ကက်သလစ် သာသနာတော်၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မေတ္တာပန်း တနင်္ဂနွေနေ့ကို ရန်ကုန်နှင့် မန္တလေး မြို့ကြီးများမှလွဲ၍ နယ်မြို့များတွင် ပုံမှန်တိုင်းကျင်းပ

ကက်သလစ် သာသနာတော်၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မေတ္တာပန်း တနင်္ဂနွေနေ့ကို ရန်ကုန်နှင့် မန္တလေး မြို့ကြီးများမှလွဲ၍ နယ်မြို့များတွင် ပုံမှန်တိုင်းကျင်းပ

******

၂၀၂၁ ခုနှစ် ၊ မတ်လ (၂၈) ရက်နေ့က ကျရောက်သော မေတ္တာပန်းတနင်္ဂနွေနေ့ကို ရန်ကုန်နှင့် မန္တလေးမြို့ကဲ့သို့ မြို့ကြီးများမှလွဲ၍ ကျန် နယ်မြို့များ၌ ပုံမှန်အတိုင်းကျင်းပပြုလုပ်ခဲ့ပါသည်။

 

မေတ္တာပန်းတနင်္ဂနွေဟူသည် သာသနာတော်အားဖြင့် ယေဇူးခရစ်တော် ဘုရားရှင်၏ ဒုက္ခစရိယာ ကျင့်ခံတော်မူခြင်း၊ အသက်တော်စွန့်တော်မူခြင်း၊ ရှင်ပြန်ထမြောက် တော်မူခြင်း စသည့် ပါစကား နက်နဲရာများကို အလေးအနက် ဆင်ခြင်အောက် မေ့သတိရ ကျင်းပသော နေ့ဖြစ်သကဲ့သို့ ၊ ခရစ်တော်သည် ဘုရင်တစ်ပါး အဖြစ် အောင်ပွဲခံယူလျှက် ဂျေရုဆလင်မြို့တော်သို့ ကြွဝင်ခြင်းအကြောင်းနှင့် ကိုယ်တော်၏ မဟာဒုက္ခစရိယာ အကြောင်းများကို ကြွေးကြော်သော နေ့အဖြစ် ကျင်းပခြင်းဖြစ်ပါသည်။

ဂျေရုဆလင်မြို့တော်သို့ ကိုယ်တော်ရှင် ကြွဝင်လာသည့် အခမ်းအနားကို မေတ္တာပန်းများ ကိုင်ဆောင်ကြလျှက် စီတန်းလှည့်လည်ခြင်း အခမ်းအနားဖြင့် ကျင်းပကြပါသည်။

သို့သော်လည်း ယခုနှစ် မတ်လ (၂၈) ရက်နေ့တွင် ကျရောက်သော မေတ္တာပန်း တနင်္ဂနွေနေ့အား မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကြောင့် ရန်ကုန်နှင့် မန္တလေးတို့ကဲ့သို့ မြို့ကြီးများတွင် ဘုရားကျောင်းအပြင်ဘက်တွင် စုဝေး၍ စီတန်းလှည့်လည်ခြင်းမျိုးဖြင့် ကျင်းပနိုင်ခြင်းမရှိခဲ့ပါ။ သို့သော်လည်း တခြားသော နယ်မြို့သာသနာနယ်များ၌ ကိုဗစ်စည်းကမ်းနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပုသိမ်မြို့ စိန့်ပီတာ ကက်သီဒြယ်ကျောင်းတော်ကြီး၌ ကိုဗစ်စည်းကမ်းများနှင့်အညီ မေတ္တာပန်း များ ကိုင်ဆောင်လျှက် ဘုရားကျောင်းတော်ကြီးအတွင်းသို့ ဝင်ဆောင်ခဲ့ ကြပါသည်။

ပုသိမ်သာသနာမှ ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟှီမှ စီတန်းလှည့်လှည်ခြင်းမပြုမီ  မြွတ်ကြားရာ၌ 

