ကင်ညှာ၌ရေကြီးတောင်ပြိုမှုကြောင့် လူ (၁၇၀) ကျော်အသက်ဆုံးရှုံး

ကင်ညှာ၌ရေကြီးတောင်ပြိုမှုကြောင့် လူ (၁၇၀) ကျော်အသက်ဆုံးရှုံး

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကင်ညှာ၌ လူ (၁၇၀) ကျော်အသက်ဆုံးရှုံးပြီး လူ (၆၀၀၀၀၀) ကျော်ဘေးလွတ်ရာသို့ရွေ့ပြောင်းထားရကြောင်း ကြက်ခြေနီအသင်းမှတရား၀င်ထုတ်ပြန်ထားသည်။ ယခု ကဲ့သို့မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အာဖရိကအရှေ့ပိုင်းဒေသသို့ လူသားချင်းကူညီသောအကူအညီများမပေးပို့နိုင်သည်မှာ နို၀င်ဘာလကတည်းကပင်ဖြစ်သည်။ လမ်းများ၊ တံတားများစွာလည်းပျက်စီးသွား၍ သွားလာရန်ခက်ခဲနေသည်။ အိမ်များ၊ လယ်များ၊ အိမ်မွေးတိရစ္ဆာန်များများစွာလည်းရေစီးထဲမျောပါကုန်ကြသည့်ပြည်သူများစွာရှိသည်။ ပြီးခဲ့သောကြာသပတေးနေ့၌ ကင်ညှာစစ်တပ်မှပိတ်မိနေသောပြည်သူများအားခက်ခဲစွာကယ်ဆယ်ခဲ့သည်။

ကင်ညှာအခြေဆိုက်ကြက်ခြေနီအသင်း၏လူမှုကွန်ရက်၌ မိသားစု (၁၅၂၆၃) စုအိုးအိမ်မဲ့သွားခဲ့ရကြောင်း၊ (၁၅) ဦးမှာမတော်တဆဖြစ်ပွားပြီးအသက်ဆုံးရှုံးခဲ့ရကြောင်း၊ အိမ်မွေးတိရစ္ဆာန် (၁၀၆၇) ကောင် သေဆုံးခဲ့သည်။ စိုက်ပျိုးမြေ (၂၄၁) ဧကပျက်စီးသွားခဲ့သည်။ ယခုဖြစ်စဉ်သည် နှစ်ပေါင်း (၁၀၀) အတွင်းအဆိုးဆုံးဖြစ်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/39xxT

Add new comment

1 + 5 =