Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကနေဒါ၌မီးတင်ရှို့ ခံရသော ဘုရားကျောင်း၏အကျိုးဆောင်တစ်ဦးက မီးရှိ့ခဲ့သူအဘယ်သူဆိုသည် ကိုမသိသော်လည်း ခွင့်လွတ်ကြောင်းပြောကြား
ကနေဒါ၌မီးတင်ရှို့ ခံရသော ဘုရားကျောင်း၏အကျိုးဆောင်တစ်ဦးက မီးရှိ့ခဲ့သူအဘယ်သူဆိုသည် ကိုမသိသော်လည်း ခွင့်လွတ်ကြောင်းပြောကြား
**********************************************************************
မကြာမီလများအတွင်းက ကနေဒါနိုင်ငံတွင် ခရစ်ယာန်ဘုရားကျောင်း (၄၅) ကျောင်းမီးရှို့ခံခဲ့ရပြီး၊ (၁၇) ကျောင်းမှာလုံး၀ပျက်စီးသွားခဲ့ရသည်။ မကြာမီက မီးရှို့ခံခဲ့ရသော ဘုရားကျောင်းတစ်ကျောင်းမှအကျိုးဆောင်တစ် ဦးဖြစ်သော Steven Faltas က ဤလုပ်ရပ်ကိုကျူးလွန်သူများအား ခရစ်ယာန်အဖွဲ့အစည်းမှခွင့်လွှတ်ကြောင်း၊ ကျွန်ုပ် တို့၏ဘုရားကျောင်းကိုဆက်လက်တည်ရှိနေသည်မြင်တွေ့လိုပါကြောင်း၊ တစ်ဆက်တည်း၌လည်း ကျွန်ုပ်တို့သည် ယုံကြည်ခြင်းခိုင်မြဲသောသူများဖြစ်ကြသည်။ ထို့ကြောင့် ယခုကဲ့သို့ဖြစ်ပွားသွားခြင်းအတွက် စိတ်မကောင်းစရာဖြစ်ရ သော်လည်း ဘုရားသခင်သည် အပျက်အစီးများကိုပြန်လည်မွှမ်းမံရန်စောင့်ရှောက်လိမ့်မည်။ ထို့ကြောင့် နက်ဖန်နေ့ သည်ပျော်စရာနေ့လည်းဖြစ်သွားနိုင်ကြောင်း (CBN) သတင်းဌာန ကိုဖြေကြားခဲ့သည်။
၄င်းတို့၏ဘုရားကျောင်းမီးသင့်နေကြောင်းကြားသိရ၍ မိုးမလင်းသေးသော်လည်း ဘုရားကျောင်းရှိရာသို့ အ ပြေးအလွှာဖြင့်ရောက်ရှိသွားခဲ့သည်။ အလွန်စိတ်ထိခိုက်စရာမြင်ကွင်းမှာ စိန့်ဂျော့ကော့ပ်တစ်ပ်ဩသော ဒေါ့ဘုရား ကျောင်းကြီးမှာ ဇူလိုင် (၁၉၊ ၂၀၂၁)၊ နံနက် (၃း၃၀) တွင်စတင်လောင်ကျွမ်းခဲ့ရာနံနက် (၄း၃၀) အချိန်တွင်ပြာကျ သွားပြီးဖြစ်သည်။
Faltas ၏ပြောပြချက်အရ ဘုရားကျောင်းသွားရာလမ်းသည် လုံး၀ပိတ်ဆို့ထားသည်။ အခင်းဖြစ်ရာနေသို့ မီး သတ်ကား (၄/၅) စီးဖြင့်မီးငြိမ်းသတ်နိုင်ရန်အစွမ်းကုန်ကြိုးစားနေခဲ့ကြသည်။ မြင်ရတွေ့ရသောမြင်ကွင်းသည် ရှင်း ရှင်းပြောရလျှင် လွန်သွေးပျက်စရာကောင်းသည်။
မီးစွဲလောင်နေသောဘုရားကျောင်း
ဘာသာရေးအဆောက်အဦးများ ယခုကဲ့သို့မီးသင့်လောင်ကျွမ်းမူသည် အာဏာပိုင်များအတွက်သံသယ၀င်စ ရာဖြစ်လာရသည်။ ဤအခြေအနေမျိုးဖြစ်ပွားလာရသည်မှာ ကျောင်းပတ်၀န်းကျင်အတွင်း၌ ကနေဒါဒေသခံတိုင်း ရင်းသားလူမျိုးစုတို့၏ မည်သူမည်၀ါဟုမဖော်ပြနိုင်သည့်အုတ်ဂူများတွေ့ရှိသည့်သတင်းများထွက်ပေါ်လာပြီး နောက်ပိုင်းဖြစ်သည်ဟုမှတ်ချက်ပေးကြသည်။ Aleteia သတင်းဌာနအား John Burger ၏သတင်းပေးပို့ချက်အရ ကျောင်း၀န်းကျင်အတွင်းသချိုင်းများရှိနေသည်မှာလူတိုင်းအသိဖြစ်ကြောင်း၊ သို့သော် ယခုနွေရာသီ၌တစ်ကျော့ပြန် တင်လာသောသတင်းကြောင့် အငြင်းပွားဖွယ်ရာအာရုံစိုက်မူခံခဲ့ရပြန်သည်။
