ကက်သလစ် သာသနာ့ခုံရုံး အစည်းအဝေး ပြုလုပ်ကျင်းပ

မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၌ ၂၀၁၉ ဇန်နဝါရီလ (၁၄-၁၅) ရက်နေ့က အဆိုပါအဖွဲ့ချုပ်၏ ဥက္ကဌဖြစ်သူ ကလေးဂိုဏ်းအုပ်သာသနာ ဆရာတော်ကြီး Felix Lian Khen Thang နှင့် ရန်ကုန်ဂိုဏ်းချုပ်သာသနာ လက်ထောက်ဆရာတော် John စောယောဟန် တို့မှဦးဆောင်ကာ မြန်မာပြည်ရှိ ကာနွန်ဥပဒေ ဘာသာရပ် အထူးပြုထားသူ ဖာသာရ်များပါဝင်လျှက် ဂိုဏ်းချုပ်/ ဂိုဏ်းအုပ်သာသနာအဆင့် သာသနာ့ခုံရုံး၊ ဂိုဏ်းချုပ်/ဂိုဏ်းအုပ်သာသနာများ ပူးပေါင်းပါဝင်သော အဆင့် သာသနာ့ခုံရုံး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် သာသနာ့ခုံရုံး အစည်းအဝေး ပြုလုပ်ကျင်းပခဲ့ပါတယ်။ အဆိုပါအစည်းအဝေး၌ပင် မြန်မာနိုင်ငံကက်သလစ်သာသနာ၏ ကာနွန်ဥပဒေ ပညာရှင်များ အဖွဲ့လည်းပါ၀င်ခဲ့ပါသည်။ ၎င်းအဖွဲ့စည်းမှ အဖွဲ့ဝင် ဘုန်းတော်ကြီးတစ်ပါးဖြစ်သူ Fr.Raymond နှင့် ၎င်း တို့အဖွဲ့အစည်း၏ ရည်ရွယ်ချက်များ လုပ်ဆောင်ချက်များကို သွားရောက်မေးမြန်းထားသည့် အင်တာဗျူးအား ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Add new comment

2 + 18 =