ကတိသစ္စာသုံးပါးခံ ဆက်ကပ်အပ်နှံရာသက်ပန်အသက်တာသည် လူငယ်မောင်မယ်များအား အကြောင်းမဲ့အချိန်ဖြုန်းတီးနေခြင်းမဟုတ်ဟုရဟန်းမင်းကြီးမိန့်ကြား

ကတိသစ္စာသုံးပါးခံ ဆက်ကပ်အပ်နှံရာသက်ပန်အသက်တာသည် လူငယ်မောင်မယ်များအား အကြောင်းမဲ့အချိန်ဖြုန်းတီးနေခြင်းမဟုတ်ဟုရဟန်းမင်းကြီးမိန့်ကြား

ကတိသစ္စာသုံးပါးခံ ဆက်ကပ်အပ်နှံရာသက်ပန်အသက်တာသည် လူငယ်မောင်မယ်များအား အကြောင်းမဲ့အချိန်ဖြုန်းတီးနေခြင်းမဟုတ်ဟုရဟန်းမင်းကြီးမိန့်ကြား

 

            ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဖေဖော်၀ါရီလ (၂) ရက်နေ့ ‘သူငယ်တော်ယေဇူးအား ဂျေရူးဆလင်ဗိမာန်တော်၌ ပူဇော်တော်မှုသည့်ပွဲ’ ကိုကျင်းပသည်။ ထိုနေ့ကိုပင် ‘ကမ္ဘာသူတော် စင်များနေ့’ အဖြစ်လည်းသတ်မှတ်ကျင်းခဲ့သည်။ နှစ်စဉ်နှစ်တိုင်းလိုပင် ဆုတောင်း၀တ်ပြုခြင်းကို မှောင်မှအစပြုက ပါ၀င်ကြသောလူ ထုက ဖယောင်းတိုင်ကိုယ်စီထွန်းညှိထားကြသည်။ အခမ်းအနားသို့ သူတော်စင်အမျိုးသား၊ အမျိုးသမီး‌ထောင်းနှင့်သောင်းနှင့်ပါ၀င်ခဲ့ကြသည်။

ရဟန်းမင်းကြီး၏ ဩ၀ါဒသည် ၄င်းတို့အားတိုင်တည်၍ဟောကြားခဲ့သည်။ သူတော်စင်တို့၏ ကွဲပြားခြားနားသော ခေါ်တော်မှုခြင်းအကြောင်း၊ ထိုခေါ်တော်မှုခြင်းကို တိုးမြင့်လုပ် ဆောင်ကြရန် အားပေးတိုက်တွန်းခဲ့သည်။ ဩ၀ါဒ၌ ‘ကျွန်ုပ်တို့၏ဆက်ကပ်ခြင်းအသက်တာကို ထွက်ပေါ်လာသော ရလာဘ်၊ ပန်းတိုင်နှင့်အောင်မြင်မှုကိုသာ ကြည့်၍ဆုံးဖြတ်လေ့ရှိကြောင်း၊ ကျွန်ုပ်တို့သည် တစ်ပါးသူအားလွှမ်းမိုးနိုင်ရန်၊ လူမြင်သာစေရန်၊ အရေအတွက်များကိုသာ ကြည့်တတ်ကြကြောင်း၊ ဤသို့သော စိတ်နေသဘောထားသည် နှောက်ယှက်ခြင်းတစ်ခုဖြစ်ကြောင်း၊ ၀ိညာဉ်တော်ကား ဤလိုအပ်ချက်တစ်ခုကိုမျှတောင်းဆိုလေ့မရှိ။ ၀ိညာဉ်တော်အလိုရှိသည်မှာ ကျွန်ုပ်တို့အား ပေးအပ်ထား သောအမှုတော်ကြီးငယ်အပေါ် သစ္စာရှိကြရန်နှင့်၀ီရိယရှိရှိလုပ်ဆောင်ကြရန်သာဖြစ်သည်။ အသိုင်း အ၀ိုင်းက အကျိုးမရှိဟုမှတ်ထင် ၍ တန်ဖိုးမထားသော  မိမိတို့၏သူတော် စင်အသက်တာကို ပြန်လည်ဆန်းစစ်ရန်တိုက်တွန်းခဲ့သည်။

သူတော်စင်အသက်တာကို ကမ္ဘာလောကြီးက အကျိုးမဲ့သည် ဟုသတ်မှတ်ကြသည်။ ကိုယ်ရည်ကိုယ် သွေးပြည့်မှီနေသော လူငယ်မောင်မယ်များ ဆက်ကပ်ခြင်းအသက်တာနောက်သို့လိုက်နေခြင်းသည် အလွန်ကြီးမားသော ဆုံးရှုံးမှုကြီးဖြစ်သည်ဟု၎င်း၊  သူတို့သည် ရုပ်ဆိုးအကျည်းတန်ကြ၍ သူတော်စင် များဖြစ်ကြလျှင်လည်းကိစ္စမရှိဟုမှတ်ကြသည်။

သူတို့သည် ကြီးမြတ်သူများဖြစ်ကြသည်။ သူတော်စင် များသည် ကြည့်ရူလေ့လာရန်သက်သက်ဖြစ်သော အတိတ်၏ ‘ဓာတ်တော်မွေတော် များဖြစ်သည်။ မျက် မှောက်ခေတ်အတွက် အသုံးမတည့်လှ ဟုထင် မှတ်နေကြ သည်။ ကျွန်ုပ်တို့အနေဖြင့် ဤဆက်ကပ်အပ်နှံရှင်သန်သောအသက်တာကို အဘယ်သို့ ထင်မြင်လက်ခံကြသနည်းဟူအရှင်သူမြတ်ကဆိုသည်။

ထိုနေ့က ရဟန်းမင်းကြီးဖရန်စစ်နှင့်အတူ အရှေ့တိုင်း ၀ိနည်းကိုကျင့်သုံးသော ကက်သလစ် အာမေနီးယန်ဘာသာရေးခေါင်းဆောင် Patriarch Raphaël Bedros XXI Minassian တို့မှ မစ္ဆားတရားကိုဦးဆောင်ပူဇော် ခဲ့ကြသည်။       

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3GxZuS0

Add new comment

3 + 5 =