ကပ်ရောဂါဆိုးကာလ၌မာသာရ်ထရီးဇာ၏စိတ်ထားမျိုးပြန် လည်ရှင်သန်စေသင့်ကြောင်းကာဒီနယ်တာကလေပြောကြား

ကပ်ရောဂါဆိုးကာလ၌မာသာရ်ထရီးဇာ၏စိတ်ထားမျိုးပြန် လည်ရှင်သန်စေသင့်ကြောင်းကာဒီနယ်တာကလေပြောကြား

မာသာရ်ထရီးဇာ၏ဘ၀သည် ချို့တဲ့နွမ်းပါးသူများကိုအစေခံရန်ဖြစ်ခဲ့သည်။ ကာလ်ကာတားမြို့မှမာသာရ်ထရီးဇာ ၏ပုံရိပ်ကောင်းသည်ကမ္ဘာပေါ်ရှိလူသားများဖြစ်သောဘုရားသခင်ကိုယုံကြည်သူ၊ မယုံကြည်သူများအားစွဲဆောင်နေခြင်း မှရပ်တန့်နိုင်မည်မ ဟုတ်ပေ။ ‘အလိုအပ်ဆုံးသူ များ၏သူတော်စင်’ ဖြစ်သောမာသာရ်ထရီးဇာ၏ထိတွေ့ခံ စားရသောအချက် တစ်ချက်ကားစနေနေ့၊ သူပျံလွန်ခဲ့သော (၁၉၉၇၊ စက်တင်ဘာလ ၅) ရက်နေ့၏နှစ်ပတ်လည်နေ့ဖြစ်သည်။ ထိုနေ့ကိုကုလ သမ္မကမှ ‘အပြည်ပြည်ဆိုင်ရာကရုဏာရေးနေ့’ အဖြစ်သတ်မှတ်ကျင်းပသည်။ မာသာရ်ထရီးဇာကိုလည်းလိုအပ်သူတို့အ တွက်ချစ်ခြင်း၏စံပြအဖြစ်သတ်မှတ်ထားသည်။
ကရုဏာရေးလုပ်ငန်းသည်ငြိမ်းချမ်းရေးကိုတည် ဆောက် သည်။

ကရုဏာရေးလုပ်ငန်းသည်စည်းလုံးခြင်းနှင့်ငြိမ်းချမ်းရေးကိုတည်ဆောက်သည်ကိုအ မှတ်ရလျှက် ကုလသမ္မဂအနေ ဖြင့်လူပ္ပုဂိုလ်များနှင့်အဖွဲ့အ စည်းများကိုအများကောင်း ကျိုးကိုဖြစ်ထွန်းစေသောလူမူရေးလှုပ်ရှားမူများကိုဖော်ဆောင်ကူညီ ကြရန်တိုက်တွန်း ထားကြောင်း၊ ကုလသမ္မဂကဲ့သို့သော်ကမ္ဘာ့အဖွဲ့အ စည်းကြီးအနေဖြင့်မာသာထရီးဇာပျံလွန်ခဲ့သောစက် တင်ဘာလ (၅) ရက်နေ့ကို အပြည် ပြည်ဆိုင်ရာကရုဏာလုပ်ငန်းနေ့’ အဖြစ်သတ်မှတ်ဂုဏ်ပြုပေး သည်မှာအမိကက်သ လစ်သာသနာတော်ကြီးအတွက်အလွန်အနှစ်သာရရှိလှပါ သည်။ အဘယ်ကြောင့်ဆိုသော် အမိသာသနာတော်ကြီး၏သမီး ဖြစ်သောမာသာရ်ထရီးဇာအားဂုဏ်ပြုထားခြင်းကြောင့်ဖြစ်သည်။ သူ့အားဂုဏ်ပြုရခြင်းမှာကမ္ဘာတစ်၀ှမ်း၌သူ့အားငြိမ်း ချမ်းရေးနိုဗဲလ်ဆုရှင်အဖြစ်ချီးမြင့်ခံထားရသူအဖြစ်သာသိကြသည်။ ဤဆုကိုရရှိခဲ့ခြင်းမှာချို့တဲ့နွမ်းပါးသူများအားအလုပ် အကျွေးပြုခဲ့ခြင်းကြောင့်သာဖြစ်ကြောင်း၊
အများ၏ကောင်းကျိုးအတွက်မာသာရ်ထရီးဇာ အပြည်ပြည်ဆိုင်ရာကရုဏာရေးလုပ်ငန်းအသင်းအဖွဲ့အားမှိုင်းမသောရဟန္တာများစာရင်း၀င်သူ တစ် ပါးလည်းဖြစ်သည်။

