ကနေဒါဆရာတော်ကြီးများအကူအညီအထူးလိုအပ်သူများကိုကူညီပေးကြ

ကနေဒါဆရာတော်ကြီးများအကူအညီအထူးလိုအပ်သူများကိုကူညီပေးကြ

ကနေဒါဆရာတော်ကြီးများအကူအညီအထူးလိုအပ်သူများကိုကူညီပေးကြ

ကနေဒါကက်သလစ်ဆရာတော်ကြီးများအဖွဲ့သည် ကိုဗစ် (၁၉) ကပ်ရောဂါကြောင့်ဆိုးရွားစွာခံစားခဲ့ရသော အကူအညီ အထူးလိုအပ်နေသူများကိုကူညီခဲ့ကြောင်း ဇူလိုင် (၁၄) ရက်နေ့ကသတင်းဖော်ပြထားသည်။ ဤကပ်ရောဂါသည်အသွင်အမျိုးမျိုး ဖြင့်အခြေအနေမျိုးမျိုးတွင်ရိုက်ခတ်နေပါသည်။ ဤရောဂါသည်ကူညီလိုသောလည်းမကူညီနိုင်သည့်စိန်ခေါ်မူမျိုးကိုလည်းဖန်တီး လာကြောင်း၊ ကုသစောင့်ရှောက်မှုကိုပြုနေသောနေရာဒေသများ၊ မိဘမစုံဘဲရပ်တည်နေရသောမိသားစုများ၊ အလုပ်အကိုင်မဲ့သူ များ၊ ရွေ့ပြောင်းအလုပ်သမားများ၊ အိုးမဲ့အိမ်မဲ့များ၊ ဒေသခံများ၊ အကျဉ်းထောင်ထဲ၌ရှိသူများ၊ ရုပ်ပိုင်းဆိုင်ရာနာတာရှည်ရောဂါနှင့် စိတ်ပိုင်းဆိုင်ရာရောဂါခံစားနေရသောသူများအားအထိနာစေခဲ့၊ ဆိုးရွားစေခဲ့သည်။

သက်ကြီးရွယ်အိုများ
ဆရာတော်ကြီးများထုတ်ပြန်သောသတင်း၌ ရဟန်းမင်းကြီးဖရန်စစ်မှအစဉ်အသားပေးဖော်ပြလေ့ရှိသော သက်ကြီးရွယ် အိုများအတွက်လည်းထည့်သွင်းစဉ်းစားပေးထားသည်။ ၄င်းတို့အားလစ်လျူရူမေ့ပစ်ထားတတ်သောယဉ်ကျေးမူကိုတိုက်ခိုက် တွန်းလှန်ရန်၊ စာနာကြရန်၊ ၄င်းတို့သည်ယခုကဲ့သို့သောရောဂါကပ်ဆိုးကြီးမခံစားရမီကပင် အသက်အရွယ်၊ ရောဂါများကြောင့် အထီးကျန်မူ၊ စိုးရိမ်မူ၊ စိတ်ဓာတ်ကျဆင်းမူ၊ မိသားစုမှသော်လည်းကောင်း၊ သာသနာတော်ကြီးမှသော်လည်းကောင်း စွန့်ပစ်မေ့ လျော့ခံရသည်ဟူသည်ခံစားနေရမှုများသည်၎င်းတို့အားဆိုးရွားစွာဝေဒနာဖိစီးနေပြီဖြစ်သည်။

သင်ယူခဲ့ရသောသင်ခန်းစာ

ကျန်းမာရေးဆိုင်ရာလူ့အခွင့် အရေး၊ လူမှုလုံခြုံရေး၊ လိုအပ်သောအလုပ်အကိုင်နှင့်အလုပ်ရရှိမှု၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးဆိုင်ရာဆောင်ရွက်ချက်အသစ်များကိုလည်းရရှိလာခဲ့ကြောင်း၊ ဤအကြောင်းအရာများအားလုံးကိုထည့်သွင်းဆောင် ရွက်ခြင်းသည်လူတစ်ဦး၏အခြေခံဂုဏ်သိက္ခာကိုပိုမိုပေါ်လွင်စေပြီး၊အားလုံး၏ ကောင်း ကျိုးကိုဦးတည်စေသောကြိုးမျှင်များဖြစ် သည်။