မည်သူမည်၀ါဖြစ်သည်ကိုဖော်မပြနိုင်သော ကက်သလစ်သာသနာတော်ကိုတိုက်ခိုက်နေသောသူများသည် မြို့ပေါ်၌သာဤသို့ဘုရားကျောင်းများကိုဖျက်ဆီးခြင်း၊ မီးတင်ရှို့ခြင်းကိုပြုလုပ်ခြင်းမဟုတ်ဘဲ သာသနာအုပ်စုများ၊ ဆင်ခြေဖုံးများရှိဘုရားကျောင်းများကိုလည်း ဤသို့ပြုလုပ်နေကြသည်။ စိန့်ဂျော့ချ်ကဲ့သို့ မီးရှို့ဖျက်ဆီးခံခဲ့ရသော ဘုရားကျောင်းများသည် ကက်သလစ်ဘုရားကျောင်းလည်းမဟုတ်ပေ။ ထို့ကြောင့် အထက်ကဆိုခဲ့သောကိစ္စများနှင့် ဆက်နွယ်မည်ဆိုလျင် ဖျက်ဆီးရန်မသင့်ကြောင်းဖြင့် မီးရှို့ခံခဲံရသောဘုရားကျောင်း၏ အကျိုးဆောင်တစ်ဦးဖြစ်သူ Faltas က CBN သတင်းဌာနအားအောက်ပါအတိုင်းပြောကြားခဲ့သည်။ သမိုင်း၀င်သော ဘုရားရှိခိုကျောင်းများသည် ယခုကဲ့သို့ဖျက်ဆီးခံနေရသည့်မှာ အလွန်စိတ်မကောင်းစရာဖြစ်ရသည်။ တရာခံများအားလည်းဖော်ထုတ်နိုင်ရန်မှာ အလွန်ခက်ခဲသောလုပ်ငန်းစဉ်ဖြစ်ပြီး၊ နိုင်ငံရေးလုပ်ငန်းစဉ်ဖြစ်နေသည်။ ကျွန်ုပ်တို့သည် နိုင်ငံရေးဖြစ်စဉ်နှင့်လည်း ကင်းကင်းရှင်းရှင်းနေကြသည်ဟုဆိုပါသည်။
CBN အနေဖြင့်အခြားသောအရင်းအမြစ်ကိုအခြေခံ၍ ရရှိသောအချက်အလက်အရ ကနေဒါနိုင်ငံ၌ ဘုရား ကျောင်းပေါင်း (၄၅) ကျောင်းဖျက်ဆီးခံခဲ့ရသည်။ ထို့ကြောင့် ကနေဒါနိုင်ငံ၏ ပြည်နယ်(၁၀)အနက်(၆)ခု၌နေထိုင်ကြသောခရစ်ယာန်များအတွက်ရာသက်မအေးဖွယ်ဖြစ်လာနေရ သည်။
ဒေသရဲတစ်ဦးဖြစ်သူ Kurt Jacobs က ယခုကဲ့သို့ သက်၀င်ယုံကြည်မူနှင့်ဆိုင်သောအဖွဲ့အစည်းများအား ဦးတည်တိုက်ခိုက်မူဖြစ်လာလျှင် အမှန်တကယ်တိုက်ခိုက်ခံရသောသူများနှင့်သာတိုက်ရိုက်သက်ဆိုင်သည်မဟုတ် တော့ဘဲ သက်၀င်ယုံကြည်မူတူညီသူများအားလုံးအတွက်လည်း လုံခြုံမူမရှိတော့သည့်အခြေအနေသို့ရောက်ရှိစေ သည်။ ဘာသာရေးနှင့်ဆိုင်သောအဆောက်အဦးများဖျက်ဆီးခံနေရမူရှိနေသော်လည်း မီးလောင်ကျွမ်းမူကြောင့်လူ့ အသက်ဆုံးရှုံးမူများမရှိကြောင်း၊ ယခုမီးသင့်သွားသော စိန့်ဂျော့ချ်ဘုရားကျောင်းအနေဖြင့် မိမိတို့ဘုရားကျောင်းမှ အဖွဲ့အစည်းများကို ပြန်လည်အားပေးစုစည်းနေကြောင်း၊ ၄င်းတို့သည်ဘုရားရှိခိုးကျောင်းကိုမဖြစ်မနေ ပြန်လည် တည်ဆောက်မည်ဟုလည်း မီးလောင်ကျွမ်း၍ပျက်ဆီးနေသော စိန့်ဂျော့ချ်ဘုရားကျောင်းရှေ့ ၌ တစ်ညတာဆု တောင်း၍ ကတိသစ္စာပြုခဲ့ကြသည်။
|
ဘာသာပြန် - ဖာသာရ် ကလေးမင့်အားတယ် #rvamyanmar #rvapastoralcare #News |
Add new comment