ကက်သလစ် လက်ထပ်ထိန်းမြားခြင်းသည် ထုံးတမ်းစဉ်လာ တခုမဟုတ်ဘဲ ဆုလဒ်တခုဖြစ်ကြောင်း ၂၀၂၂ ခု ကမ္ဘာ့မိသားစုများ အစည်းဝေးတွင် ပါပါးဖရန်စစ် မြွက်ကြား

ကက်သလစ် လက်ထပ်ထိန်းမြားခြင်းသည် ထုံးတမ်းစဉ်လာ တခုမဟုတ်ဘဲ ဆုလဒ်တခုဖြစ်ကြောင်း ၂၀၂၂ ခု ကမ္ဘာ့မိသားစုများ အစည်းဝေးတွင် ပါပါးဖရန်စစ် မြွက်ကြား

လက်ထပ်ထိမ်းများခြင်းသည့် လိုက်နာဖြည့်ဆည်းရမည့် ထုံးစံတခု မဟုတ်ပေ။ ကက်သလစ်တယောက်ဖြစ်၍သော်လည်းကောင်း,စည်းမျဉ်းဥပဒေကို လိုက်နာရန်အတွက်သော်လည်းကောင်း၊ အသင်းတော်​၏သွန်သင်ချက်ကြောင့်သော်လည်းကောင်း ၊ ပါတီပွဲကျင်းပလို၍ သော်လည်း ကောင်းသင်သည် လက်ထပ်ရန်မလို အပ်ပါဟု ဇွန်လ ၂၂ ရက်ကကျင်းပသည့် ကမ္ဘာ့မိသားစုများအစည်းဝေးတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က မြွက်ကြားခဲ့ပါတယ်။

သင့်ရဲ့ လက်ထပ်ခြင်းသည် ကျောက်စိုင်ကဲ့သို့ ခိုင်မာသည့် ခရစ်တော်ရှင်​၏ ချစ်ခြင်းမေတ္တာအပေါ် အခြေခံ၍သာ လုပ်ဆောင်ခြင်းပင်ဖြစ်သည်ဟု လည်း ဆက်မိန့်ကြားခဲ့ပါတယ်။

အမျိူးသားတဦး နှင့် အမျိူးသမီးတဦးတို့ ချစ်ကျွမ်းဝင်ကြသောအခါမှာ ဘုရားရှင်က သူတို့ကို လက်ထပ်ခြင်းဟူသည့်" လက်ဆောင်ကို ကမ်းလှမ်းပေးပါတယ်။ လက်ထပ်ခြင်းသည် ခွန်အားပြည့်ဝသည့် ကြီးမြတ်သော လက်ဆောင်မွန်ပင်ဖြစ်ပြီး သန်မာကြံ့ခိုင်၍ သစ္စာရှိခါ ကျရှံးမှုနှင့် ကွဲအက်ခြင်းတို့နှင့် ကြုံတွေ့ရသောအခါတွင်လည်း ခံနိုင်ရည်စွမ်းရှိသည့် မြင့်မြတ်သည့် ချစ်ခြင်းပင်ဖြစ်ကြောင်း ပါပါးဖရန်စစ်က ဆိုပါတယ်။

ကမ္ဘာ့မိသားစုများအစည်းအဝေးကို ၂၀၂၂ ခုနှစ်တွင် ဗာတီကန်ရှိ Paul Vl ခန်းမတွင် မိသားစုများပွဲတော် နှင့်အတူဖွင့်လှစ်ခဲ့ပါတယ်။ ထိုအစီစဉ်၌ အီတာလျံ ရောခ့် အော်ပရာ trio IL Volo တင်ဆက်မှု့ ဖြင့် သရုပ်ပြတင်ဆက်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ် နှင့်အတူ ကမ္ဘာတဝှမ်းမှ မိသားစု ၂၀၀၀ ခန့် တက်ရောက်ခဲ့ပြီး အိမ်ထောင်စုံတွဲများ​၏ သက်သေခံချက်များ နှင့် အခြားသူများကို အစေခံရာ၌ ရင်ဆိုင်ရာတွငစိန်ခေါ်မှုများကို မယုံနိုင်လောက်စွာ ကျော်လွှားအောင်မြင်မှု ရရှိခဲ့သူတဦးချင်းစီ​၏ အဖြစ်ပျက်များကို နားထောင်ခဲ့ကြသည်။

၁၀ ကြိမ်မြောက် ကမ္ဘာ့မိသားစုများ အစည်းဝေးကို ဇွန် ၂၆ တွင်ပြီးဆုံး ခဲ့ပြီး လက်ထပ်ခြင်းနှင့် မိသားစု နှင့်သက်ဆိုင်သည့် အကြောင်းရာများကို ကက်သလစ်သာမန်လူပုဂ္ဂိုလ် တို့က ၃ ရက်တာ ပြောကြားခဲ့သည်။ ကိုယ်တော်မြတ်ကိုးကွယ်ခြင်း နှင့် မစ္စားပူဇော်ခြင်းများလည်း ပါဝင်ခဲ့သည်။

လက်ထပ်ထိမ်းမြားရာတွင် တဦးကိုတဦး ပေးစပ်ရာ၌ ခွန်အားရှိစေရန် ခရစ်တော်ကိုယ်တိုင်က သူ့ကိုယ်သူ သင့်တို့အား ပေးအပ်ကြောင်း ခွန်အားယူကြပါ ဒါဆိုရင် မိသားစုဘဝဟာ မဖြစ်နိုင်တယ်ဆိုတာ မရှိတော့ပါ ။ လက်ထပ်ထိမ်းမြားခြင်း စက္ကရင်မင်တူးကျေးဇူးတော်ကြောင့် အံ့ဩဖွယ် ခရီးစဉ်ကိုလျောက်လှမ်းရာတွင် မိမိတဦးတည်း မဟုတ်ပဲ ခရစ်တော်ကို ယူဆောင် လျောက်လှမ်းကြပါလို့လည်း ပါပါးကထပ်လောင်းမြွက်ကြား ခဲ့သည်။

မိသားစုဘဝသည် လှပသော စိတ်ကူးယဉ်စံပြ အရာတခုမဟုတ် သလို, အမှန်တကယ်ရရှိရန် မဖြစ်နိုင်သည့် အရာလည်း မဟုတ်ပေ။ ဘုရားရှင်ဟာ သင်တို့နှင့် အတူ ရှိမည်ကို အာမခံချက်ပေးရာတွင် မင်္ဂလာဆောင်သည့် နေ့ တစ်ရက်အတွက်သာမက သင်​၏ဘဝတလျောက်လုံး အတွက်ပါဖြစ်ကြောင်း ၊ နေ့စဉ်လျှောက်လှမ်းနေရသည့် ဘဝအသက်တာ တွင်လည်း ကိုယ်တော်ရှင် ရပ်တည်နေပါကြောင်း ပါပါးဖရန်စစ်က မြွက်ကြားခဲ့သည်။

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

https://bit.ly/3yzRDmr

Add new comment

2 + 12 =