ကင်ညာနိုင်ငံမှဆက်ကပ်အဖွဲ့တစ်ဖွဲ့ရဟန်းမင်းကြီးဖရန်စစ်အားတင်ဆက်ဖျော်ဖြေခဲ့ကြ

ကင်ညာနိုင်ငံမှဆက်ကပ်အဖွဲ့တစ်ဖွဲ့ရဟန်းမင်းကြီးဖရန်စစ်အားတင်ဆက်ဖျော်ဖြေခဲ့ကြ

ရဟန်းမင်းကြီးဖရန်စစ်သည် ဗုဒ္ဓဟူးနေ့တိုင်းကမ္ဘာတစ်၀ှမ်းမှဘုရားဖူးများနှင့်တွေ့ဆုံလေ့ရှိသည်။ ပြီးခဲ့သော (နို၀င်ဘာ ၃၀၊ ၂၀၂၂) က ဘုရားဖူးများနှင့်တွေ့ဆုံအပြီးတွင် ကင်ညာနိုင်ငံမှ 'Black Blues Brothers' အမည်ရသည့်ဆက်ကပ်အဖွဲ့တစ်ဖွဲ့က စိန့်ပီတာရင်၌ပြင် ရဟန်းမင်းကြီးနှင့်ကမ္ဘာတစ်၀ှမ်းမှဘုရားဖူးများအားဖျော်ဖြေခဲ့သည်။

ဤအဖွဲ့သည် ဗာတီကန်သို့လွန်ခဲ့သော (၂၀၁၆) ကတစ်ကြိမ်ရောက်ရှိလာခဲ့ပြီး ရဟန်းမင်းကြီးပေါလ် (၆) ၏ခန်းမထဲ၌ရဟန်းမင်းကြီးဖရန်စစ်နှင့်ဘုရားဖူးများအားတစ်ကြိမ်တင်ဆက်ဖျော်ဖြေပေးခဲ့ဖူးသည်။

ယခုတစ်ကြိမ်၌မူ စိန့်ပီတာရင်ပြင်၌တင်ဆက်ခွင့်ရခဲ့သည်။ ဤအဖွဲ့၌ အဖွဲ့၀င် (၅) ဦးပါ၀င်သည်။

သူတို့အားလုံးသည် နိုင်ရိုဘီဇာတိများဖြစ်ကြပြီး၊ ကကွက်ဆန်းများဖြင့်ကမ္ဘာတစ်၀ှမ်းသို့တင်ဆက်ဖျော်ဖြေလျှက်ရှိသည်။ တစ်ခါတစ်ရံ၌ မီးများဖြင့်ပင်ရင်သန့်ရှုမောဖွယ်တင်ဆက်လေ့ရှိသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3BqJKk1
 

Add new comment

9 + 9 =