ကပ်ရောဂါဘေးဆိုးအလယ်၌ ကက်သလစ် သီလရှင်များ အားနည်းသူများကို စွန့်စားကယ်ဆယ်

ကပ်ရောဂါဘေးဆိုးအလယ်၌ ကက်သလစ် သီလရှင်များ အားနည်းသူများကို စွန့်စားကယ်ဆယ်

ကပ်ရောဂါဘေးဆိုးအလယ်၌ ကက်သလစ် သီလရှင်များ အားနည်းသူများကို စွန့်စားကယ်ဆယ်

ဂါနာ မှာရှိတဲ့ မွေးရာပါ မပြည့်စုံ စွန့်ပစ်ခံ ကလေးငယ်လေးများကိုကြည့်ရှုစောင့်ရှောက်ပေးရန် ကက်သလစ်သီလရှင်တစ်ပါး ဖြစ်တဲ့ စစ္စတာရ် စတဲန် မူမူနီ ဟာ သူမှကိုယ်သူမ ပေးဆပ်ခဲ့သူဖြစ်ပါတယ်။

အနောက်အာဖရိကမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားချိန်မှာ သူမဟာ စျေးသို့အပြေးသွားပြီး ဒီကလေးတေ အတွက် ဆပ်ပြာနဲ့ လိုအပ်ရာတွေ၀ယ်ဘို့ အပြေးသွားခဲ့ပေမဲ့ စျေးဟာ ၃ ဆ တက်နေခဲ့ပြီဖြစ်တယ်လို့ဂျွန်လ ၂၃ ရက်နေ့ အင်တာနက် အစည်းအဝေးမှာ သူမက ဆိုပါတယ်။

ကျမတို့ အရမ်းဆင်းရဲတဲ့နေရာမှာနေပါတယ် လူအများကြီးဟာ အဆာပြတ်လပ်လို့သေလုမျောပါးဖြစ်နေကြပါတယ်။ ကျမတို့ဆီမှာရှိတဲ့ နည်းနည်းလေးနဲ့ ကူညီနိုင်သလောက် အလှမ်းမှီသလောက်တော့ ရုန်းကန်ကူညီပေးနေပါတယ်လို့သူမက ဆိုပါတယ်။

ကိုဗစ်စတာပြီး အိမ်တွင်းအောင်းကာလရောက်တာနဲ့ စစ္စတာရ် စတဲန် ဆီကို ဖုန်းခေါ်သူတွေ အများကြီးရှိလာပြီး ပစ်ထားခံရတဲ့ကလေးတွေ လာကောက်ဘို့ပြောကြ​​ောင်း သေလုမြောပါးအသက်လူနေတဲ့ မွေးကင်းစ ကလေးလေးများပင်ပါ၀င်ကြောင်း ရဟန်းဘုန်းတော်ကြီးများထံမှလည်း ဖုန်းခေါ်ပြီး ဒုက္ခရောက်နေပြီ ဒီကလေးလေး ကိုကယ်ပါ ခေါ်ပါ မွေးစားလိုက်ပါ စစ္စတာရ်ဆိုပြီးလာ အပ်တာမျိုးလေးတွေလဲရှိကြောင်း

စစ္စတာရ်အခုပဲ ပြေးလာခဲ့ပါ ကလေး ၂ယောက် သတ်သေကြတော့မလို့ ကျနော်တို့ကယ်ထားတယ်။ နောက်တယောက်က အမေက အခုပဲ ကလေးမီးဖွားပြီးဆုံးသွားတယ် ကလေးလေးကို ဆုံးမ ဆိုပြီး သတ်မှတ်နေကြတယ်။ ကျနော်တို့တခုခုလုပ်မှ ဖြစ်မယ် စစ္စတာရ်ဆိုတဲ့ ​နေ့ညမပြတ်ဖုန်းခေါ်သံတွေရှိနေကြောင်း၊ ကျမတို့ အရဲစွန့်ပြီး အန္တရာယ်ကြားက အပြစ်မဲ့ကလေးလေးတွေကို ကယ်တင်နေတာပါ။ ဒီလူ့ဘောင်မှာ ကျမတို့ရဲ့ သာသနာပြုလုပ်ငန်းက အသက်တွေကို ကာ်ဘို့၊ ဝိညာဉ်တွေကိုကယ်ဘို့၊ ဘုရားရှင်ရဲ့ ချစ်ခြင်းမေတ္တာသတင်းကောင်းကို ဆက်လက်သယ်ဆောင်ပေးနေဘို့ပဲဖြစ်ပါတယ်။ ကျမတို့ စစ္စတာရ်တွေ အငယ်ပိုင်းထဲက သူနာပြုအများကြီးဟာ အပြင်ထွက် ပြီး ဒုက္ခရောက်နေသူများကို ရှာဖွေကူညီပေးနေကြပါတယ်။

အီတလီနဲ့ ကမ္ဘာတဝှမ်းမှာရှိတဲ့ သီလရှင်များစွာဟာ ခြိုးခြံပေးဆပ်ခြင်တွေနဲ့ တတ်နိုင်တဲ့ဘက်က သူတပါးကို ဂရုစိုက်ကူညီပေးနေကြသူများဖြစ်ပါတယ် ဒါကို သတိယပေးကြရအောင် ဂုဏ်ပြုကြ ရအောင်ပါလို့ စစ္စတာရ် စတဲန်က အွန်လိုင်းအစည်းအဝေးမှာပြောကြားခဲ့သည်ကို CNA သတင်းအရသိရှိရပါတယ်။

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo Credit: The U.S. Embassy to the Holy See

https://bit.ly/2CDr5pN

Add new comment

6 + 5 =