Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကက်သလစ်သီလရှင်တစ်ပါးသည် ပေါ်တူဂီသိပ္ပံပညာရှင်ဟောင်းတစ်ဉီးဖြစ်ဟုဆို
ကက်သလစ်သီလရှင်တစ်ပါးသည် ပေါ်တူဂီသိပ္ပံပညာရှင်ဟောင်းတစ်ဉီးဖြစ်ဟုဆို
သန့်ရှင်းစင်ကြယ်သော မယ် တော်၏နှလုံးတော်အား သဒ္ဒါ ကြည်ညိုခြင်း အကြောင်း ဖြန့်ဝေပေးနေသော သီလရှင် တစ်ပါးသည် အရင်က ပေါ်တူဂီ သိပ္ပံပညာရှင်ဟောင်းတစ်ဦးဖြစ်ခဲ့သည်။
ဘုရားသခင်အား ဆက်ကပ် အစေခံရန် ခေါ်တော်မူခြင်းခံရခြင်းသည် နားလည်ရခက်သည့်နည်းလမ်းများဖြင့် ရောက်ရှိလာနိုင်သည်။ ထိုအထဲတွင် သိပ္ပံပညာရှင် Sr.Marta Maria da Silva လည်းပါဝင်ပါသည်။
Sr.Maria ၏အသက်တာသည် ဓာတ်ခွဲခန်းမှ သီလရှင်ဖြစ်သင်ကျောင်းသို့ အံ့ဩဖွယ်ကောင်းစွာ သန့်ရှင်းသောဝိညာဉ်တော်အလှုပ်ရှားပြီး လူငယ်များအတွင်း များပြားလှသော နည်းလမ်းများဖြင့် သူတို့ကို ဘုရားသခင်ထံ ပို့ဆောင်နိုင်ပုံကို ပြသသည်။
Sr.Marta သည် ၁၉၇၅ ခုနှစ် Lisbon တွင် ကက်သလစ်မိသားစုမှမွေးဖွားခဲ့ပြီး ကြီးပြင်းလာသည့်အခါ ဘာသာရေးအလွန်အကျွံမရှိခဲ့ကြောင်း၊သို့သော် သူမသည် အသက် ၂၃ နှစ်တွင် စိတ်နှလုံးပိုင်း
ကုသမှုနှင့် ပြောင်းလဲခြင်းကို စတင်ခံစားခဲ့ရကြောင်း၊ထိုအချိန်က သူမသည် ဓာတုအင်ဂျင်နီယာသင်တန်း ပြီးလုနီးပါးချိန်ဖြစ်ကြောင်း၊
သူမသည် ဝိညာဉ်ရေးဆိုင်ရာ အသွင်ကူးပြောင်းမှုကို ခံယူခဲ့သော်လည်း၊ သူမ၏ ရည်ရွယ်ချက်မှာ ဓာတုအင်ဂျင်နီယာတစ်ဦးအဖြစ် ကြယ်ပွင့်ဘဝတစ်ခု ဖြစ်လာရန်ဖြစ်ကြောင်း
ပညာသင်ကြားပြီးနောက် ဆေးဝါးလုပ်ငန်းတွင် အသက် မွေးဝမ်းကြောင်းပြုခဲ့ကာ သူမ၏ မွေးနေ့အကြိုနေ့တွင် သူမသည် စူးစမ်းချင်စိတ်ကြောင့် ဝတ်စောင့်ခြင်းတစ်ခုကိုပါဝင်ရာတွင် သူမ၏အသက်တာကို အကြီး အကျယ်ပြောင်းလဲစေခဲ့သော ခရစ်တော်ကို တွေ့ရှိခဲ့ပြီး သူမသည် သာသနာအမှုများနှင့် ဆုတောင်းပွဲများတွင် တဖြည်း ဖြည်းပါဝင်လာသည်ဟုဆိုသည်။
