ကပ်ရောဂါဖြစ်ပွားနေသောနှစ်၏အဆုံးတွင် ဘုရားရှင်အား ချီးမွမ်းကြောင်း ပုပ်ရဟန်း မင်းကြီးအရှင်သူမြတ် မြွက်ကြား

ကပ်ရောဂါဖြစ်ပွားနေသောနှစ်၏အဆုံးတွင် ဘုရားရှင်အား ချီးမွမ်းကြောင်း ပုပ်ရဟန်း မင်းကြီးအရှင်သူမြတ် မြွက်ကြား

ပြီးခဲ့သော ကြာသပတေးနေ့က ရဟန်းမင်းကြီးအရှင်သူမြတ်မှ ကက်သလစ်များသည် နှစ်၏အဆုံးတိုင်းတွင် ဘုရား ရှင်အား ကျေးဇူးတင်လေ့ရှိကြကာ ယခု(၂၀၂၀)ကဲ့သို့သော ၀မ်းနည်းစရာများဖြင့် ပြည့်နှက်နေသော နှစ်တနှစ်၏ အ ဆုံးတွင်ပင် ဘုရားရှင်အား ကျေးဇူးတင်ကြပြီး အဘယ်ကြောင့် ကျေးဇူးတင်ရသည်ကို ရှင်းပြခဲ့သည်။

“မိသားစု၀င်တစ်ဦး (သို့) တစ်ဦးမက ဆုံးရှုံးခဲ့ရသော မိသားစုများ၊ COVID-19 ကူးစက်ခံရသူများ၊ အထီး ကျန်နေသူများနှင့် အလုပ်လက် မဲ့ဖြစ်ခဲ့ရသူများ စသည်တို့ဖြင့် ဖုံးလွှမ်းနေသော ယခုနှစ်၏ အဆုံးတွင် ဘုရားရှင်အား ကျေးဇူးတင်ရခြင်းမှာ တစ်မျိုးတစ်မည်ဖြစ်ကာ မေးခွန်းထုတ်စရာရှိသည်။ သို့သော် ကောင်းသောဆာမာရီတန်အဖြစ်အပျက်တွင် ရောဂါခံစားနေရသူအတွက် ကိုယ်ချင်းစာနာမှုကို တွေ့ရသကဲ့သို့ ကမ္ဘာ့ကပ်ရောဂါကိုလည်း အချင်းချင်းပြန်လည်ဂရုစိုက်ကြရန်၊ စည်းလုံးခြင်းရှိကြရန်အတွက် တွန်းအားပေးသော အရာအဖြစ် တွေ့မြင်နိုင်သည်။ ဘုရားရှင်အား ကျေနပ်နှစ်သက်မှု အဖြစ်စေဆုံးသောအရာမှာ ညီအကိုမောင်နှမစိတ်ထားပင်ဖြစ် သည်။ ညီအကိုမောင်နှမစိတ် ဓာတ်ဖြင့် ကိုယ်ကျိုးမငဲ့ဘဲ ပေးဆပ်မှုမျိုးကို ယခုလို အ ခက်အခဲဆုံးသော အခြေအနေမျိုးတွင် ပို၍တွေ့နိုင်သည်။ ကိုယ်ကျိုးစွန့်ပေးဆပ်မှုမျိုးကိုလည်း ဘုရားရှင်၏ကျေးဇူးတော်နှင့် ဘုရားရှင်၏ သနားဂရုဏာတော်မပါဘဲ လုပ် ဆောင်ရန် မဖြစ်နိုင်ပေ။ ကမ္ဘာပေါ်ရှိ ကောင်းသောအရာဟူ သမျှသည် ဘုရားရှင်ထံတော်မှဖြစ်ကြောင်း ကျွန်ုပ်တို့ သိမှတ်ယုံကြည်ကြသည်။ ထိုအတွက်ကြောင့်ပင် ဘုရားရှင်အားကျေးဇူးတင်ခြင်းဖြစ်သည်။”

ဘာသာပြန်-ဘရာသာရ်ပက်ထရစ် အေးရှိုင်းအောင်

Photo courtesy of : Daniel Ibanez/CNA.

https://bit.ly/3oiWIIl

Add new comment

1 + 7 =