ကက်သလစ် မိခင်တယောက်​၏ဘဝ: မိသားစုဘဝကိုအွန်လိုင်းပေါ်မှ ဝေမျှခြင်း

ကက်သလစ် မိခင်တယောက်​၏ဘဝ: မိသားစုဘဝကိုအွန်လိုင်းပေါ်မှ ဝေမျှခြင်း

ကက်သလစ် မိခင်တယောက်​၏ဘဝ: မိသားစုဘဝကိုအွန်လိုင်းပေါ်မှ ဝေမျှခြင်း

 

Heather Johnson သည် သူမ​၏ခင်ပွန်းဟာ  Eric နှင့် သူတို့​၏သားသမီး ၅ယောက်နှင့်အတူ ဗာဂျီးနီးယား ပြည်နယ်မှာ နေထိုင်လျက်ရှိပါတယ်။ 

သူမခင်ပွန်းသည်ရဲ့  အလုပ်နှင့် သားသမီးတို့အတွက် လှုပ်ရှားရှင်သန်နေထိုင်ရင်း ကက်သလစ် မိခင်များကို ကူညီသည့် လုပ်ငန်းများ၌ပါဝင်ရန် ခေါ်တော်မူခြင်းခံရကြောင်း စတင် ခံစားမိပြီး ဘယ်နေရာပဲသွားသွား ပါဝင်ကူညီလုပ်ဆောင်ရန်ပင်ဖြစ်သည်ဟု Heather မှ ပြောပြပါတယ်။

HEATHER JOHNSON

ယုံကြည်ခြင်းနှင့်အသက်ရှင်သည့် မိခင်ဘဝမျိူး ရှင်သန်နေထိုင်ရန် အကြောင်းကို ပြောပြ ဘို့ ဘုရား ရှင်က ကျွန်မကို အလိုရှိနေတယ်လို့ ခံစားမိပါတယ်၊ ပုံသက်သေကောင်း ပြသူ တယောက်ဖြစ်ရန်၊ ဤကဲ့သိုသော နေထိုင်မှုပုံစံကို လိုအပ်နေသည့် မည်သူ့အတွက်မဆို မျက်စိနှင့် တပ်အပ်မြင်နိုင်သည့် စံနမူနာ ဖြစ်ရန်ပင်ဖြစ်ပါတယ်။

ရလဒ်ကတော့ သူမဟာ " ကက်သလစ် မိခင်တယောက်​၏ဘဝ" အမည်ရှိ ယူကျု့ (YouTube) Channel တခုကို ထူထောင်ခဲ့ပါတယ် ၊ လက်ရှိမှာ ပါဝင်ကြည့်ရှု့သူ ၆၀,၀၀၀ ကျော်ရှိနေပါပြီ” လို့ ဆိုပါတယ်။  

Heather ဟာ သူမရဲ့ ချန်နဲလ်မှ သူမ​၏ သားသမီးများအား ယုံကြည်ခြင်းကို သင်ကြားပေးသည့် အကြောင်းအရာများကိုဆွေးနွေးတင်ပြခြင်း၊ ကလေးများပညာသင်ကြားရေး နှင့်ပါတ်သက်သည့် အကြံဉာဏ်များပေးခြင်းများကို ထုတ်လွှင့်ပြီး ကက်သလစ်များကို ကူညီနေပါတယ်။ ထို့အပြင် စံပြကက်သလစ်အိမ်ထောင်စု တစုဆိုတာ ဘယ်လိုပုံစံမျိူးရှိသင့် တယ်ဆိုတဲ့ အမြင်ရှိလာအောင်လည်း သူမက ကူညီပါသေးတယ်။

Heather ဖြည့်စွက်ပြောဆိုတာကတော့ " မှတ်ချက်များစွာကိုလည်း လက်ခံရရှိပါတယ်၊ လူများ စွာကလည်း ကျမဆီကို e-mail တွေ့ပို့ပြီးပြောကြတာကတော့ သူတို့တွေကလည်း ကက်သလစ် မိသားစုဟာ ဘယ်ပုံစံမျိူးရှိရမယ်ဆိုတာ မသိခဲ့ကြပါ၊ စင်ကြယ်မြင့်မြတ်စွာ ဘယ်လို ရှင်သန် ရမယ်ဆိုတာလည်း မသိခဲ့ပါ၊ ဒါ့ကြောင့် ကျမရဲ့ဝေမျှမှု တွေအတွက် ကျေးဇူးတင်ပါတယ်တဲ့။

မိသားစု အတူတကွ ဆုတောင်းခြင်း ၊ တဦးတွက်တဦး ဆုတောင်းပေးခြင်း တို့ကလည်းယုံကြည်ခြင်းကို မြှင့်တင်ပေးနိုင်ကြောင်း နှင့် အလေ့အကျင့်တခုကို မိဘများမှ အစပြု ကြပါလို့ Heather က အကြံပေးပါတယ်။

"ကျမတို့တွေက ဦးစွာပထမ ဆုတောင်းမေတ္တာလိုအပ်နေတဲ့ အရာရာတိုင်းအတွက် ဆုတောင်းပေးခြင်းနဲ့ အစ ပြုပြီး , အဆုံးမှာတော့ ကျမတို့ မိသားစုအပေါ် ဘုရားရှင်ပေးသနားတဲ့ကျေးဇူး အဖြာဖြာအတွက် ဘုရားရှင်ကို ကျေးဇူးဆပ်တင်ခြင်း ပြုလုပ်ကြပါတယ် " လို့ Heather မှ ဝေမျှပြောဆိုထားတာပါ။

 

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

https://bit.ly/3N0ycHE

 

Add new comment

2 + 2 =