မာသာရ်ထရီးဇာသည် (၁၉၅၀) ၌သူတည်ထောင်ခဲ့သော ‘ကရုဏလုပ်ငန်း၏သာသနာပြုများသီ လရှင်အသင်း’ ကိုတည်ထောင်ခဲ့ပြီး၊ ကမ္ဘာအရပ်ရပ်မှ ချို့တဲ့နွမ်းပါးဆင်းရဲသောသူများအားအလုပ် အ ကျွေးပြုခဲ့သည်။ စိန့် မာသာရ်ထရီးဇာအတွက်ကရုဏာရေးလုပ်ငန်းသည်လိုအပ်သူများကိုကြီးကြီးမားမားပြုမှသာမဟုတ်။ သေးသေးဖွဲဖွဲပြုခြင်း ၌လည်းပါသည်ဟုခံယူထားသည်။ စစ်မှန်သောကရုဏာရေးလုပ်ငန်းသည်ကရုဏာစိတ်ဓာတ်ရှိသူထံမှသာစီးထွက်လာနိုင် သည်။ ကရုဏာစိတ်၏အရင်းအမြစ်မှာမူဘုရားသခင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ‘ဘုရားသခင်သည်ချစ်ခြင်းမေတ္တာ ဖြစ်သည်’ ဟုသံယောဟန်ဩ၀ါဒစာပထမစောင် (၄း၈) တွင်ဖော်ပြထားသည်။ ‘ချစ်ခြင်း’ သည်ဘုရားသခင်၏ဂုဏ်ရည် ဖြစ်သည်။ ဘုရားသခင်သည်အသက်ကိုဖြစ်ပွားစေသည်။

အပြစ်ရှိသူများကိုခွင့်လွှတ်ပေးသည်။ အားနည်းသူများကိုကာ ကွယ်ပေးသည်။ ကမ္ဘာကြီးကိုပြုစုပျိုးထောင်ပေး သည်။ နွမ်းပါးသူများနှင့် ဝေဒနာခံထမ်းသည်။ စွန့်ပစ်မေ့ပျောက်ခံသူများ ၏အနီး အပါး၌အဖော်ပြုပေးနေသည်။ ယေဇူးသခင်၌ ဘုရား သခင် ၏ ချစ်ခြင်းသည်သေခြင်းကိုအောင်နိုင်ခဲ့သည်။ လူတိုင်း သည် ‘ဘုရားသခင်၏သဣာန်တော်နှင့်အညီဖန်ဆင်းခဲ့သည်။ ဖန်ဆင်းခဲ့ရခြင်းမှာလောက၌ဘုရားသခင်၏ချစ်ခြင်းကိုပြ သသူများဖြစ်ရန်ဖြစ်သည်။ မာသာရ်ထရီးဇာသည်ဘုရားသခင်၏ချစ်ခြင်းဖြင့်သူ၏အသက်တာကိုပြုပြင်ပြောင်းလဲခံခဲ့ သည်။ ထိုသို့ပြုပြင်ပြောင်းလဲခံပြီး၊ ချို့တဲ့နွမ်းပါးသူများအားအစေခ့ရင်းဘုရားသခင်၏အသုံးခံတန်ဆာအဖြစ်ခဲ့ကြောင်း၊
စစ်မှန်သောကရုဏာသည်အလုပ်ဖြင့်သက်သေပြသည်။

မာသာထရီးဇာ၏စိတ်ထားနှင့်ပုံသက်သေကောင်း၊ ကရု ဏာရေးလုပ်ငန်း၏သီလရှင်များ၏စိတ်နေစိတ်ထားမျိုးဖြင့် လက်ရှိကမ္ဘာကြီးတွေ့ကြုံနေရသောကိုဗစ် (၁၉) ကာလ ၌ကူညီပေးနိုင်သည်ဟုယခုနှစ် ‘၂၀၂၀၊ အပြည်ပြည်ဆိုင်ရာကရု ဏာရေးနေ့’ ၏ကြွေး ကြော်သံအဖြစ်ရွေးချယ်ထားသည်။ လူတိုင်းသည်ကရုဏာရေးလုပ်ငန်းကိုမိမိတို့တစ်ပိုင်တစ်နိုင်ပြု လုပ်ပါ၀င်ခြင်းဖြင့်မိမိပတ်၀န်းကျင်ရှိချို့တဲ့နွမ်းပါးမူ၀န်ကိုပေါ့ပါးအောင်ကူထမ်းရင်းတည်ငြိမ်မူနှင့်ငြိမ်းချမ်းရေးကိုအားပေး တည်ဆောက်ရမည်ဖြစ်သည်။ စိန့်မာသာရ်ထရီးဇာ၏ စိတ် နေသဘောထားဖြင့်ယခုနှစ် ‘အပြည်ပြည်ဆိုင်ရာကရုဏာရေး နေ့’ ကိုကျင်းပရင်း ‘ကျွန်ုပ်မည်သည့်အစားထဲမှလူသားဖြစ်သနည်း၊ ကျွန်ုပ်တို့လူငယ်များကိုမည်သို့သော်လူသားဖြစ်လာ စေရန်ပျိုး ထောင်နေကြသနည်း။ ကျွန်ုပ်တို့နှင့်အသွင်ပုံစံကွဲနေသူများအားလေးစားတတ်ပါသ လော။ ကြုံတွေ့နေရသော ကပ် ရောဂါဆိုးကြောင့်ငုံနေခဲ့သောချစ်ခြင်းပြန်လည်နိုး ကြားလာပါသလော။ သို့မ ဟုတ် စိတ်ကူးသက်သက်မျှသာဆက်လက် ရှိနေသလော။ ယခင်ကထက် လက်ရှိ၌လက်တွေကျပြီး၊ ထိရောက်သော၊ လူမူနောင်ကြောင်းကိုမငဲ့သောကရုဏာရေးလုပ် ငန်းကိုလုပ်ဆောင်သောသူဖြစ်ရန်အရေးတကြီးလိုအပ်နေပါကြောင်းကာဒီနယ်မှပြောကြားသွားခဲ့သည်။

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3bxRyTd

Add new comment

3 + 2 =