ကင်ညာနိုင်ငံမှ ကက်သလစ်သာသနာတော် စိန့်ဖရန်စစ် အသင်းဂိုဏ်းဝင် ဘရာသာ တစ်ပါး ကမ္ဘာ့ အကောင်းဆုံး ဆရာဆုရရှိ

စိန့်ဖရန်စစ် အသင်းဂိုဏ်းဝင် ဘရာသာ Peter Tabichi မှ ကမ္ဘာအကောင်းဆုံး ဆရာဆုရရှိသွာ

ကင်ညာနိုင်ငံမှ ကက်သလစ်သာသနာတော် စိန့်ဖရန်စစ် အသင်းဂိုဏ်းဝင် ဘရာသာ တစ်ပါး ကမ္ဘာ့ အကောင်းဆုံး ဆရာဆုရရှိ
မတ်လ ၂၅၊ ၂၀၁၉

အာရပ် နိုင်ငံများမှ ကြီးမူးပြီး ဒူဘိုင်းတွင်ကျင်ပပြုလုပ်သည့် Varkey Foundation မှ ကမ္ဘာပေါ်ရှိ ဆရာ ဆရာမများအပေါ် ရိုသေလေးစားခြင်း၊ ဖော်ထုတ် ဂုဏ်ပြုပေးခြင်း ရည်ရွယ်ချက်ဖြင့် ၁၇၉ နိုင်ငံ ဆရာ၊ ဆရာမပေါင်း ၁၀၀၀၀ ထဲမှ ကမ္ဘာ့ အကောင်းဆုံး ဆရာဆုကို ကင်ညာနိုင်ငံမှ ကက်သလစ်သာသနာတော် စိန့်ဖရန်စစ် အသင်းဂိုဏ်းဝင် ဘရာသာ Peter Tabichi မှ ကမ္ဘာအကောင်းဆုံး ဆရာဆုရရှိသွားပါသည်။

ဘရာသာ ပီတာသည် ကင်ညာ နိုင်ငံ ဝေလံခေါင်းပါးသည့် Pwani ရွာ Keriko Mixed Day ကျောင်းတွင် သချာင်္ နှင့် သိပ္ပံ ဘာသာရပ်များကို သင်ကြားပေးသော အလယ်တန်းပြဆရာတစ်ဦးဖြစ်ပါသည်။ သူ၏ ကျောင်းသူကျောင်းသား အားလုံးမှာ ဆင်းရဲ​သော မိသားစုများမှဖြစ်ပြီး သုံးပုံတစ်ပုံမှာ မိဘမဲ့များနှင့် တချို့မှာ မိဘ တစ်ဦးတည်သာ ရှိသော သူများဖြစ်ကြသည်​။

မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ခြင်း၊ ငယ်ငယ်ရွယ်ရွယ် နှင့် အိမ်ထောင်ကျခြင်း၊ ကျောင်းထွက်ခြင်း၊ မိမိကိုယ်ကိုယ်သတ်သေခြင်းတို့သည် ထိုဒေသအတွက် သာမန်ဖြစ်စဉ်တစ်ခုလိုဖြစ်နေကြောင်း၊ ယင်းကဲ့သို့​သောအခြေအနေတွင် ဘရာသာပီတာသည် သူ၏ လစာ ၈၀ ရာခိုင်နုန်းကို ဆင်းရဲသားကလေးသူငယ် စာသင်သားများကိုပြန်လည်ပေးအပ်လှုဒါန်း​ကူညီပြီး ကျောင်ဆက်တက်နိုင်ရန် ထောက်ပံပေးခြင်း၊ သူ၏ ကျောင်းမှ ကျောင်းသူကျောင်းသာများမှာ ထူးချွန်ကြကြောင်း၊ သူ၏ ဘာသာရပ်မှ ကျောင်းသူကျောင်းသာတချို့မှာ ၂၀၁၉ ခုနှစ် အမေရိကန်နိုင်ငံ အာရီဇိုးနာ မှာ ပြုလုပ်သော နိုင်ငံတကာ သိပ္ပံ နှင့် အင်​ဂျင်နီယာ ပြပွဲဝင်ခွင့်ရခဲ့သည်​။

အခက်များစွာရှိသော်လည်း ကျောင်းသူကျောင်းသာများ၏ တိုးတက်ဖွံဖြိုးလာမူ အသိညဏ်ကြွယ်ဝလာမူသည် သူအတွက် တန်ဖိုးမဖြတ်နိုင်သော ပျော်ရွှင်မူဖြစ် သည်​။ ဘ​ရာသာပီတာသည် ကျောင်းသူကျောင်းသာ မိဘ များထံကိုယ်တိုင်သွား၍ ကျောင်းသူကျောင်းသားတို့၏ လိုအပ်ချက်ကို မိဘများ နှင်ပူးပေါင်းဆောင်ရွက်ကြောင်း၊ စာမလိုက်နိုင်သည့် ကျောင်းသူကျောင်းသားများကို တစ်ဦးချင်း ကျောင်းပိတ်ရက်တွင်ညပြန်လည် သင်ကြားပေးခြင်းက ပိုမိုထိရောက်သော နည်းလမ်းဖြစ်ကြောင်း၊ သူတို့ဘဝအတွက် အနာဂတ် တံခါး ဖွင့်​ပေးနိုင်ခြင်းအပေါ် ဝမ်းသာကြည်နူးမိကြောင်း ကျေးဇူးတင်ကြောင်း ဘရာသာပီတာမှ ပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/africa/news/2019-03/brother-peter-tabichi-...

#teacheraward, # Arab, #kenyan, #peterkm,
Photo credits to Batican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Zawgyi

မတ်လ ၂၅၊ ၂၀၁၉


 


 


 


https://www.vaticannews.va/en/africa/news/2019-03/brother-peter-tabichi-kenyan-franciscan-is-the-world-s-best-tea.html


Add new comment

14 + 5 =