ကက်သလစ်လူမှုကွန်ယက်အစည်းအဝေး ဖိလစ်ပိုင်သာသနာ၌ ဤလတွင်ကျင်းပမည်

ကက်သလစ်လူမှုကွန်ယက်အစည်းအဝေး ဖိလစ်ပိုင်သာသနာ၌ ဤလတွင်ကျင်းပမည်

ဖိလစ်ပိုင်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သည် နို၀င်ဘာ (၂၆-၂၇) ၌ ‘ကက်သလစ်လူမှုကွန်ရက်" အစည်းအဝေးကို ကျင်းပမည်ဖြစ်သည်။

ဤအစည်းအဝေး ၏ ရည် ရွယ်ချက်မှာ လူမှုကွန်ရက်ကိုအသုံး ပြုခြင်းသည် ဧ၀ံ ဂေလိတရားပြန့်ပွားစေရန်အလွန်ထိရောက်သောနည်းလမ်းဖြစ် ကြောင်းသိရှိစေရန်ဖြစ်သည်ဟုဆိုသည်။

အစည်းအ ဝေး အနေဖြင့် တက်ရောက်လာကြမည့်သူများအား လူမှုကွန်ရက်၏နောက်ဆုံးရသတင်းအချက်အလက်များကို ‌ေ၀မျှရန်၊ ဤသို့သိရှိပြီးနောက် မိမိတို့၏သာသနာပြုသည့်နည်းလမ်းများကိုလည်း ပြုပြင်လုပ်ဆောင်ရန်နှင့်လူမှုကွန်ရက်ကိုအသုံးပြုသည့်အခါ ကက်သ လစ်မီဒီယာ၏ကျင့်၀တ်နှင့်အညီဆောင်ရန်၊ ရှောင်ရန်တို့ကိုအသိပေးရန်ဖြစ်သည်။

ဤအစည်းအဝေး သို့ပို့ချ‌ေ၀မျှမည့်သူများမှာ ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ သာသနာအသီးသီးမှ နည်းပညာပိုင်း၌ကျွမ်းကျင်လူငယ်ပညာရှင်များ၊ လူမှုကွန်ရက်ပိုင်းတတ်သိနားလည်သူများပါ၀င်ကြမည်ဖြစ်သည်။

ဤအစည်းအဝေး ၌ သာသနာပြုရာတွင်မည်သည့်နည်းလမ်းများကိုအသုံးပြုနိုင်သည်၊ လက်ရှိလူမှုကွန်ရက်စီးကြောင်းနှင့်၄င်းတို့၏လွှမ်းမိုးမှုများကိုသုံးသပ်ပြီး လူမှုကွန်ရက် အသုံးပြုသူတို့အား ဤလူမှုကွန်ရက်အားဖြင့်သာသနာကိုလည်းကောင်း၊ အမှန်တရားကိုလည်းကောင်း၊ မတရားမှုများကိုလည်းကောင်း အဘယ်သို့ကာကွယ်ရမည်တို့ကိုလည်းကောင်း၊ သတင်းအမှားများဖြန့်‌ေ၀ခြင်းကိုလည်းကောင်းအဘယ်သို့ကာကွယ်၍ သတင်းမှန်များကိုလည်း အချိန်မှီအဘယ် သို့တင် ပြရမည်တို့ကိုလည်းထည့်သွင်းသွားမည်ဖြစ်ကြောင်းစီစဉ်သူကပြောသည်။

အွန်လိုင်းကက်သလစ်မီဒီယာအဖွဲ့များဖွဲ့စည်းနိုင်ရေး၊ ဖေ့စ်ဘွတ်ခ်ကို ကက်သလစ်မီဒီယာကျင့်၀တ်နှင့်အညီအကျိုးရှိစွာအဘယ်သို့အသုံးချရေး၊ မှုပိုင်ကိစ္စများအကြောင်းကိုလည်းထည့်သွင်းဆွေးနွေးသွားမည်ဖြစ်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3NCF6EE

 

Add new comment

7 + 5 =