“ သခင်ခရစ်တော် ဟာ ဂျေရုဆလင်မြို့ကို ဘာဖြစ်လို့ ကြွဝင်လာတာလဲ ။ ကျွန်ုပ်တို့ လူသား အားလုံးရဲ့အပြစ်အတွက် အသေခံဖို့ ကြွဝင်လာတာဖြစ်တယ်။ လူသားတွေကို ချစ်လို့ အသေခံခြင်းဖြစ်တယ် ။ သခင်ယေဇူးဟာ အစေခံခြင်း ၊ အသေခံ ခြင်းဆိုတဲ့ ခေါင်းဆောင်မှုနဲ့ ကျွန်ုပ်တို့ကို ဦးဆောင်ခဲ့တာြဖစ်တယ်။ ကျွန်ုပ်တို့အားလုံးဟာလည်း သခင်ယေဇူး ရဲ့ သားသမီးများပီသစွာဖြင့် ဒီအစေခံ ၊ အသေခံခြင်း စိတ်ဓာတ်နဲ့ မေတ္တာတရားပေါ်အခြေခံပြီး လူတိုင်းအတွက် အစေခံမယ်၊ အသေခံမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးကို ထားရှိနိုင်ဖို့ စီတန်းလှည့်လည်နေချိန်အတွင်း မိမိကိုယ်ကို သတိပေးပါ။ ကျွန်ုပ်တို့အားလုံး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအားလုံးကို သိတဲ့အတိုင်းပဲ တစ်ယောက်နဲ့တစ်ယောက် လေးစားတန်ဖိုးထားခြင်းနဲ့ ချစ်ခြင်းမေတ္တာ ဆိတ်သုဉ်း နေတဲ့အခါမှာ အားလုံး ဒီအခြေအနေဆိုးဝါးနေတဲ့ အနေအခြေကို ဦးတည်ပြီးတဲ့နောက် ဒီ့ထက်ပိုဆိုးဝါးတဲ့ အခြေအနေကို ဦးတည်နေတဲ့အတွက် ကျွန်ုပ်တို့ မြန်မာပြည် ကြီးအတွက် ဘုရားသခင်ဆီမှာ ကျွန်ုပ်တို့ ဆုတောင်းပေးရမှာဖြစ်တယ်။ ခြိမ်းခြောက်မှု များစွာနဲ့ ကျွန်ုပ်တို့ ဘုရားရှိခိုးတာတောင်မှ ကြောက်နေရတယ်ဆိုတဲ့ အနေအထား တွေ၊အခြေအနေတွေဆိုရင် ဘုရားနဲ့ဝေးအောင် လုပ်တာ နတ်ဆိုးပဲ ရှိတယ်။ ကျွန်ုပ်တို့ဟာ နတ်ဆိုးရဲ့ ဘက်မှာ အားပေးဖို့တော့မဟုတ်ဘူး။ ကိုယ့်နည်းကို ယ့်ဟန်နဲ့ ဘောင်အတွင်း က ဘုရားနဲ့ အမြဲတမ်းဆုံစည်းနိုင်ဖို့အရေးကြီးတယ်။ ဘုရားနဲ့ ကွဲအောင် ဘုရားနဲ့ ဝေးအောင် လုပ်တိုင်းရတိုင်းဆို ကျွန်ုပ်တို့အားလုံးဟာ နတ်ဆိုးရဲ့ လူများ ဖြစ် သွားဖို့ ကျိန်းသေတယ်။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဘယ်မှာပဲ နေရနေရ ဘုရားနဲ့ အမြဲတမ်း ဆက်သွယ်နိုင်အောင် ပြုနိုင်သော အနေအထားတစ်ခုနဲ့ မိမိဘဝကို ဘောင်အတွင်းက ၊ စည်းကမ်းအတွင်းက ရှင်သန်သွားဖို့ ကြိုးစားကြဖို့အတွက် အများကြီး အရေး ကြီးပါ တယ်။

ဒီနေ့ ဒီအချိန်ခါဟာ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို စမ်းသပ်နေတဲ့ အချိန်အခါ တစ်ခုဖြစ်တယ်။ ဘုရားကို ဘယ်လောက်ယုံကြည်တယ် ဘယ်လောက် ချစ်တယ်ဆိုတဲ့ အပိုင်းကို စမ်းသပ်နေတာြဖစ်တယ်။ ဘုရားမရှိခိုးရဲ ၊ ဘာမလုပ်ရဲ ၊ ညာမလုပ်ရဲ ကြောက်လွန်း အားကြီးရင်လဲ မကောင်းဘူးပေါ့ ။ ကိုဗစ် စည်းကမ်းအရ အယောက်(၅၀) စုဝေးခွင့်ပေးထားတဲ့အတိုင်းအတာမှာ အခုက (၅)ယောက်တောင် စုဖို့ကြောက်နေ ကြတယ်ဆိုတဲ့ အနေအထားဟာ နည်းနည်းတော့လွန်တယ်ထင်တယ်။ ပြောချင်တာက စည်းကမ်းဉပဒေကို ဖောက်ဖို့ ပြောတာမဟုတ်ဘူး။ သို့သော်လည်း စည်းနဲ့ဘောင် နဲ့အတွင်းကနေ ဘုရားနဲ့ မဝေးဖို့အတွက် အားလုံးကိုပြောချင်ပါတယ်ဟု “ ဆရာတော်က မြွတ်ကြားတော်မူခဲ့ပါသည်။

News By Pinky

 

ဂျေရုဆလင်မြို့တော်သို့ ကိုယ်တော်ရှင် ကြွဝင်လာသည့် အခမ်းအနားကို မေတ္တာပန်းများ ကိုင်ဆောင်ကြလျှက် စီတန်းလှည့်လည်ခြင်း အခမ်းအနားဖြင့် ကျင်းပကြပါသည်။

ပုသိမ်မြို့ စိန့်ပီတာ ကက်သီဒြယ်ကျောင်းတော်ကြီး၌ ကိုဗစ်စည်းကမ်းများနှင့်အညီ မေတ္တာပန်း များ ကိုင်ဆောင်လျှက် ဘုရားကျောင်းတော်ကြီးအတွင်းသို့ ဝင်ဆောင်ခဲ့ ကြပါသည်။

၂၀၂၁ ခုနှစ် ၊ မတ်လ (၂၈) ရက်နေ့က ကျရောက်သော မေတ္တာပန်းတနင်္ဂနွေနေ့ကို ရန်ကုန်နှင့် မန္တလေးမြို့ကဲ့သို့ မြို့ကြီးများမှလွဲ၍ ကျန် နယ်မြို့များ၌ ပုံမှန်အတိုင်းကျင်းပပြုလုပ်ခဲ့ပါသည်။

Add new comment

1 + 0 =