ကက်သလစ်သာသနာနှင့်စပ်လျင်း၍ မကြာခဏမေးမြန်းလေ့ရှိသောမေးခွန်း (၁၀၀) AI စနစ်မှ ပြန်လည်ဖြေကြားပေးနိုင်

ကက်သလစ်သာသနာနှင့်စပ်လျင်း၍ မကြာခဏမေးမြန်းလေ့ရှိသောမေးခွန်း (၁၀၀) AI စနစ်မှ ပြန်လည်ဖြေကြားပေးနိုင်

လူမှုအသိုင်းအ၀ိုင်း၌ လူအစားထိုး၍ စက်ရုပ်များ၊ နည်းပညာများဖြင့်လုပ်ဆောင်လာမှုများခေတ်ထလာသကဲ့သို့ အမိကက်သလစ်သာသနတော်ကြီးကလည်း အမိသာသနာတော်ကြီးအတွက် သာသနာတော်နှင့်စပ်လျင်း၍မေးမြန်းလို၊ သိလိုသည်များအား နည်းပညာ၏ အကူ အညီရယူ၍မေးမြန်းဖြေကြားသည့်အစီအ စဉ်ကိုစတင်လိုက်ပြီဖြစ်သည်။

ထိုအစီအစဉ်ကို ‘Magisterium AI’ ဟုခေါ်ပါသည်။ ‘Magisterium’ ၏အ နက်ကား ‘သင်ကြားပိုင်ခွင့်အာဏာ’ ဖြစ်သည်။

အမိသာသနာတော်ကြီး၏ အဓိကအချက်ကြီး (၃) ချက်ဖြစ် သော (၁) သမ္မာကျမ်းစာ၊ (၂) သန့်ရှင်းသောရှေးထုံးစဉ်လာ၊ (၃) သွန်သင်ပိုင်ခွင့်အာဏာတို့အနက် တတိယ တစ်ချက်ကိုညွှန်းဆိုခြင်းဖြစ်သည်။

‘AI’ ၏အရှေကောက်မှာ ‘artificial intelligence’ ဖြစ်ပြီး လူအစားသုံး ထားသောနည်းပညာကိုဆိုလိုခြင်းဖြစ်သည်။ ဤပရိုဂရမ်သည် ကက်သလစ်သာသနာတော်ကြီးနှင့်စပ်လျင်း၍ မေးလိုသမျှ၊ သိလိုသမျှမေးမြန်းနိုင်သည်။

ဤပရိုဂရမ်ကိုအသုံးပြုရခြင်းမှာ ကက်သ လစ်သာသနာတော်ကြီးနှင့်စပ်လျင်း၍ မိမိတို့သိလိုသောအခြေခံယုံကြည်ရာအချက်၊ သွန်သင်ချက်မျကိုလွယ်ကူလျှင်မြန်စွာမည်သည့်နေရာ၊ မည်သည့်အချိန်၌မဆိုလေ့လာ သိရှိနိုင်ရန်ဖြစ်သည်။

ကက်သလစ်သာသနာတော်ကြီးသည် သိ ပ္ပံ၊ နည်းပညာနှင့်စပ်လျင်း၍ရှည်လျားသောသမိုင်းကြောင်းရှိသည်။ ဤပရိုဂရမ်သည် စတင်မိတ်ဆက်သောအဆင့်၌ရောက်ရှိနေပြီဖြစ်သည်။

သာသနာ၏သွန်သင်ချက်များနှင့်ရဟန်းမင်းကြီးတို့၏စာချွန်တော်များကိုလည်းရှာဖွေဖတ်ရူနိုင်သည်။ သို့သော် လက်ရှိ၌မူ ‘ Deus Caritas Est၊ Lumen Gentium’ တို့ကဲ့သို့သော ဘုရားစကားနှင့်ဧ၀ံဂေလိတရားပြန့်ပွားရေးနှင့်ဆိုင်သောစာ ချွန်တော်များကိုသာဖတ်ရူနိုင်ဦးမည်သာဖြစ်သည်။

ဤပရိုဂရမ်သည် ယနေ့မျက်မှောက်ခေတ်၌ ယုံကြည်ခြင်နှင့်သိပ္ပံတို့၏ဒွန်တွဲလိုက်ဖက်မှု၏ပြယုဂ်ပင်ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bitly.ws/PVrG

Add new comment

7 + 6 =