငံ့ခေါင်းဆောင်များ၊ လုပ် ငန်းရှင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများအား ယှဉ် ပြိုင်နေကြမည့်အစား အတူပူးပေါင်းကာ လူတစ်ဦးချင်းစီတိုင်းအတွက် အဖြေကိုရှာရန်၊ ကပ်ရောဂါကာကွယ်ဆေးအား လူသားတိုင်းအတွက် အထူးသဖြင့် ကမ္ဘာ့နေရာအနှံ့အပြားမှ အလိုအပ်ဆုံးသော လူသားတိုင်းအတွက် ဖြစ်စေရန် ကျွန်ုပ်မေတ္တာရပ်ခံပါသည်ဟု ရဟန်းမင်းကြီးမှ ပြောကြားခဲ့သည်။

ဘာသာပြန်-ဘရာသာရ်ပက်ထရစ် အေးရှိုင်းအောင်

Photo courtesy of : Youtube

https://bit.ly/3rROkkU

Add new comment

3 + 3 =