ကင်ညာနိုင်ငံ၌ သီလရှင်ညီအစ်မများလူမှုကွန်ရက်အဖွဲ့ကိုစတင်

ကင်ညာနိုင်ငံ၌ သီလရှင်ညီအစ်မများလူမှုကွန်ရက်အဖွဲ့ကိုစတင်

ကင်ညာနိုင်ငံ၌ ကက်သလစ်သီလရှင်ညီအစ်မများအဖွဲ့ကပင်လျှင် ၄င်းတို့၏ဆက်ကပ်ရှင်သန်သောအသက်တာအတွက်အကျိုးဖြစ်စေမည့်အကြောင်းအရာများကိုမျှ‌ဝေဝေင်ရန်ရည်ရွယ်၍ သီလရှင်ညီအစ်မများလူမှုကွန်ရက်အဖွဲ့ကိုနိုင်ရိုဘီ၌စတင်ခဲ့သည်။

ဤသို့စတင်နိုင်ရန် the Conrad N Hilton ဖောင်ဒေးရှင်းကကူညီပေးထားသည်။

ယခုကဲ့သို့ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ သီလရှင်များအတွက်အကျိုးရှိသောအကြောင်အရာများကိုမျှ‌ဝေဝေင်ရန်နှင့်မိမိတို့မိခင်အ သင်းအပေါ်ထားရှိသော ကတိသစ္စာများကိုပိုမိုခိုင်မြဲစေရန်ဖြစ်ပါသည်။ ယခုကဲ့သို့ ဖွဲ့စည်းခြင်းကြောင့်ရှိလာနိုင်သည့် အကျိုးနှင့်အဆိုး၊ နောက်ဆက်တွဲအခြေအနေများအားလုံးကိုသိရှိထားပြီး ရည်ရွယ်မှသွေဖီမသွားစေရေး နှစ်ရက်တာအလုပ်ဆွေးနွေးပွဲကိုပြုလုပ်၍ပညာပေးခဲ့သည်။ ဤအလုပ်ရုံဆွေးနွေးပွဲ၌ မိမိတို့အသင်း၏လူမှုကွန်ရက်များအားလည်းကောင်း၊ သို့မဟုတ် အမှုတော်ထမ်းနေသောသာသနာ၏လူမှုကွန်ရက်လုပ်ငန်း၌တာ၀န်ထမ်းဆောင်နေသော အသင်းအသီးသီးမှသီလရှင် (၁၃) ပါးနှင့်အခြားစိတ်၀င်စားသော သီလရှင်များပါ၀င်ခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲအတွင်း အေအိုင်ဟုခေါ်သောလူအစားနည်းပညာအသုံးပြုနေသောသိမှတ်ဖွယ်ရာများနှင့်လူမှုကွန်ရက်များအကြောင်းကိုလည်းရှင်းလင်းဟောကြားခဲ့သည်။ ကင်ညာနိုင်ငံအတွင်း၌ ကက်သလစ်သီလရှင် (၇၀၀၀) ကျော်အမှုတော်ထမ်းဆောင်လျှက်ရှိသည်။ ၄င်းတို့၌ ဖတ်ရ၊ ကြားရ၊ ကြည့်ရူ၊ သိရသူများအတွက်ခွန်အားဖြစ်စေမည့်ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့်ဆိုင်သော တမန်တော်လုပ်ငန်းအတွေ့အကြုံအဖြစ်အပျက်များစွာရှိသည်။ သို့သော်အချို့သည် ဤသနားဖွယ်၊စာနာဖွယ်၊ ဂရုပြုဖွယ်အဖြစ်အပျက် အခြေအနေများကို ထုတ်ဖော်ပြောကြားရန်အခွင့်အရေးမရှိ။ နည်းလမ်းမသိ။ အခြေအနေမပေးပေ။ ဤသို့သော်သူများအတွက် ကလောင်ကိုင်၍ရေးသားတင်ပြခြင်း၊ အသက်သွင်းတင်ဆက်ခြင်းများကိုဤအဖွဲ့ကလုပ်ဆောင်မည်ဖြစ်သည်။

ယခုအဖွဲ့၏အားထုတ်တင်ဆက်မှု အဘယ်မျှထိရောက်အကျိုးရှိကြောင်းကို နားသောတဆင်၍သော်လည်းကောင်း၊ သက်၀င်လှုပ်ရှားတင်ဆက်မှုများကိုလည်းကောင်း အာဖရိကတိုက်တစ်၀ှမ်း၌ရူစားစေမည်။ ထို့အတူ ‌ဝေမျှလိုသူများလည်း‌ဝေမျှ ခွင့်ရအောင်ဖန်တီးပေးမည်ဖြစ်သည်။ ဤနည်းအားဖြင့် သီလရှင်များကြားစည်းလုံးခြင်းနှင့်၄င်းတို့၏ဝေမျှ မှုကို လူ့အသိုင်းအ၀ိုင်းအတွက်အကျိုးရှိဖြစ်ထွန်းအောင်တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်

(Shalom World News)
 

Add new comment

17 + 3 =