သူမသည် ခြောက်လအကြာတွင် ဆေးဝါးလုပ်ငန်းမှ နုတ်ထွက်ခဲ့ပြီး လူသားအကျိုးပြု ကောင်း ကျိုးတစ်ခုခုကိုလုပ်လိုသောဆန္ဒကြောင့်ပေါ်တူဂီအားကစားအဖွဲ့အစည်း Lisbon Doping ဓာတ်ခွဲခန်းတွင် သိပ္ပံပညာရှင်တစ်ဦးအဖြစ် ဝင်ငွေ အမြတ် အစွန်းရသော အလုပ်တစ်ခုကို လုပ်ကိုင်ခဲ့ကြောင်း၊ တီထွင်ဆန်းသစ်မှုများဖြင့် လျှင်မြန်စွာ အကောင်အထည် ဖော်နိုင်သည့် အတွက် အသိအမှတ် ပြုခြင်းခံရသူဖြစ်သည်။ သို့သော် ရှစ်နှစ်အကြာတွင် သူမ၏ လုပ်ဆောင်မှုများနှင့် သုတေသနပြုမှုသည် လူဦးရေ အနည်းငယ်မျှသာ အကျိုးသက်ရောက်ကြောင်း သူမ သိရှိလာခဲ့ကြောင်း၊ ထိုအချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် စတင်အလုပ်လုပ်လာပြီး ၂၀၀၇ ခုနှစ်တွင် Arca de Maria Fraternity ဂိုဏ်းကို အမှတ်မထင်တွေ့ရှိလိုက်ခြင်းဖြစ်ကာ ဤဘရာဇီးအသင်းဂိုဏ်း၏ ထူးခြားသောဆုကျေးဇူးက သူမ ကိုနောက်တစ်နှစ်တွင်ပါဝင်ရန်နှိုးဆော်ခြင်းခံရကြောင်း၊
၁၉၁၇ ခုနှစ်တွင် ဖာတီမမြို့ရှိ သိုးထိန်းကလေး သုံးဦးကို ထင်ရှား ခဲ့တုန်းက မယ်တော် ၏တောင်းဆိုချက်ဖြစ်သော သန့်ရှင်းသော သဒ္ဒါ ကြည်ညိုခြင်းကို လူတွေသိအောင် ပြန့်နှံ့စေခဲ့ကြောင်း
သင်္ကန်းယူသည့်အခါတွင် မာတာသည် Sr Lucia Vitoria ဆိုသည့် သီလရှင်ဘွဲ့အမည်ကို ယူခဲ့ကာ ဘရာဇီးတွင် ဖွဲ့စည်းပြီးနောက် သူမအား အီတလီရှိ mission houseသို့ စေလွတ်ခြင်းခံရပြီး မယ်တော်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ သူ့ရဲ့နှလုံးတော်ကို သဒ္ဒါ ကြည်ညိုခြင်းရှိရန်စတင်လုပ် ဆောင်သူဖြစ်ခဲ့သည်။
လက်ရှိတွင် သူမသည် ရောမမြို့ရှိ Pontifical University of the Holy Cross တွင် Moral Theology ဘွဲ့ကို သင်ယူ နေကြောင်း
အသင်းတော်၏ ဥသျှောင်အဖွဲ့မှ အသင်းဂိုဏ်းကိူ ဘုရားစကားသင်ပေးရန် တောင်းဆိုသည့် အခါတွင် သူမကိုရွေးချယ်ပြီး Brazil ရှိ Catholic University of Petropolis တွင် ဓမ္မပညာကို လေ့လာရန် ပညာသင်ဆု ရရှိခဲ့ သော်လည်း ရောမ ရှိ Pontifical University တွင်ပါဝင်တက်ရောက်ရန် သူမ၏ ပါမောက္ခတစ်ဦးမှ အကြံပြုခဲ့သည်ဟုဆိုသည်။
ဘာသာပြန်- RVA Myanmar
Photo courtesy of Shalom World
Add new comment