ကပ်ရောဂါကာလအတွင်း ထူးချွန်ပြောင်မြောက်စီရင်စုများကို ဆုချီးမြှင့်မည်

ကပ်ရောဂါကာလအတွင်း ထူးချွန်ပြောင်မြောက်စီရင်စုများကို ဆုချီးမြှင့်မည်

ကပ်ရောဂါကာလအတွင်း ထူးချွန်ပြောင်မြောက်စီရင်စုများကို ဆုချီးမြှင့်မည်

ကိုဗစ်ကပ်ရောဂါကာလအတွင်း ဘုရားကျောင်းများပိတ်ထားရသဖြင့် အချို့စီရင်စုများနှင့်ရဟန်းတော်များသည် အွန်လိုင်းမှသော်လည်းကောင်း၊ကရုဏာလုပ်ငန်းများဖြင့်သော်လည်းကောင်း ဘာသာတူသိုးစုများနှင့် ဆက်သွယ်နိုင်ရန်ကြိုးပမ်းကာ သတင်းကောင်းကိုဟောပြောနေကြသည်။

စီရင်စုအချို့သည် မစ္ဆားလိုက်ဖ်လွင့်ခြင်း၊အခြားသော ဆုတောင်းချိန်များနှင့် ဘုရားစကားအစီအစဥ်များကို ထုတ်လွှင့်နေကြသည်။

ထိုသို့ မီဒီယာကိုအသုံးပြု၍ကြိုးပမ်းနေသော သာသနာများအတွက် "အံ့အားသင့်ဖွယ်စီရင်စု" ဟုအမည်ရသည့် ဆုများကို ရွေးချယ်ပေးအပ်သွားမည်ဟုဆိုသည်။ ထိုအစီအစဥ်သည် အမေရိကန်ဘော်စတွန်ကက်သလစ်သာသနာမှ နာမည်ကျော်စာရေးဆရာနှင့် အသင်းတော်အတွင်းတက်ကြွလှုပ်ရှားသူ Siot Landry မှ စတင်လာခဲ့သည်။

သူက ဤအစီအစဥ်ကိုစဥ်းစားခဲ့သည်မှာ ကြာပြီဖြစ်ပြီး ယခုကပ်ရောဂါကာလတွင်မှ အကောင်အထည်ဖော်နိုင်ကြောင်းပြောကြားခဲ့သည်။ ထိုဆုကို မိမိတို့စီရင်စုအတွက် လျှောက်ထားလိုသူများတို့သည် အောက်တိုဘာ ၁၉ရက်မတိုင်မီ ပေးပို့ရမည်ဖြစ်သည်။

ထိုဆုတွင် ကဏ္ဍ ၁၆ခု ပါဝင်ပြီး ၃ ခုမှာ မီဒီယာနှင့်ပတ်သက်သည်။ ထို့အပြင် သတင်းကောင်းဖြန့်ဝေနိုင်မှု၊ စီရင်စုအကြောင်းဝေမျှနိုင်မှုနှင့် လူကြီးများဘုရားစကားတတ်မြောက်မှုများလည်းပါဝင်သည်။

စာရေးဆရာကမူ ဤဆုသည် အံအားသင့်စရာကောင်းလောက်အောက် စိတ်အားထက်သန်စွာ သတင်းကောင်းဖြန့်ဝေသော စီရင်စုများအတွက်ဖြစ်ပြီး နှစ်စဥ်ပေးအပ်နိုင်ရန် လျာထားသည်ဟု သိရသည်။

 

ဘာသာပြန်- Agnes Lawh Lun

photo courtesy of: Gerry Dincher | Flickr CC BY-SA 2.0

https://bit.ly/3d5HKjW

Add new comment

4 + 1 =