ကက်သလစ် အသင်းတော် ရဲ့ အစဉ်အလာကောင်းတဲ့ ရပ်တည်ချက်က လူသားအားလုံး အတွက် အမြဲတမ်း ရပ်တည်‌ပေးပါတယ်

ကက်သလစ် အသင်းတော် ရဲ့ အစဉ်အလာကောင်းတဲ့ ရပ်တည်ချက်က လူသားအားလုံး အတွက် အမြဲတမ်း ရပ်တည်‌ပေးပါတယ်။ လူ့ဂုဏ်သိက္ခာ နဲ့ တန်းတူညီမျှမှု ကို အမြဲထာဝစဉ် ကာကွယ် ထိန်းသိမ်းပါတယ်။ လူ့သမိုင်း တစ်လျှောက်မှာ လူ့အခွင့်အရေး ပေတံ တစ်လက် အဖြစ် သတ်မှတ်ခံရတာ ကတော့ ကက်သလစ်အသင်းတော် ရဲ့ CST ဆိုတဲ့ ကက်သလစ် လူမှုသွန်သင်ချက်ပါ။ အငယ်ဆုံးသော သူ ကို ကူညီစောင့်ရှောက် ခြင်း၊ အလိုအပ်ဆုံး သူများ ကို ချစ်ခြင်း (preferential love for the poor) ဟာ အခြေခံအကျဆုံး သွန်သင်ချက် ဖြစ်ပါတယ်။ လိင်တူ ဆွဲဆောင်သူများ အခွင့် အရေး ဆိုတာ မြန်မာ အသိုင်းအ၀ိုင်းမှာ မက၊ ကမ္ဘာ့ အသိုင်းအ၀ိုင်း မှာ အင်မတန် ထိလွယ်ရှလွယ် ဖြစ် တဲ့ ကိစ္စ တစ်ခုပါ။ လိင်တူ ဆွဲဆောင်မှု ခံရသူတွေ ဟာ ဘုရားသားသမီး တွေ ပါ။ သူတို့တွေ နေစဉ်နဲ့ အမျှ ဆိုသလို ကိုယ့်ကိုကိုယ် အဆုံး စီရင်တာတွေ၊ ပတ်ဝန်းကျင်ရဲ့ ငြင်းဆန်မှုတွေ၊ အဖွဲ့အစည်းတွေရဲ့ ရှုတ်ချ ပြစ်တင်မှုတွေ အမြဲတစေ ခံနေရကြပါတယ်။ ဒါ့ကြောင့်လည်း သူတို့ရဲ့ အသံ ဟာ ကျယ်လောင် လာပါတယ်။ လူသားချင်းစာနာထောက်ထားသော အားဖြင့် သူတို့ကို ကြိုဆိုသင့်တာ လူတိုင်း ခံစားမိပါလိမ့်မယ်။ သူတို့ကို မလက်ခံနိုင်ရင်တောင် အနည်းဆုံး မရှုတ်ချဖို့ သင့် မသိစိတ်၊ သြတပ္ပစိတ်က ပြောနေပါလိမ့်မယ်။ ကမ္ဘာ‌ပေါ်မှာ အနှိမ်အခံရဆုံး လူသား ထု ထဲမှာ ပင် သူတို့တွေ ပါဝင်နေနိုင်ပါယ်။ ကိုယ့် မှန်ပြောင်း နဲ့ သာ ကိုယ့် ကြည့်နေမယ်ဆိုရင် ဓမ္မဓိဠာန်ကျ တဲ့ အမှန်တရား ကို ရှာတွေ နိုင်ဖို့ မလွယ်ပါဘူး။

မနေ့တနေ့ က ကမ္ဘာကြီးကို ရိုက်ခတ်သွား တဲ့ အချက် တစ်ခု အားလုံး သိကြပြီးသား ဖြစ်ပါလိမ့်မယ်။ ပုပ်ရဟန်းမင်းကြီး က လိင်တူ တွေ ကို သနား တယ်၊ ကြိုဆိုတယ် ဆိုတာတော့ ကြာပါပြီ၊ လိင်တူခြင်းထိမ်းမြှားခွင့် နိုင်ငံရေး ဥပ‌ဒေ တစ်ရပ် ရှိသင့်တယ် လို့ ပုပ်တစ်ဦးတည်း အမြင် ကို ဖော်ပြလိုက်ပါတယ်။ အမျိုးသမီး အခွင့် အရေး နဲ့ အနောက်နိုင်ငံ မှာ ဒုက္ခ ရောက်နေ၊ ခွဲခြား ဆက်ဆံ ခံ နေရ တဲ့ သူတွေ၊ ရိုဟင်ဂျာလို ကိစ္စတွေ အတွက် အမြဲတစေ ရပ်တည်ပေးလေ့ ရှိတဲ့ ပုပ် ဖရန်စစ် က ဘယ်တော့ များ လိင်တူတွေ ကို နေရာ ပေး လက်ခံလာမလဲ ဆိုတာ ရင်တမမ နဲ့ စောင့်ကြည့်နေတဲ့အထဲမှာ စာရေးသူကိုယ်တိုင် လည်းပါ ပါတယ်။ ပုပ်အနေနဲ့ လူမျိုးနွယ် တစ်စု လုံး ရဲ့ ဖခင်၊ ကြင်နာတဲ့ ဖခင် ဖြစ်တဲ့ အလျောက် အသိမ်ငယ်ဆုံး သူကို မျက်နှသာပေး တယ် လို့တော့ ကိုယ်ချင်းစာမိပါတယ်။ ဒါပေမယ့် သူ့ ကိုယ်ပိုင် အမြင် နဲ့ ခံစားချက် က ကက်သလစ် အသင်းတော် တစ်ခု လုံး ရဲ့ တင်းကျပ်လွန်း တဲ့ ဥပ‌ဒေ ကိုတော့ တော်လှန်နိုင်လိမ့်မယ် လို့ စာရေးသူ မထင်ဘူး။ ‌‌ဒီမေတ္တာတရားအပေါ်မှာ ‌‌ဝေဖန်သံ တွေ ဆူညံနေတာ သဘာဝ ကျပါတယ်။ သခင်ခရစ်တော် က မကောင်းမှု ပြည့်တန်ဆာ မ ကို ကျောက်ခဲနဲ့ ပေါက်ခွင့် မပေးလို့ လောကကြီးက အပြစ်တင်ခဲ့ပါတယ်။ Who am I to judge? ဆိုတဲ့ ကျုပ်က ဘာမိုလို့ စီရင်ရမှာ လဲ ဆိုတဲ့ ကျမ်းစကား ဟာ ညင်သာစွာ နဲ့ အသံပြုနေပါတယ်။ လက်သင့်ခံခြင်း (Tolerance) နဲ့ လက်ခံခြင်း ( Acceptance) ဆိုတဲ့ ‌‌‌‌ဝေါဟာရ နှစ်ခုရဲ့ ကွာဟ မှု ကို စာဖတ်သူ ခွဲခြားတတ်မယ် ဆိုရင် ပုပ် ဖရန်စစ် ကို လက်မခံ နိုင်ရင်တောင် နားလည်ပေး နိုင်မယ် လို့ မျှော်လင့်ရင်း...

ရှိန်း (ခေတ္တ-ဥရောပ) Francis Shane

https://www.vatican.va/.../rc_con_cfaith_doc_19861001...

https://www.vatican.va/.../rc_con_cfaith_doc_20030731...

Photo credit to EWTN

Add new comment

2 + 5 =