ကက်သလစ်သီလရှင်များ ထိုင်းနိုင်ငံမှချို့တဲ့သူများအားအစားအစာကျွေးမွေးလှူဒါန်း

Sacred Heart of Jesus Sisters congregation, based in Bangkok, serve food to the poor. (Photo supplied)

ကက်သလစ်သီလရှင်များ ထိုင်းနိုင်ငံမှချို့တဲ့သူများအားအစားအစာကျွေးမွေးလှူဒါန်း

ဘန်ကောက်ဂိုဏ်းချုပ်သာသနာအတွင်း၌အမှုတော်ဆောင်နေသော ကက်သလစ်သီလရှင်အ သင်းတစ်သင်းက ချို့တဲ့နွမ်းပါးသူများအား အစားအစာကျွေးမွေးလှူဒါန်မှုကိုစတင်ပြုလုပ်နေပါသည်။ ဤသို့ကျွေးမွေးနိုင်ရန်အတွက် ‘One Hand Meal for One Baht’ (ထမင်းတစ်နပ် တစ်ဘတ်) အစီအစဉ်ဖြင့် ကျွေးမွေးခြင်းဖြစ်သည်။ ဤသီလရှင်အသင်းမှာ ‘ယေဇူးရွှေနှလုံးတော်အသင်း’ သီလရှင်အသင်းဖြစ် သည်။ ယခုကဲ့သို့အတွေးကို ရဟန်းမင်းကြီးဖရန်စစ်ကပေးခဲ့ကြောင်း၊ ရဟန်းမင်းကြီးသည် မိမိတို့၏ သက်တောင့်သက်သာအခြေအနေမှရုန်းထွက်၍ ချို့တဲ့နွမ်းပါးသူတို့၏အခြေခံလိုအပ်ချက်များကိုကူညီ ပေးရန်တိုက်တွန်းခဲ့သည်။ ထိုင်းနိုင်ငံသည် ကိုးဗစ် (၁၉) ကပ်ဆိုးကြီးကိုအလူးအလဲခံရပြီးနောက်လည်းကောင်း၊ စီးပွားရေး ကပ်ပျက်မှုကြောင့်လည်းကောင်း လိုအပ်သူများကိုကူညီရန်အတွက်တွန့်ဆုတ်နေခဲ့သည်။ အတော်များ များအလုပ်မဲ့သွားပြီး ချို့တဲ့သူများဖြစ်သွားခဲ့ကြသည်။ မြို့ပြ၌အလုပ်လုပ်နေသူများ ၄င်းတို့၏ဆင်ခြေဖုံး၊ မြို့ပြင်များ၌ရှိသောလယ်ယာ၊ တောင်ယာများကိုပြန်လည်လုပ်ကိုင်နေကြရသည်။ နိုင်ငံသားအတော် များများသည် ၄င်းတို့း၏ဘ၀ကိုအစမှပြန်စနိုင်ရန် ပိုင်ဆိုင်ရာများကိုရောင်းချနေကြရသည်။ ထိုအခြေအနေမျိုး၌ ဘန်ကောက်တွင်အခြေချနေသော ယေဇူးရွှေနှလုံးတော်သီလရှင်အသင်းက အထက်ကဆိုခဲ့သော လှုပ်ရှားမှုဖြင့်ရံပုံငွေရှာဖွေခဲ့သည်။ ထိုမှရသောအလှူငွေဖြင့် တစ်လတစ်ကြိမ် လူ ပေါင်း (၂၀၀) အား အစားအစာများ‌ေ၀ဌပေးသည်။ ယခုကဲ့သို့ပြုလုပ်ရခြင်း၏အဓိကရည်ရွယ်ချက် (၂) ချက်ရှိသည်။ (၁) Klong Toei တစ်၀ိုက်ရှိ နွမ်းပါးချို့တဲ့ဗုဒ္ဓဘာသာများကိုကူညီရန်၊ (၂) ယုံကြည်မှုမတူသောဘာသာအချင်းချင်း ချစ်ခင်ရင်းနှီးမှုရှိ ရန် ခက်ခဲသောဘ၀အားကူညီခြင်းဖြင့်စတင်ရန်ဖြစ်ပါသည်ဟုဆိုသည်။ ယေဇူးရွှေနှလုံးတော်သီလရှင်အသင်း၏အ ဓိကတမန်တော်လုပ်ငန်းမှာ ပညာရေးဖြစ်သည်။ ထိုင်းနိုင်ငံတစ်၀ှမ်း၌ ကက်သလစ်ကျောင်းများစွာဖွင့် လှစ်ထားသည်။ လူငယ်များကိုလည်း အရည်အချင်းပြည့်၀ပြီး၊ ဆက်ကပ်လိုသောစိတ်ထားမွေးမြူနိုင်ရန် အတွက်လည်း ပြုစုပျိုးထောင်ပေးလျှက်ရှိသည်။ ကက်သလစ်များသာမကဘဲ ဗုဒ္ဓဘာသာမိသားစုများ လည်း ၄င်းတို့၏ကလေးများကို ကက်သလစ်ကျောင်းများ၌လာရောက်အပ်နှံကြသည်။ လွန်ခဲ့သောနှစ် နှစ်ခန့်က အသစ်အဆန်းတစ်ခုဖြစ်ပွားခဲ့သည်။ ထိုအသစ်အဆန်းကား ရဟန်းမင်းကြီးဖရန်စစ်မှ မိမိတို့ ၏အိမ်များ၊ ကျောင်းများမှထွက်၍ ချို့တဲ့နွမ်းပါးသူများကိုကူညီရန်တိုက်တွန်းခဲ့ကြောင်း၊ ထိုတိုက်တွန်း ချက်ကို လက်တွေ့ဖော်ဆောင်ခြင်းဖြစ်ကြောင်း၊ နွမ်းပါးချို့တဲ့သူများအားတွေ့ဆုံကူညီရန် ‌ေ၀း ေ၀းလံလံသွားရန်မလို။ ကျွန်မတို့သီလရှင်ကျောင်းနှင့်နှစ်ပြခန့်သွားလိုက်ချို့တဲ့နွမ်းပါးသည့် ရပ်ကွက်ရှိနေကြောင်း၊ ထိုရပ်ကွက်သည် ဘန်ကောက်၏အကြီးဆုံးချို့တဲ့နွမ်းပါးသူများနေထိုင်သောနေ ရာဖြစ်ကြောင်း၊ ထိုဒေသကို Klong Toei ဟုခေါ်ကြောင်း စစ္စတာရ်များက ကဖြေကြားခဲ့သည်။ ထိုင်နိုင်ငံ၌ (၆.၈) ရာခိုင်းနှုန်းသောလူဦးရေသည် ဆင်းရဲချို့တဲ့သောလူ့အဖွဲ့အစည်းဖြစ်ကြောင်း၊ ဤချို့တဲ့သောလူ့အဖွဲ့အစည်းသည် မြို့ကြီးများ၏ဆင်ခြေဖုံးရပ်ကွက်များ၌တိုး၀င်ရှင်သန်ဖြတ်သန်းနေ ကြသည်။ Klong Toei ထိုဒေသ၌ ဇာဗေးရီးယံသာသနာပြုဘုန်းတော်ကြီးများ၏ကျောင်းရှိသည်။ ၄င်းတို့နှင့်ပူပေါင်၍ အဆိုပါချို့တဲ့နွမ်းပါးသူတို့ကိုကူညီရန် သီလရှင်အသင်း၏အကြီးအကဲက သီလရှင်အ ချို့အားကမ်းလှမ်းခဲ့သည်။ ထိုကမ်းလှမ်းချက်ကိုလက်ခံ၍ သီလရှင်များသည် ထိုရပ်ကွက်သို့သွားရောက် ကြည့်ရူခဲ့သည်။ မိသားစုများနှင့်သိကျွမ်းရင်းနှီးလာသည်။ အလွန်ကြီးမားသောစိန်ခေါ်ချက်ကား အ ကြမ်းဖက်ခြင်း၊ မှုးယစ်ဆေး ချခြင်း၊ အနိုင်ကျင့်မှုအမျိုးမျိုးကိုကျူးလွန်ခြင်း၊ နွမ်းပါးချို့တဲ့ခြင်း၊ အချို့ ကားကုန်းကောက်စရာမရှိအောင်ပင်မွဲနေကြသည်ဟုဆိုသည်။ ရှိနေသောပြဿနာတိုင်းကိုကျွန်မတို့မကိုင်တွယ်မဖြေရှင်းပေးနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အခြားသောအမှုတော်များကိုလည်းဆောင်ရန်ရှိသည်။ သို့သော် နေ့စဉ်စားသောက်နိုင်ရန်အတွက်ရုန်း ကန်နေမှုကိုမူ တတ်နိုင်သလောက်ပါ၀င်ကူညီပေးနိုင်ပါသည်။ ‘ထမင်းတစ်နပ်တဘတ်’ လှုပ်ရှားမှု သည်မဆိုစလောက်သော်လည်း ချို့တဲ့နွမ်းပါးသူများအား ၄င်းတို့သည်စွန့်ပစ်ခံများဖြစ်သည်ဟုမခံစား ရစေရန် ၄င်းတို့သည်ဤလှုပ်ရှားမှု၏တစ်စိတ်တစ်ပိုင်းဖြစ်သည်ကိုလည်းခံစားစေလိုသည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ၌ ဗုဒ္ဓဘာသာအများဆုံးနေထိုင် သောနိုင်ငံဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ဗုဒ္ဓဘာသာဒုတိယအများဆုံးနိုင်ငံဖြစ်သည်။ စင်ကာပူ၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မာလေးရုးဂ’ (၂၀၁၈) ခုနှစ် က GDP (Gross Domestic Product) ၏တန်ဖိုးအဆင့် (၄) တွင် ရှိနေသေးသည်။ (၂၀၁၉) က ထိုင်းနိုင်ငံအတွင်း ကက်သလစ်ဘာသာတူဦး ရေ (၃၈၀၀၀) ဦးရှိသည်။ ထိုင်းနိုင်ငံ၌ ကက်သလစ်ဂိုဏ်းချုပ်သာသနာ (၃) ခု၊ သာသနာအုပ်စုပေါင်း (၉) ခု၊ သာသနာအုပ်စု (၅၀၂) စုရှိသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3r97xjc

Add new comment

2 + 3 =