ကနေဒါဆရာတော်ကြီးများ၏မျက်နှာစုံညီအစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့် ကျင်းပ

ကနေဒါဆရာတော်ကြီးများ၏မျက်နှာစုံညီအစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့် ကျင်းပ

ကနေဒါဆရာတော်ကြီးများ၏မျက်နှာစုံညီအစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့် ကျင်းပ

ကိုဗစ်ကပ်​အတွင်း ကနေဒါနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏မျက်နှာစုံညီအစည်းအဝေးကို စက်တင်ဘာ၂၁ရက်မှ၂၅ရက်အထိ ဗီဒီယိုကွန်ဖရင့်မှ ကျင်းပသွားမည်ဟုသိရသည်။

ဆရာတော်အဖွဲ့ချုပ်၏ဥက္ကဌ Archbishop Richard Gagnon က နေ့စဥ်အစည်းအဝေးကို ဦးဆောင်ဆွေးနွေးမည်ဖြစ်ကြောင်း ဗာတီကန်သတင်းဌာနသို့ ပြောကြာခဲ့သည်။

ဆရာတော်ကြီးက "နှစ်စဥ်အစည်းအဝေးနှင့်နှစ်ဝက်ဆွေးနွေးပွဲများကို အွန်လိုင်းမှ ကျင်းပမည်ဖြစ်ပြီး ယခုမှာပထမအကြိမ်နှင့်အလွန်ထူးခြားသောတွေ့ဆုံမှုဖြစ်ကြောင်းပြောကြားခဲ့သည်။ ထိုအစည်းအဝေးတွင် ကနေဒါနိုင်ငံ သာသနာအသီးသီးမှ ဆရာတော် အပါး၈၀ထက်မနည်း တက်ရောက်ကြမည်ဖြစ်ပြီး ကိုဗစ်ကာလအတွင်း မိမိတို့၏ပူးပေါင်းဆောင်ရွက်ပုံများနှင့်အတွေ့အကြုံများ၊စိန်ခေါ်မှုများကို မေးမြန်းကာ ဆွေးနွေးသွားကြမည်ဟုဆိုသည်။

ထို့အပြင် ကပ်ရောဂါကာလအတွင်း အကြံပေးချက်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကာ မိမိတို့သာသနာနယ်၌ မည်သည့်အကျိုးသက်ရောက်မှုများရှိကြောင်းတင်ပြရမည်ဟုသိရသည်။

တွေ့ဆုံပွဲ၏ခေါင်းစဥ်မှာ အသိုင်းအဝိုင်းများထူ​‌ထောင်ခြင်း၊ငွေကြေးပြဿနာများနှင့် ဧဝံဂေလိသတင်းကောင်းဝေငှခြင်း၏စိန်ခေါ်မှုများ"ဟူ၍ ဖြစ်သည်။

ထို့အပြင် ကနေဒါပြည်သူများနှင့် အသင်းတော်အကြားဆက်ဆံရေး၊ကြိမ်းချမ်းရေးလုပ်ငန်းများ၊အစိုးရ၏ဆောင်ရွက်ချက်များနှင့် သနားကြင်နာ၍သတ်ခြင်းအစရှိသော ပြဿနာများကိုလည်း ဆွေးနွေးအဖြေရှာသွားကြမည်ဖြစ်သည်။

 

ဘာသာပြန်- Agnes Lawh Lun

https://bit.ly/2G59eKd

Add new comment

6 + 6 =