ကပ်ရောဂါကြောင့် ခရီးမသွားလာရခြင်း တစ်နှစ်ပြည့်ပြီးနောက် ဗာတီကန်မှ ရဟန်းမင်းကြီး၏ ပထမဆုံးခရီးစဉ်ကိုကြေငြာ

ကပ်ရောဂါကြောင့် ခရီးမသွားလာရခြင်း တစ်နှစ်ပြည့်ပြီးနောက် ဗာတီကန်မှ ရဟန်းမင်းကြီး၏ ပထမဆုံးခရီးစဉ်ကိုကြေငြာ

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် လာမည့် ၂၀၂၁ခုနှစ်၊ မတ်လ (၅)ရက်နေ့မှ (၈)ရက်နေ့အထိကို အီရတ်နိုင်ငံသို့ အလည်အပတ်ကြွရောက်မည်ဖြစ်ကြောင်း ဗာတီကန်မှ တရား၀င် သတင်းထုတ်ပြန်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် (၂၀၁၉)ကတည်းက ထိုနေရာသို့ သွားရောက်လိုကြောင်း မိန့်ဆိုခဲ့ဖူးသည်။

ရဟန်းမင်းကြီး အရှင်သူမြတ်သည် Baghdad, Erbil, Qaraqosh နှင့် ISIS အဖွဲ့မှ အပြစ်မဲ့သူ ရာနှင့်ချီပြီး သတ်ခဲ့သော Mosul မြို့များသို့ ကြွရောက်မည်ဖြစ်သည်။

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် အာဗြံဟံ၏ မွေးရပ်မြေဖြစ်သော Ur ရှေး ဟောင်းမြို့သို့ သွားရောက်လည် ပတ်ခြင်းဖြင့် ရဟန်းမင်းကြီး ဒုတိယမြောက်ယောဟန်ပေါလူး၏ အိပ်မက်ကို အကောင်အထည်ပေါ်စေမည်ဖြစ်သည်။

ယခုခရီးစဉ်သည် ကပ်ဘေးအတွင်း ကြေငြာသော ပထမဆုံးခရီးစဉ်ဖြစ်သည်။ ခရီးစဉ်အတွက် အချိန်ဇယားကို သတ်မှတ်ထားသည့်အချိန်တွင် ထုတ်ပြန်သွားမည်ဖြစ်ပြီး ယခုခရီးစဉ်ကို ကျန်းမာရေးအတွက် လိုအပ်သော ပြင်ဆင်မှုများ၊ နိုင်ငံတော်၏အခြေအနေများနှင့်အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗာတီကန်မှ ပြောကြားခဲ့သည်။

ဘာသာပြန်-Bro.Patrick Aye Shine Aung

https://bit.ly/3gpeSVv

Add new comment

5 + 1 =