ကင်ညာ နိုင်ငံတွင် အိမ်ခြေ ၄၀၀ခန့် ရေဘေးကြုံတွေ့နေရ

ကင်ညာ နိုင်ငံတွင် အိမ်ခြေ ၄၀၀ခန့် ရေဘေးကြုံတွေ့နေရ

ကင်ညာ နိုင်ငံတွင် အိမ်ခြေ ၄၀၀ခန့် ရေဘေးကြုံတွေ့နေရ

ကင်ညာနိုင်ငံရဲ့ အစိတ်အပိုင်း တချို့ဟာ ရေဘေးနဲ့ မြေပြိုခြင်းတို့ကြောင့် ဖရိုဖရဲ ဖြစ်ကာ ဒုက္ခခံစားနေကြရသည့်အတွက် အစိုးရအာဏာပိုင်များအနေဖြင့် ပိုပြီးကူညီပေးကြရန် ကင်ညာ ကက်သလစ်ဆရာတော်ကြီးများက တောင်းဆိုလိုက်ပါတယ်။

ပစ္စည်းဉစ္စာအပြင်၊ မိမိတို့ချစ်ခင်သူများသေကြေပျက်စီး ဆုံးရှုံရခြင်း နဲ့ ပြောင်းရွှေ့နေထိုင်ကြရတဲ့ များစွာသောမိသားစု များ ရှိကြောင်းနဲ့ ၄င်းတို့အတွက် စိတ်မကောင်းဖြစ်ရကြောင်းကို Ngong သာသနာမှ
ကင်ညာကက်သလစ်ဆရာတော်ကြီး John Oballa Owaa က ဖွင့်ဟပြောဆိုလိုက်တာပါ။

ဘုရားကျောင်းများ၊ စာသင်ကျောင်းများနဲ့ တခြား နေရာများစွာပင်လျှင်၊ ရေဘေးကြောင့် ရေနဲ့မျောသွားပြီး ပျက်ဆီးသွားကြောင်း

ကိုဗစ်ကာလမှာ တိုင်းပြည်ဟာလည်း ရုန်းကန်နေရချိန် ယခုကဲ့သို့ ရေဘေးကြောင့် မိသားစု အိမ်ခြေ ၄၀၀ လောက် ဒုက္ခရောက်ရသည်ကို အစိုးရအာဏာပိုင်များနဲ့ စိတ်ကောင်းနှလုံးကောင်းရှိသူများမှ စဉ်းစားပေးကာ ကူညီပေးကြရန်ကို ဆရာတော်ကြီးများက တောင်းဆိုခဲ့ကြတာပါ။

ပြည်သူပြည်သားတွေ အနေနဲ့ ကိုဗစ်အချိန် လုံခြုံမှုနဲ့ အစား အသောက်လိုအပ်မှု ကိုရှာဖွေနေကြတဲ့အတွက် အခုရေဘေးထပ်တွေ့ရခြင်းသည် လုံးဝ မလွယ်ကူတဲ့အရာဖြစ်ကာ အခက်ပိုတွေ့နိုင်တယ်လို့
Our Lady of Perpetual Help ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Shadrack Malo က ၄င်း၏ လက်ရှိအတွေ့အကြုံကိုပြောကြားခဲ့ကြောင်း ကို Vatican News အရ သိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

 

https://bit.ly/2x814fO

 

Add new comment

12 + 8 =