ကင်ညာနိုင်ငံ၏ဘာသာရေးခေါင်းဆောင်များမှ COVID-19ရန်ပုံငွေအသုံးပြုခြင်းအတွက် တာဝန်ခံမှုကို မေတ္တာရပ်ခံ

ကင်ညာနိုင်ငံ၏ဘာသာရေးခေါင်းဆောင်များမှ COVID-19ရန်ပုံငွေအသုံးပြုခြင်းအတွက် တာဝန်ခံမှုကို မေတ္တာရပ်ခံ

ကင်ညာနိုင်ငံ၏ဘာသာရေးခေါင်းဆောင်များမှ COVID-19ရန်ပုံငွေအသုံးပြုခြင်းအတွက် တာဝန်ခံမှုကို မေတ္တာရပ်ခံ

ကင်ညာနိုင်ငံသားများသည် နိုင်ငံအတွင်း အကျင့်ပျက်ခြစားမှုများကြောင့် အလွန်တရာကို စိတ်ကသိကအောက်ဖြစ်ရကြောင်း Mombasaကက်သလစ်ဂိုဏ်းချုပ်သာသနာတော်၏ ဂိုဏ်းချုပ်ဆရာတော်နှင့် အပြန်အလှန်ဆွေးနွေးခြင်းအဖွဲ့၏ ခေါင်းဆောင်ဖြစ်သော Martin Kivuvaမှ Nairobiရှိ Ufungamanoအိမ်တော်တွင် မိန့်ကြားခဲ့သည်။

“အကျင့်ပျက်ခြစားခြင်းသည် စာရိတ္တပျက်ပြားခြင်းဖြစ်ပြီး ဘုရားရှင်၏တရားတော်များနှင့် ဆန့်ကျင်လျှက်ရှိကာ ဤအရာကို ရှုံ့ချကြောင်း၊ ကင်ညာနိုင်ငံသည် COVID-19ကပ်ရောဂါအတွက် ကင်ညာသျှီလင် ၁၉၀ဘီဘီယံကျော် ရရှိခဲ့သော်လည်း ထိုရံပုံငွေများကို မည်ကဲ့သို့အသုံးပြုသည်ကိုမူ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊တာဝန်ခံမှု မရှိကြောင်း” ဂိုဏ်းချုပ်ဆရာတော်ဘုရား Kivuvaမှ ပြောဆိုခဲ့သည်။

“လွှတ်တော်အဖွဲ့အစည်းမှလည်း သူတို့၏ကြီးကြပ်ရေးတာဝန်ကို လျစ်လျူရှုခြင်းအားဖြင့် အကျင့်ပျက်ခြစားမှုများအား အားပေးရာမရောက်အောင်နှင့် အများနှင့်ဆိုင်သော ရံပုံငွေများအား သတိထားစောင့်ကြည့်မှုများ ပြုလုပ်သင့်ကြောင်း” Dialogue Referenceအဖွဲ့မှ ပြောဆိုခဲ့သည်။ ကင်ညာနိုင်ငံ၏ သမ္မတ Uhuru Kenyattaထံသုို့လည်း ယခုကဲ့သို့အခြေအနေများအား မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်သင့်ကြောင်း အထူးအသနားခံခဲ့သည်။

 

ဘာသာပြန် - Bro.Patrick Aye Shine Aung

https://bit.ly/3bk9tML

Add new comment

1 + 7 =