ကက်သလစ်သာသနာတော်ကြီးနှင့်လက်တွဲလုပ်ဆောင်ရသည့်အတွက်ဂုဏ်ယူကြောင်း ဗာတီကန် အတွက်ဗြိတိန်သံအမတ်သစ်ကပြောကြား

ကက်သလစ်သာသနာတော်ကြီးနှင့်လက်တွဲလုပ်ဆောင်ရသည့်အတွက်ဂုဏ်ယူကြောင်း ဗာတီကန် အတွက်ဗြိတိန်သံအမတ်သစ်ကပြောကြား

            ဗာတီကန်အတွက် ဗြိတိန်နိုင်ငံ၏သံအမတ်သစ်၏အမည်မှာ Christopher John Trott ဖြစ်သည်။ ရဟန်းမင်း ကြီးဖရန်စစ်က သူ့အားပြီးခဲ့သော စနေနေ့နံနက်ပိုင်းက လက်ခံ တွေ့ ဆုံခဲ့သည်။ ဗာတီကန်အားတင်လျှောက်သောသူ ၏သ၀တ်လွှာ၌ ‘ကျွန်ုပ်အနေဖြင့် ဗာတီကန်အား ကျွန်ုပ်၏သံအမတ်ခန့်အပ်လွှာကို ရဟန်းမင်းကြီးဖရန်စစ်အား ယ နေ့နံနက် ပေးအပ်လိုက်ရ၍ အလွန်ဂုဏ်ယူရပါကြောင်း၊ ယနေ့သည် ကျွန်ုပ်၏သံတမန်သက်တမ်း၌ အမှတ်ရစရာ တစ်ခုဖြစ်ကျန်ရစ်မည်ဖြစ်ကြောင်း၊ ကျွန်ုပ်အနေဖြင့် ဗြိတိန်နှင့်ဗာတီကန်ကြား အလွန်ထူးခြားကောင်းမွန်သောဆက် ဆံရေးကိုတည်ဆောက်နိုင်အောင် ကျွန်ုပ်တာ၀န်ရှိ နေစဉ်ကာလ ၌ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ်၏ ရဟန်းမင်းကြီး သက်တမ်းတစ်လျှောက်၌ ကမ္ဘာ့အရေးနှင့်ပတ်သက်၍ မမောမပန်းနိုင်အောင်အမှုတော် ထမ်းနေခဲ့ ကြောင်း၊ ထို့ကြောင့် အတူလက်တွဲလုပ်ဆောင်နိုင်သည့်အမှုများနှင့်ပတ်သက်၍ ကျွန်ုပ်အတွက် ရဟန်းမင်းကြီးဖရန် စစ်နှင့်အတူအလုပ်လုပ်ရသည်မှာ ထူးခြားသောအခွင့် အရေးကောင်းတစ်ရပ်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဆင်းရဲသား ပပျောက်ရေး၊ ရာသီဥတု ပြောင်းလဲမူ၊ ပဋိပက္ခများကိုကြိုတင်ကာကွယ်ခြင်း၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့်ဘာ သာရေးလွတ်လပ်မူရှိခြင်းနှင့်လွတ်လပ်စွာသက်၀င်ယုံကြည်စေမှုတို့ဖြစ်သည်။        

ဗာတီကန်အတွက် ဗြိတိန်နိုင်ငံ၏သံအမတ်သစ် Christopher John Trott  ကိုယ်ရေးအကျဉ်း

            လက်ရှိတာ၀န်ကိုမထမ်းဆောင်မီကပင် သူသည်ဗြိတိန်၏သံတမန်အဖြစ် (၁၉၉၁) ခုနှစ်ကစ၍တာ၀န်ထမ်း ဆောင်နေခဲ့သည်။ လက်ရှိတာ၀န်ကိုပြောင်းရွေ့မထမ်းဆောင်မီက သူသည် ဆူဒန်နှင့်တောင်ဆူဒန်၏ဗြိတိန်ကိုယ်စား လှယ်အဖြစ် (၂၀၁၆-၂၀၁၉) အထိတာ၀န် ထမ်းဆောင်ခဲ့သည်။ ထို့နောက်တောင်ဆူဒန်၏သံအမတ်အဖြစ် (၂၀၁၉) မှ (၂၀၂၀) အထိ ထမ်းဆောင်ခဲ့သည်။ သူသည်မြန်မာ၊ ဂျပန်၊အာဖကန်နစ္စတန်၊ တောင်ပစိဖိတ်နှင့် အာဖရိက အနောက် နှင့်တောင်ပိုင်းတို့တွင်လည်းတာ၀န်ထမ်းဆောင်ခဲ့ဖူးသည်။ (၂၀၀၇) ၌ဆီနီဂေါလ် သို့ လည်းကောင်း၊ ဂွီနီးယားဘီ ဆောက်၊ Cape Verde၊ Mali တို့၏တာ၀န်ခံအဖြစ် လည်းကောင်းထမ်းဆောင်ခဲ့သည်။ (၂၀၁၁) ခုနှစ်၌မူအာဖရိက တောင်ပိုင်း၊ Cape Town ၏အကြံပေးအဖြစ်လည်းကောင်း၊ စောလမွန်ကျွန်း၊ Vanuatu ၊ Nauru တို့၌လည်းကောမရှင်နာ အဖြစ်ထမ်းဆောင်ခဲ့သည်။ နိုင်ငံခြား၌ တာ၀န်များစွာကိုထမ်းဆောင်ခဲ့ပြီး၊ လန်ဒန်၌ ဘဏ္ဍရေး၀န်ကြီးအဖြစ်လည်းထမ်း ဆောင်ခဲ့သည်။    

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်     

https://bit.ly/3naJcbJ

Add new comment

5 + 1 =