ကပ်ရောဂါဆိုးကိုယုံကြည်ခြင်းမျက်စိဖြင့်လက်ခံတုန့်ပြန်ကြရန်ဖိလစ်ပိုင်ဆရာတော်များကတိုက်တွန်း

ကပ်ရောဂါဆိုးကိုယုံကြည်ခြင်းမျက်စိဖြင့်လက်ခံတုန့်ပြန်ကြရန်ဖိလစ်ပိုင်ဆရာတော်များကတိုက်တွန်း

ကပ်ရောဂါဆိုးကိုယုံကြည်ခြင်းမျက်စိဖြင့်လက်ခံတုန့်ပြန်ကြရန်ဖိလစ်ပိုင်ဆရာတော်များကတိုက်တွန်း

ဖိလစ်ပိုင်ကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်က မိမိတို့၏ဘာသာတူများအား ကမ္ဘာကြီးတစ်ခုလုံးကကြုံ တွေ့လုံးထွေးနေရသောကပ်ရောဂါဆိုးနှင့်ပတ်သက် ၍ ယုံကြည်ခြင်းမျက်စိ၊ ချစ်ခြင်းနှလုံးသား နှင့်အမှန်တရား၏ လက်နက်ဖြင့်တုန့်ပြန်ရန် ဆရာတော်များမှသိုးများထံပေးပို့သောစာစောင်တွင်ထည့် သွင်းအားပေးထားသည်။

ထိုစာကို ဩဂုတ်လ (၁၂) ရက်နေ့၊ ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ခဲ့ပြီး၊ အမှန်တရားကို သိရှိနိုင်သောနည်းလမ်းများကိုသာလမ်းဖွင့်လှစ်ပေးကြရန်တိုက်တွန်းထားသည်။

စာထဲ၌ဆရာတော်ကြီးများက ကက်သလစ်ပညာရေးကိုဦး ဆောင်နေသောအသင်းအဖွဲ့များအား ရောဂါရှာဖွေရေးနှင့်စပ်လျင်း၍ပြည်သူများထံသို့ထိထိရောက်ရောက်နှင့်ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိအောင်သတင်းပေးပို့ရန်၊ ထိုသို့ထုတ်ပြန်ရာတွင်ဆင်ဆင်ခြင်ခြင်ရှိရန်၊ သိပ္ပံ နည်းကျရန်နှင့်အမိကက်သလစ်သာ သနာတော်လူမူရေးဆိုင်ရာသွန်သင်ချက်စံနှုန်းများနှင့်ညီစေရန်၊ ဆေးပညာသည်ကျွန်ုပ်တို့အထူးပြုလေ့လာသောဘာသရပ်မ ဟုတ်သော်လည်း အမိကက်သ လစ်သာသနာတော်ကြီး၏လူမူရေးဆိုင်ရာလမ်းညွှန် သွန် သင်ချက်အပေါ်တည်မှီ၍ လက် ရှိကြုံတွေ့နေရသောကပ်ဆိုးကြီးကိုအဘယ်သို့ရင်ဆိုင်ကျော်ဖြတ်မည်ကိုထည့် သွင်း စဉ်းစားရမည်ဖြစ်ကြောင်း၊ လူ့အသက်ကိုကယ်တင်ရေးနှင့်ရောဂါ၏ အတိမ်အနက်ကိုလေ့လာ ခြင်းနှင့်ပတ်သက်၍ဖိလစ်ပိုင်ပြည်သူများအားအကြောက်တရားနှင့်စိုးရိမ်စိတ်များကိုလျော့ပါးသွားစေမည် ဖြစ်သည်။

ဆက်လက်၍ဘာသာတူအသင်းအဖွဲ့များအားလည်းအစုအဖွဲ့လိုက်ဝိုင်းဝန်းလေ့ လာခြင်း၊ ဆန်းစစ်ခြင်းများကိုပြုလုပ်ရန်နှင့်ထောင့်ပေါင်းစုံမှအမြင်များကိုဝေမျှခြင်းဖြင့်ကျန်းမာရေးနှင့်ဆိုင်သောအ ကြပ်အတည်းများကိုဖြေလျော့ကြရန်၊ ရှာဖွေတွေ့ရှိချက်သည်တစ်ခါတရံ၌လူအများတွေ့ရှိလက်ခံထားသော အချက် အ လက်များနှင့်ဆန့်ကျင်ကောင်းဆန့်ကျင်နေမည်ဖြစ်သော် လည်းတင်ပြကြရန်၊ ထို့အတူပြည်သူ များအနေဖြင့်လည်းအကြောင်းအချက်ခိုင်လုံပြီး၊ လက်ခံနိုင်ခြေရှိသောတင်ပြချက်များကိုနားထောင်ရမည် ဖြစ် ကြောင်း၊ မမှန်ကန်သောသတင်းအချက်အလက်များဖြင့်ပြည်သူများကိုထင်ယောင် ထင်မှားဖြစ်စေသည့်သတင်း ပေးမူများကိုလည်းဆန့် ကျင်ရမည်ဖြစ်ကြောင်း၊ သတင်းဌာနများကိုလည်း သတင်းများထုတ်လွှင့်ရာတွင်သမာသ မတ်ကျရန်၊ တစ်ဖက် စောင်းနင်းမဖြစ်စေရန်၊ သိပ္ပံနှင့်အချက်အလက်များ သည်မြေပြင် အခြေအနေနှင့်ကွဲလွဲသွား၍မလိုအပ်ဘဲလော့ဒေါင်းချရသည့်အဖြစ်မျိုးမဖြစ်ပေါ်စေသင့်ကြောင်း၊ ထို့ ကြောင့်သတင်းဌာနများသည်မှီခိုမူကင်းမဲ့ပြီး၊ အကြောက်တရား မရှိဘဲအမှန်တရားကိုထုတ် ဖော်ရန်လိုအပ် ကြောင်း၊ အကြောင်းအရာကိုနားလည်ပြီးသောအခါ ထိုအကြောင်း အရာကိုဧဝံဂေလိ တရားတော်အလင်း နှင့်အညီအဘယ်သို့ကိုင်တွယ်ဖြေရှင်းမည်ကိုလည်းထည့်သွင်းစဉ်းစားရန်၊ ဤသို့ပြုလုပ်ခြင်းသည်ကျွန်ုပ်တို့ ခရစ် ယာန်တို့၏လူမူရေးတာ၀န်ယူမူဖြစ်ကြောင်း၊ ထို့ကြောင့်ကျွန်ုပ်တို့၏ လွတ် လပ်သောအတွေးအခေါ်၊ လှုပ်ရှားမူ၊ အပြောအဆိုနှင့်စုဝေးခြင်းကိုမြဲမြဲမြံမြံဆုပ်ကိုင်ရမည်။ ကာကွယ်ရမည်ဖြစ် ကြောင်းထည့် သွင်းပြောကြားထားသည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

(Photo by Basilio Sepe through LiCAS.news)

https://bit.ly/3hEqN1E

Add new comment

1 + 11 =