ကပ်ရောဂါဖြစ်ပွားသော (၂၀၂၀) ခုနှစ်၏ အကောင်းဆုံးပုံရိပ်

ကပ်ရောဂါဖြစ်ပွားသော (၂၀၂၀) ခုနှစ်၏ အကောင်းဆုံးပုံရိပ်

(၂၀၂၀)ခုနှစ်သည် ကျန်း မာရေးကပ်ဆိုက်သောကာလ ဖြစ်ခဲ့သည်။ ၄င်းသည် ကမ္ဘာ့လုပ် ငန်းစဉ်များနှင့် ဗာတီကန် ၏ လုပ်ငန်းစဉ်များအား လုံး၀ဥသုံ ပြောင်းလဲမှုဖြစ်စေခဲ့သည်။ သို့သော် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် လုပ်စရာရှိသည်များကိုမူ အကောင်းဆုံးလုပ်ဆောင်ခဲ့သည်။

ဥပမာအားဖြင့် (၂၀၂၀)ခုနှစ် မတ်လ(၂၇) ရက်နေ့က ဟင်း လင်းပြင် လူတစ်ဦးတစ်ယောက်မျှမရှိသော ဗာတီကန်ရင်ပြင်မှ တစ်ကမ္ဘာလုံးအား ကောင်းကြီးမင်္ဂလာပေးခဲ့သည်။ ယင်းလုပ်ရပ်သည် တစ်ကမ္ဘာလုံးအား အကျိုးသက်ရောက်မှု များစွာဖြစ်စေခဲ့သော လုပ်ရပ်ဖြစ်စေခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် ကပ်ရောဂါမှ မည်သည့်အရာများ သင် ယူနိုင်သည်ကို တွေး တောကြရန် တိုက်တွန်းအား ပေးခဲ့သည်။ ကမ္ဘာ့ကပ်ရောဂါသည် ရဟန်းမင်းကြီး ဖရန်စစ်၏ စာချွန်တော်ဖြစ်သော “Fratelli Tutti”ကဲ့သို့သော စာချွန်တော်ဖြစ်ပေါ်လာစေရန်အတွက် အထောက် အ ကူဖြစ်စေခဲ့သော ငြိမ်းချမ်းရေးအတွက် ကမ္ဘာ့ဘာသာ တရားများအချင်းချင်း တွေ့ ဆုံဆွေးနွေးခြင်းကို လုပ် ဆောင်ရန်အတွက် ရဟန်း မင်းကြီးအား မဟန့်တားနိုင်ခဲ့ပေ။

ဘာသာပြန်-ဘရာသာရ်ပက်ထရစ် အေးရှိုင်းအောင်

Photo courtesy of: CNA/Google Images

https://bit.ly/38aV31u

Add new comment

4 + 2 =