ဆရာတော်ကြီးများဆက်လက် ၍ဖော်ပြထားသည်မှာ ဤကပ်ရောဂါဆိုးကြီးကာလ၌ အတွင်းစည်း၌ချိပ်ဆက်လုပ်ဆောင် ခြင်းကြောင့်အခွင့်အလမ်းကောင်းများစွာကိုရရှိခဲ့ကြောင်း၊ ထို့အတူခြိမ်းခြောက်မူနှင့်နှောက်ယှက်မူများလည်းကြုံတွေ့ခဲ့ရ ကြောင်း၊ ထိုအခြေအနေများအားလုံးကိုရိုးသားစွာဖြင့်မကြာခဏပြန်လှည့်ကြည့်သင့်ကြောင်းကပ်ဘေးစတင်ချိန်၌ လိုအပ်ချက်မှာရေရှည်ကုသပေးသောကျန်းမာရေးပစွည်းများ၊ အသင်းအဖွဲ့များပြတ်လတ်မူမရှိစေရန်လိုအပ်ကြောင်း၊ ဤအချက်ကိုအစိုး ရနှင့်ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများကလည်းဝန်ခံထားကြောင်း၊ အလွန်စိတ်မကောင်းစရာအချက်ကားနှင့်စိတ်လာရောက်ထိ မှန်စေသောအချက်ကားဤရောဂါကပ်ဆိုးကြီးဆိုးရွားစွာမဖြစ်မီကပင်လူမူအသိုင်းအ၀◌ိုင်းထဲသို့ဝင်ခွင့်ပေးထားခဲ့ခြင်းဖြစ်ကြောင်း၊ ဤအချက်သည်အ ရေးပါသောသင်ခန်းစာဖြစ်ကြောင်း၊ အထူးသဖြင့်လူငယ်မျိုးဆက်များအတွက်သင်ယူထားသင့်ကြောင်း၊ ကိုဗစ် (၁၉) မတိုင်ခင်က သက်ကြီးရွယ်အိုများသည်မိမိတို့၏လူမူအသိုင်းအ၀◌ိုင်းသာမက၊ ၄င်းတို့၏ဘာသာရေးအသင်းအဖွဲ့ များ၊ မိသားစုဝင်များ၏အပယ်ခံထားရ၊ မေ့လျော့ခံကြရသည်။

ဆရာတော်ကြီးများက ပုံမှန်အခြေအနေသို့တဖြေးဖြေးချင်းပြန်လည်ရောက်ရှိရန်ကြိုးစားနေချိန်၌ ကျွန်ုပ်တို့အနေဖြင့် သက်ကြီးရွယ်အိုများကိုမမေ့ကြရန်၊ အဘယ်ကြောင့်ဆိုသော်သက်ကြီးရွယ်အိုများသည်ကျွန်ုပ်တို့အားဉာဏ်ပညာများလည်း ကောင်း၊ ပြန်လည်‌ဝေမျှနိုင်သောယုံကြည်ခြင်းအတွေ့အကြုံများကိုလည်းကောင်း၊ ပြန်လည်ပြောပြ၍မရိုးနိုင်သောစိတ်ဓာတ် ခွန်အားဖြစ်စေသည့်အဖြစ်အပျက်များ၊ ပျော်စရာ၊ ရီစရာပုံပြင်များစွာကိုလက်ဆင့်ကမ်း‌ဝေမျှပေးနိုင်ကြကြောင်း၊ ထို့ကြောင့် ကျွန်ုပ်တို့၏စိတ်ထဲ၌နေရာပြင်ဆင်ကြစို့။ အိမ်များ၊ မိသားစုများ၊ အဖွဲ့အစည်းများကိုဖန်တီး၍၄င်းတို့ကိုဂုဏ်ပြုကြပါစို့။ ၄င်းတို့ ၏အားနည်းနေသည့်အခြေအနေကိုစာနာ၍၄င်းတို့၏လိုအပ်ချက်များကိုအမှန်တကယ်ဂရုစိုက်ပေးကြစို့။ ၄င်းတို့၌ရှိသောအခြား သူတစ်ဦးတစ်ယောက်ထံ၌မရနိုင်သောလက်ဆောင်များကိုလက်ခံယူကြပါစို့။ ဤသို့ဖြင့်လူသားဆန်သော၊ ချစ်စရာကောင်းသော၊ ရက်ရောသော၊ ခွင့်လွှတ်တတ်သော၊ ဘုရားသခင်၏ကောင်းကြီးတော်ရောင်ခြည်ထွန်းလင်းတောက်ပသောကမာကြီးဖြစ်ရန်တည် ဆောက်ကြပါစို့ဟုတိုက်တွန်းထားပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : AFP or licensors

https://bit.ly/396Mvro

Add new comment

2 + 3 =